အရှုံးခံပြီးရောင်းဖို့ အာဆင်နယ်ပြင်ဆင်နေပေမယ့် ခေါ်မယ့်အသင်းမရှိဘဲဖြစ်နေတဲ့ ပီပီ

အာဆင်နယ်အသင်းဟာ ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ တောင်ပံတိုက်စစ်ကစားသမား

ပီပီကို အရှုံးခဲ့ပြီးရောင်းဖို့စီစဉ်နေပေမယ့် သူ့ကိုခေါ်ယူမယ့်အသင်းမရှိဘဲဖြစ်နေပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၁၉ ခုနှစ်တုန်းက လိုင်လီအသင်းမှာခြေစွမ်းပြနေတဲ့ပီပီကို

ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်(၇၂)သန်းအထိ ပေးပြီးတော့

ခေါ်ယူခဲ့တာဖြစ်ပမေယ့် အာဆင်နယ်ကစားသမားဘဝတစ်လျှောက်မှာ

ပီပီဟာ ရုန်းကန်ခဲ့ရတာကြောင့် အသင်းက သူ့ကိုပြန်လည်ရောင်းချဖို့

စီစဉ်နေတာပါ။ အာဆင်နယ်အသင်းအနေနဲ့ အသက်(၂၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့

အိုင်ဗရီကို့စ်လက်ရွေးစင်ကစားသမားပီပီကို သူတို့အသုံးပြုခဲ့တဲ့ပြောင်းရွှေ့ကြေးထက်

ထက်ဝက်ကျော်ပမာဏဖြစ်တဲ့ ပေါင်(၂၅)သန်းနဲ့ရောင်းချလိုနေပေမယ့်

သူ့ကို ခေါ်ယူလိုတဲ့အသင်းတွေမရှိသေးဘူးလို့ football.london

ဝက်ဘ်ဆိုက်ကဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ပီပီဟာ အာဆင်နယ်အသင်းနဲ့

၂၀၂၄ခုနှစ်အထိစာချုပ်ကျန်ရှိနေတာကြောင့် အာဆင်နယ်အသင်းအနေနဲ့

ပီပီကို ရောင်းချဖို့ ခက်ခဲမယ့်အနေအထားပါပဲ။

ပီပီဟာ ဒီရာသီမှာအသင်းအတွက်ပွဲထွက်ခွင့်ပျောက်ဆုံးနေပြီး နောက်ဆုံးကစားခဲ့တဲ့

ပရီးမီးယားလိဂ်(၃)ပွဲမှာ စုစုပေါင်း(၅)မိနစ်သာကစားခွင့်ရခဲ့သလို

ပရီးမီးယားလိဂ်(၇)ပွဲကစားပြီးချိန်မှာလည်း တစ်ဂိုးမှမသွင်းနိုင်ခဲ့ပါဘူး။

အဲဒါကြောင့် အာဆင်နယ်အသင်းတာဝန်ရှိသူတွေက အသင်းမှာရုန်းကန်နေရတဲ့

ပီပီရဲ့အနေအထားအပေါ် စိတ်ရှည်သည်းခံမှုကုန်ဆုံးနေတဲ့အပြင်

အခုလောလောဆယ် အသင်းတိုက်စစ်ပိုင်းမှာလည်း စမစ်ရိုး၊

ဆာကာတို့ခြေစွမ်းပြနေတာကြောင့် ပီပီအတွက် ပွဲထွက်ကစားခွင့်ရဖို့က

မျှော်လင့်ချက်မရှိဖြစ်နေပါတယ်။

အာတီတာဟာ ပီပီကို ရောင်းချပြီးရင် ရလာတဲ့ငွေကြေးနဲ့

တိုက်စစ်ပိုင်းအတွက် အားဖြည့်ဖို့ဆန္ဒရှိနေပြီး

ဂျူဗင်တပ်စ်လူငယ်တိုက်စစ်ကစားသမား ကူလူဆက်ဗ်စကီးကိုခေါ်ယူဖို့

ပစ်မှတ်ထားနေပါတယ်။ ဒါပေမဲ့လည်း ကူလက်ဆက်ဗ်စကီးကို

လန်ဒန်ပြိုင်ဘက် စပါးအသင်းကလည်း စိတ်ဝင်စားနေတာကြောင့်

အာဆင်နယ်အသင်းအနေနဲ့အပြိုင်ကြိုးပမ်းရဖို့ရှိနေပါပြီ။

zawgyi

အရႈံးခံၿပီးေရာင္းဖို႔ အာဆင္နယ္ျပင္ဆင္ေနေပမယ့္ ေခၚမယ့္အသင္းမရွိဘဲျဖစ္ေနတဲ့ ပီပီ

အာဆင္နယ္အသင္းဟာ ေျခစြမ္းျပဖို႔႐ုန္းကန္ေနရတဲ့ ေတာင္ပံတိုက္စစ္ကစားသမား

ပီပီကို အရႈံးခဲ့ၿပီးေရာင္းဖို႔စီစဥ္ေနေပမယ့္ သူ႔ကိုေခၚယူမယ့္အသင္းမရွိဘဲျဖစ္ေနပါတယ္။

အာဆင္နယ္အသင္းဟာ ၂၀၁၉ ခုႏွစ္တုန္းက လိုင္လီအသင္းမွာေျခစြမ္းျပေနတဲ့ပီပီကို

ကလပ္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္(၇၂)သန္းအထိ ေပးၿပီးေတာ့

ေခၚယူခဲ့တာျဖစ္ပေမယ့္ အာဆင္နယ္ကစားသမားဘဝတစ္ေလွ်ာက္မွာ

ပီပီဟာ ႐ုန္းကန္ခဲ့ရတာေၾကာင့္ အသင္းက သူ႔ကိုျပန္လည္ေရာင္းခ်ဖို႔

စီစဥ္ေနတာပါ။ အာဆင္နယ္အသင္းအေနနဲ႔ အသက္(၂၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္တဲ့

အိုင္ဗရီကို႔စ္လက္ေ႐ြးစင္ကစားသမားပီပီကို သူတို႔အသုံးျပဳခဲ့တဲ့ေျပာင္းေ႐ႊ႕ေၾကးထက္

ထက္ဝက္ေက်ာ္ပမာဏျဖစ္တဲ့ ေပါင္(၂၅)သန္းနဲ႔ေရာင္းခ်လိုေနေပမယ့္

သူ႔ကို ေခၚယူလိုတဲ့အသင္းေတြမရွိေသးဘူးလို႔ football.london

ဝက္ဘ္ဆိုက္ကေဖာ္ျပခဲ့ပါတယ္။ ဒါ့အျပင္ ပီပီဟာ အာဆင္နယ္အသင္းနဲ႔

၂၀၂၄ခုႏွစ္အထိစာခ်ဳပ္က်န္ရွိေနတာေၾကာင့္ အာဆင္နယ္အသင္းအေနနဲ႔

ပီပီကို ေရာင္းခ်ဖို႔ ခက္ခဲမယ့္အေနအထားပါပဲ။ ပီပီဟာ ဒီရာသီမွာ

အသင္းအတြက္ပြဲထြက္ခြင့္ေပ်ာက္ဆုံးေနၿပီး ေနာက္ဆုံးကစားခဲ့တဲ့

ပရီးမီးယားလိဂ္(၃)ပြဲမွာ စုစုေပါင္း(၅)မိနစ္သာကစားခြင့္ရခဲ့သလို

ပရီးမီးယားလိဂ္(၇)ပြဲကစားၿပီးခ်ိန္မွာလည္း တစ္ဂိုးမွမသြင္းႏိုင္ခဲ့ပါဘူး။

အဲဒါေၾကာင့္ အာဆင္နယ္အသင္းတာဝန္ရွိသူေတြက အသင္းမွာ႐ုန္းကန္ေနရတဲ့

ပီပီရဲ႕အေနအထားအေပၚ စိတ္ရွည္သည္းခံမႈကုန္ဆုံးေနတဲ့အျပင္

အခုေလာေလာဆယ္ အသင္းတိုက္စစ္ပိုင္းမွာလည္း စမစ္႐ိုး၊

ဆာကာတို႔ေျခစြမ္းျပေနတာေၾကာင့္ ပီပီအတြက္ ပြဲထြက္ကစားခြင့္ရဖို႔က

ေမွ်ာ္လင့္ခ်က္မရွိျဖစ္ေနပါတယ္။ အာတီတာဟာ ပီပီကို ေရာင္းခ်ၿပီးရင္

ရလာတဲ့ေငြေၾကးနဲ႔တိုက္စစ္ပိုင္းအတြက္ အားျဖည့္ဖို႔ဆႏၵရွိေနၿပီး

ဂ်ဴဗင္တပ္စ္လူငယ္တိုက္စစ္ကစားသမား ကူလူဆက္ဗ္စကီးကိုေခၚယူဖို႔

ပစ္မွတ္ထားေနပါတယ္။ ဒါေပမဲ့လည္း ကူလက္ဆက္ဗ္စကီးကို

လန္ဒန္ၿပိဳင္ဘက္ စပါးအသင္းကလည္း စိတ္ဝင္စားေနတာေၾကာင့္

အာဆင္နယ္အသင္းအေနနဲ႔အၿပိဳင္ႀကိဳးပမ္းရဖို႔ရွိေနပါၿပီ။