
တိုက်စစ်မှူးလူကာကူးကို ချဲလ်ဆီးနည်းပြသောမတ်တူချဲလ်က
စကားပြောဆိုဆွေးနွေးခဲ့ပြီးနောက်မှာတော့ စပါးနဲ့ကစားရမယ့်
လိဂ်ဖလားဆီမီး ပထမအကျော့ပွဲစဥ္အတွက် ပြန်လည်ခေါ်ယူတော့မယ်လို့ သိရပါတယ်။
လူကာကူးဟာ ချဲလ်ဆီးရဲ့ ခွင့်ပြူချက်မရဘဲ အီတလီရုပ်သံနဲ့
အင်တာဗျူးပြုလုပ်ခဲ့သလို အဲ့ဒိအင်တာဗျူးမှာ ချဲလ်ဆီးမှာ
မပျော်တော့ဘူးလို့ ထုတ်ပြောခဲ့တာပါ။
နည်းပြတူချဲလ်ကလည်း လူကာကူးကို စိတ်ပျက်သွားခဲ့ပြီး
လီဗာပူးနဲ့ ၂-၂ သရေကျခဲ့တဲ့ပွဲမှာ အသုံးမပြုခဲ့ပါဘူး။ တနလင်္္ာနေ့ကတော့
သောမတ်တူချဲလ်ဟာ လူကာကူးနဲ့ ဆွေးနွေးခဲ့သလို ကစားသမားရဲ့
အကြံပေးတွေက ဝင်ရောက်တောင်းပန်ပေးခဲ့လို့ အဆင်ပြေသွားခဲ့ကြပါတယ်။
လူကာကူးလည်း အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့ပါတယ်။
လူကာကူးကို အင်တာမီလန်ကနေ ကလပ်စံချိန်တင်ပြောင်းရွေ့ကြေး
ပေါင် ၉၈ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပေမယ့် ဒီကိစ္စနဲ့ ပတ်သက်ပြီး
တူချဲလ်ကို အသင်းပိုင်ရှင် အေဘရာမိုဗစ်က အပြည့်အဝထောက်ခံထားတယ်လို့
အတွင်းသတင်းတွေက ဆိုပါတယ်။
လူကာကူးနဲ့ ပြန်လည်ဆွေးနွေးတဲ့ကိစ္စကိုလည်း ချဲလ်ဆီးဘက်က
တရားဝင်သတင်းထုတ်ပြန်ခြင်းမရှိသလို မှတ်ချက်ပေးခြင်းလည်း မရှိပါဘူး။
ဗြိတိန်မီဒီယာတွေကတော့ လူကာကူးနဲ့ ချဲလ်ဆီးအကြား အဆင်ပြေသွားကြပြီဖြစ်သလို
စပါးပွဲအတွက် ချဲလ်ဆီးလူစာရင်းမှာ ပြန်ပါမှာဖြစ်ပေမယ့်
လူကာကူးရဲ့ တရားဝင်တောင်းပန်မှုကို ချဲလ်ဆီးဘက်က လိုလားနေသလို
ဒဏ်ငွေရိုက်ခြင်းကဲ့သို့ ပြစ်ဒဏ်မျိုးကိုလည်း ပြုလုပ်ဖွယ်ရှိနေသေးတယ်လို့ ဖော်ပြကြပါတယ်။
zawgyi
အေရးၿပီးမွ ယူမယ္ ပြဲအရင္ ကစားေပးပါ လူကာကူ
တိုက္စစ္မႉးလူကာကူးကို ခ်ဲလ္ဆီးနည္းျပေသာမတ္တူခ်ဲလ္က
စကားေျပာဆိုေဆြးေႏြးခဲ့ၿပီးေနာက္မွာေတာ့ စပါးနဲ႔ကစားရမယ့္
လိဂ္ဖလားဆီမီး ပထမအေက်ာ့ပြဲစၪ္အတြက္ ျပန္လည္ေခၚယူေတာ့မယ္လို႔ သိရပါတယ္။
လူကာကူးဟာ ခ်ဲလ္ဆီးရဲ႕ ခြင့္ျပဴခ်က္မရဘဲ အီတလီ႐ုပ္သံနဲ႔
အင္တာဗ်ဴးျပဳလုပ္ခဲ့သလို အဲ့ဒိအင္တာဗ်ဴးမွာ ခ်ဲလ္ဆီးမွာ
မေပ်ာ္ေတာ့ဘူးလို႔ ထုတ္ေျပာခဲ့တာပါ။
နည္းျပတူခ်ဲလ္ကလည္း လူကာကူးကို စိတ္ပ်က္သြားခဲ့ၿပီး
လီဗာပူးနဲ႔ ၂-၂ သေရက်ခဲ့တဲ့ပြဲမွာ အသုံးမျပဳခဲ့ပါဘူး။ တနလၤ္ာေန႔ကေတာ့
ေသာမတ္တူခ်ဲလ္ဟာ လူကာကူးနဲ႔ ေဆြးေႏြးခဲ့သလို ကစားသမားရဲ႕
အႀကံေပးေတြက ဝင္ေရာက္ေတာင္းပန္ေပးခဲ့လို႔ အဆင္ေျပသြားခဲ့ၾကပါတယ္။
လူကာကူးလည္း အသင္းနဲ႔အတူ ေလ့က်င့္ခန္းျပန္ဆင္းႏိုင္ခဲ့ပါတယ္။
လူကာကူးကို အင္တာမီလန္ကေန ကလပ္စံခ်ိန္တင္ေျပာင္းေ႐ြ႕ေၾကး
ေပါင္ ၉၈ သန္းနဲ႔ ေခၚယူခဲ့တာျဖစ္ေပမယ့္ ဒီကိစၥနဲ႔ ပတ္သက္ၿပီး
တူခ်ဲလ္ကို အသင္းပိုင္ရွင္ ေအဘရာမိုဗစ္က အျပည့္အဝေထာက္ခံထားတယ္လို႔
အတြင္းသတင္းေတြက ဆိုပါတယ္။
လူကာကူးနဲ႔ ျပန္လည္ေဆြးေႏြးတဲ့ကိစၥကိုလည္း ခ်ဲလ္ဆီးဘက္က
တရားဝင္သတင္းထုတ္ျပန္ျခင္းမရွိသလို မွတ္ခ်က္ေပးျခင္းလည္း မရွိပါဘူး။
ၿဗိတိန္မီဒီယာေတြကေတာ့ လူကာကူးနဲ႔ ခ်ဲလ္ဆီးအၾကား အဆင္ေျပသြားၾကၿပီျဖစ္သလို
စပါးပြဲအတြက္ ခ်ဲလ္ဆီးလူစာရင္းမွာ ျပန္ပါမွာျဖစ္ေပမယ့္
လူကာကူးရဲ႕ တရားဝင္ေတာင္းပန္မႈကို ခ်ဲလ္ဆီးဘက္က လိုလားေနသလို
ဒဏ္ေငြ႐ိုက္ျခင္းကဲ့သို႔ ျပစ္ဒဏ္မ်ိဳးကိုလည္း ျပဳလုပ္ဖြယ္ရွိေနေသးတယ္လို႔ ေဖာ္ျပၾကပါတယ္။