
ပီအက်စ်ဂျီအသင်းက လက်ရှိလီဂူး ၁ ချန်ပီယံလိုင်လီကို ၅-၁ နဲ့နိုင်ခဲ့တဲ့ပွဲမှာ
ဘာပေရော မက်ဆီပါခြေစွမ်းပြနိုင်ခဲ့ပေမယ့်
ဒီပွဲက ဘာပေ ရဲ့လုပ်ရပ်တစ်ခုကို ပရိသတ်တွေကမကျေမနပ်ဖြစ်နေပြီး
အရွယ်နဲ့မလိုက်အောင် တကိုယ်ကောင်းဆန်တဲ့သူ လို့
အွန်လိုင်းပေါ်ကနေဝေဖန်ခဲ့ကြပါတယ်။
ဒီပွဲမှာပီအက်စ်ဂျီကခြေစွမ်းအသာစီးနဲ့ ကစားနိုင်ခဲ့ပြီး
ဦးဆောင်ဂိုးလည်းသွင်း ယူနိုင်ခဲ့တာပါ။
သူတို့က ၂-၁ နဲ့ဦးဆောင်နေချိန်မှာ ဘာပေဟာ လိုင်လီကွင်းရဲ့
အလယ်လောက်ကနေဘောလုံးရရှိခဲ့ပါတယ်။
ဒါကိုသူဆွဲပြေးလာရာမှာ ဂိုးဧရိယာထိပ်မှာလူကပ်ခံထားရခြင်းမရှိတဲ့
မက်ဆီကိုထိုးပေးရင် ရရဲ့သားနဲ့ ဆက်ပြီးဆွဲပြေးခဲ့လို့
လူကျပ်သွားပြီး ဘောလုံးပျက်သွားပါတယ်။
ဒါပေမယ့် ကံကောင်းခြင်တော့ လိုင်လီနောက်ခံလူတွေနဲ့ထိထွက်ရာကနေ
မက်ဆီရဲ့လမ်းကြောင်းထဲရောက်ရှိသွားပြီး ကန်သွင်းနိုင်ခဲ့လို့
၃၈ မိနစ်မှာ တတိယဂိုးရရှိသွားခဲ့တာပါ။
ဒီဂိုးကြောင့် ပီအက်စ်ဂျီက ၃-၁ ဖြစ်ခဲ့ပေမယ့် ပရိသတ်တွေကတော့
ဘာပေ ရဲ့လုပ်ရပ်ကိုမကျေနပ်ကြဘဲ အစောပိုင်းကတည်း က
ဘောလုံးထိုးပေးရင် ရရဲ့သားနဲ့ မလုပ်ခဲ့တာကြောင့်
တကိုယ်ကောင်းဆန်သူအဖြစ် ဝေဖန်ခဲ့ကြတာပါ။
ဒါကြောင့်လည်း တွစ်တာအသုံးပြုသူတွေအကြားမှာ
မကျေနပ်တဲ့အသံတွေထွက်လာပါတယ်။
ဒါတွေကိုကြည့်ရင်” မက်ဆီကတော့ အလွယ် တကူနဲ့ဘဲ ဂိုးသွင်းနိုင်ခဲ့တာပါ။
ဒါပေမယ့်ဘာပေ ဟာသူ့လုပ်ရပ်ကြောင့်ရုန်းကန်ခဲ့ရသလို
တကိုယ်ကောင်းဆန်တာကို လည်းတွေ့ခဲ့ရတယ်”၊
“ဘာပေ ဘယ်လောက်တကိုယ်ကောင်းဆန်ခဲ့သလဲဆိုတာ ခင်ဗျားတို့မြင်ကြမှာပေါ့”၊
“ဘာပေဟာဒီ ဂိုးကြောင့် ဖန်တီးမှုမှတ်တမ်းရခဲ့ပေမယ့်
သူ့ကိုယ်သူကမ္ဘာ့အကောင်းဆုံးဖြစ်အောင်လုပ်ပြခဲ့တာကတော့ စိတ်ပျက်စရာဘဲ”၊
“ဘာပေ ရုန်းကန်နေရတုန်းဘဲ၊ သူဟာမက်ဆီကိုဘောလုံးပေးဖို့ ငြင်းပယ်ခဲ့တယ်။
အရွယ်နဲ့တောင်မလိုက်ဘူး”၊” အံ့အား သင့်စရာဘဲ။
ဘာပေလုပ်ပုံက[what the f**k] ဘဲ”လို့ ဆိုခဲ့ကြပါတယ်။
ဒီအထဲမှာတစ်ဦးကတော့ ဘာပေ ကိုပညာပေးတဲ့သဘောမျိုးနဲ့
အခုလိုရေးပြခဲ့ပါတယ်။ သူက” ဘာပေက အရည်အသွေးမြင့် တဲ့သူဘဲ။
ဒါပေမယ့်သူ့ပုံစံကိုမကြိုက်ဘူး။ မလိုအပ်ဘဲတကိုယ်ကောင်းဆန်တဲ့
ဘယ်ကစားသမားမျိုးကိုမဆိုလည်းမနှစ်သက် ဘူး။
အသင်းဖော်ကိုပေးလို့ရတဲ့အချိန်မှာ ဦးတည်ချက်မရှိဘဲလျှောက်ပြေးနေတာဟာ
ဘာအဓိပ္ပါယ်မှလည်းမရှိဘူး” လို့ ရေးသားခဲ့ပါတယ်။
မက်ဆီဟာ ပီအက်စ်ဂျီအတွက်လက်ရှိအချိန်အထိ
လီဂူး ၁ မှာ ၂ ဂိုးသာသွင်းထားနိုင်ပေမယ့်
ဂိုးဖန်တီး မှုကတော့ ၆ ကြိမ်အထိရရှိထားပါတယ်။
zawgyi
အ႐ြယ္နဲ႔မလိုက္ေအာင္ တကိုယ္ေကာင္းဆန္သူလို႔ ေဝဖန္ခံေနရတဲ့ ဘာေပ
ပီအက္စ္ဂ်ီအသင္းက လက္ရွိလီဂူး ၁ ခ်န္ပီယံလိုင္လီကို ၅-၁ နဲ႔ႏိုင္ခဲ့တဲ့ပြဲမွာ
ဘာေပေရာ မက္ဆီပါေျခစြမ္းျပႏိုင္ခဲ့ေပမယ့္
ဒီပြဲက ဘာေပ ရဲ႕လုပ္ရပ္တစ္ခုကို ပရိသတ္ေတြကမေက်မနပ္ျဖစ္ေနၿပီး
အ႐ြယ္နဲ႔မလိုက္ေအာင္ တကိုယ္ေကာင္းဆန္တဲ့သူ လို႔
အြန္လိုင္းေပၚကေနေဝဖန္ခဲ့ၾကပါတယ္။
ဒီပြဲမွာပီအက္စ္ဂ်ီကေျခစြမ္းအသာစီးနဲ႔ ကစားႏိုင္ခဲ့ၿပီး
ဦးေဆာင္ဂိုးလည္းသြင္း ယူႏိုင္ခဲ့တာပါ။
သူတို႔က ၂-၁ နဲ႔ဦးေဆာင္ေနခ်ိန္မွာ ဘာေပဟာ လိုင္လီကြင္းရဲ႕
အလယ္ေလာက္ကေနေဘာလုံးရရွိခဲ့ပါတယ္။
ဒါကိုသူဆြဲေျပးလာရာမွာ ဂိုးဧရိယာထိပ္မွာလူကပ္ခံထားရျခင္းမရွိတဲ့
မက္ဆီကိုထိုးေပးရင္ ရရဲ႕သားနဲ႔ ဆက္ၿပီးဆြဲေျပးခဲ့လို႔
လူက်ပ္သြားၿပီး ေဘာလုံးပ်က္သြားပါတယ္။
ဒါေပမယ့္ ကံေကာင္းျခင္ေတာ့ လိုင္လီေနာက္ခံလူေတြနဲ႔ထိထြက္ရာကေန
မက္ဆီရဲ႕လမ္းေၾကာင္းထဲေရာက္ရွိသြားၿပီး ကန္သြင္းႏိုင္ခဲ့လို႔
၃၈ မိနစ္မွာ တတိယဂိုးရရွိသြားခဲ့တာပါ။
ဒီဂိုးေၾကာင့္ ပီအက္စ္ဂ်ီက ၃-၁ ျဖစ္ခဲ့ေပမယ့္ ပရိသတ္ေတြကေတာ့
ဘာေပ ရဲ႕လုပ္ရပ္ကိုမေက်နပ္ၾကဘဲ အေစာပိုင္းကတည္း က
ေဘာလုံးထိုးေပးရင္ ရရဲ႕သားနဲ႔ မလုပ္ခဲ့တာေၾကာင့္
တကိုယ္ေကာင္းဆန္သူအျဖစ္ ေဝဖန္ခဲ့ၾကတာပါ။
ဒါေၾကာင့္လည္း တြစ္တာအသုံးျပဳသူေတြအၾကားမွာ
မေက်နပ္တဲ့အသံေတြထြက္လာပါတယ္။
ဒါေတြကိုၾကည့္ရင္” မက္ဆီကေတာ့ အလြယ္ တကူနဲ႔ဘဲ ဂိုးသြင္းႏိုင္ခဲ့တာပါ။
ဒါေပမယ့္ဘာေပ ဟာသူ႔လုပ္ရပ္ေၾကာင့္႐ုန္းကန္ခဲ့ရသလို
တကိုယ္ေကာင္းဆန္တာကို လည္းေတြ႕ခဲ့ရတယ္”၊
“ဘာေပ ဘယ္ေလာက္တကိုယ္ေကာင္းဆန္ခဲ့သလဲဆိုတာ ခင္ဗ်ားတို႔ျမင္ၾကမွာေပါ့”၊
“ဘာေပဟာဒီ ဂိုးေၾကာင့္ ဖန္တီးမႈမွတ္တမ္းရခဲ့ေပမယ့္
သူ႔ကိုယ္သူကမာၻ႔အေကာင္းဆုံးျဖစ္ေအာင္လုပ္ျပခဲ့တာကေတာ့ စိတ္ပ်က္စရာဘဲ”၊
“ဘာေပ ႐ုန္းကန္ေနရတုန္းဘဲ၊ သူဟာမက္ဆီကိုေဘာလုံးေပးဖို႔ ျငင္းပယ္ခဲ့တယ္။
အ႐ြယ္နဲ႔ေတာင္မလိုက္ဘူး”၊” အံ့အား သင့္စရာဘဲ။
ဘာေပလုပ္ပုံက[what the f**k] ဘဲ”လို႔ ဆိုခဲ့ၾကပါတယ္။
ဒီအထဲမွာတစ္ဦးကေတာ့ ဘာေပ ကိုပညာေပးတဲ့သေဘာမ်ိဳးနဲ႔
အခုလိုေရးျပခဲ့ပါတယ္။ သူက” ဘာေပက အရည္အေသြးျမင့္ တဲ့သူဘဲ။
ဒါေပမယ့္သူ႔ပုံစံကိုမႀကိဳက္ဘူး။ မလိုအပ္ဘဲတကိုယ္ေကာင္းဆန္တဲ့
ဘယ္ကစားသမားမ်ိဳးကိုမဆိုလည္းမႏွစ္သက္ ဘူး။
အသင္းေဖာ္ကိုေပးလို႔ရတဲ့အခ်ိန္မွာ ဦးတည္ခ်က္မရွိဘဲေလွ်ာက္ေျပးေနတာဟာ
ဘာအဓိပၸါယ္မွလည္းမရွိဘူး” လို႔ ေရးသားခဲ့ပါတယ္။
မက္ဆီဟာ ပီအက္စ္ဂ်ီအတြက္လက္ရွိအခ်ိန္အထိ
လီဂူး ၁ မွာ ၂ ဂိုးသာသြင္းထားႏိုင္ေပမယ့္
ဂိုးဖန္တီး မႈကေတာ့ ၆ ႀကိမ္အထိရရွိထားပါတယ္။