အရေးပါတဲ့သွင်းဂိုးတွေနဲ့အတူ သူပြန်လာပြီဆိုတာ ပြိုင်ဘက်အသင်း တွေကို ရာဇသံပေးလိုက်တဲ့ ရက်ရှ်ဖို့ဒ်

အိုမိုနီယာနဲ့ပွဲစဉ်မှာ ဒုတိယပိုင်းကျမှ လူစားဝင်လာခဲ့ပေမယ့် အလင်းလက် ဆုံး တောက်ပခဲ့တဲ့ မန်ယူတိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ သူ့ရဲ့ အကောင်းဆုံး ပုံစံ ကို ပြန်ရဖို့ တာစူနေပြီဖြစ်ပါတယ်။

ဆိုက်ပရပ်စ်ကလပ်နဲ့ ပွဲမှာ ယူနိုက်တက်ဟာ ပထမပိုင်း ၁-၀ ဂိုးရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပေမဲ့ ရက်ရှ်ဖို့ဒ်၊ မာ ရှယ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပွဲအပြီးမှာ ၃-၂ ရလဒ်နဲ့ အနိုင်ရခဲ့ပါတယ်။

နည်းပြအဲရစ်တန်ဟတ်ဟာ ဆန်ချိုနေရာမှာ ရက်ရှ်ဖို့ဒ်ကို လူစားလဲလိုက်တာ ဟာ အမှန်ကန်ဆုံးလုပ်ရပ်ဖြစ်ခဲ့ပြီး

ဒီအင်္ဂလန်သားကလည်း အသင်းအတွက် လိုအပ်နေတဲ့ သွင်းဂိုးတွေကို အချိန်မဆိုင်းဘဲ သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

ဒီပွဲမှာ ရက်ရှ်ဖို့ဒ်ဟာ အသင်းအတွက် ချေပဂိုးကို ဖာနန်ဒက်စ်ရဲ့ အဝေးဘော ပေးပို့မှုကတစ်ဆင့် သွင်းယူပေးနိုင်ခဲ့သလို

တတိယမြောက်သွင်းဂိုးကိုလည်း အသင်းဖော် စီရော်နယ်ဒိုရဲ့ ဂိုးရှေ့ ဖြတ်ခင်းပေးမှုကတစ်ဆင့် သွင်းယူနိုင်ခဲ့လို့

တန်ဟတ်အတွက် ကယ်တင်ရှင်ဖြစ်ခဲ့တယ်လို့ ပြောတဲ့သူတွေလည်း ရှိပါတယ်။

ဒါ့အပြင် အသင်းဖော် မာရှယ်အတွက်လည်း ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်နိုင်ခဲ့တာကြောင့် ပရိသတ်တွေက သူ့ ကို အထူးတလည် ချီးမွမ်းနေကြပြီဖြစ်ပါတယ်။

‘’ဒီကောင်က ကာတာမှာ အင်္ဂလန်အတွက် မတူကွဲပြားမှုတွေကို လုပ်ကောင်း လုပ်ပေးနိုင်မယ့် ကစား သမားဖြစ်နေပြီ’’ လို့ ပရိသတ်တစ်ယောက်က ရေးသားခဲ့ပါတယ်။

‘’ရက်ရှ်ဖို့ဒ် နဲ့ မာရှယ်တို့အကြား အတွဲအဖက်ညီပုံကတော့ ကောင်းလွန်းတယ်လို့ ပြော ရတော့မှာပါပဲ။

နှစ်ယောက်သားက အပေးအယူ မျှနေကြပြီး အချင်းချင်း နားလည်နေကြတယ်’’လို့ ဒုတိယတစ်ယောက်က ပို့စ်တင်ခဲ့ပါတယ်။

တတိယ တစ်ယောက်ကလည်း ‘’ဒီကောင်က အချိန်ကောင်းမှာ ပွဲကို အရှိန်အဟုန် မြှင့်ပေးလိုက်တာ’’ ဆိုပြီး တွစ်တာမှာ ချီးမွမ်းသွားခဲ့ပါတယ်။

အဲဒီနောက် ပွဲ အပြီး အင်တာဗျူးအစီအစဉ်မှာလည်း ရက်ရှ်ဖို့ဒ်က အသင်းဖော်မာရှယ်ကို အထူးတလည် ချီးမွမ်းသွားခဲ့တာရှိပါသေးတယ်။

‘’သူက အရေးပါတဲ့ ကစား သမားအဖြစ် ရှိနေတာ အချိန်အတော်ကြာခဲ့ပါပြီ။ သူက မယုံနိုင်စရာကောင်း လောက်တဲ့ ကစားသမားမျိုးပါပဲ။

သူနဲ့အတူတွဲပြီး ကစားရတာကို ကျွန်တော် အမြဲတစေ နှစ်သက်ပါတယ်။ ဒီနေ့မှာ သူနဲ့ ချိတ်ဆက်ကစားနိုင်ခဲ့လို့ ကောင်း ပါတယ်။

ဒါမျိုးတွေ ထပ်ကာထပ်ကာ လုပ်ပြနိုင်ဦးမှာပါ။ ကျွန်တော်တို့ နှစ် ယောက်စလုံး ဒဏ်ရာတွေနဲ့ပါ။

သူက ကျွန်တော့်ထက် နည်းနည်း ပိုကြာပါတယ်။ ဒါကြောင့် ကစားချိန်တွေရလာတာကောင်းပါတယ်။

နောက်ပြီး သူဟာ နှစ်ပွဲဆက်တိုက် ဂိုးသွင်းနိုင်ခဲ့တဲ့အတွက်လည်း ကောင်းပါတယ်’’ လို့ ရက်ရှ်ဖို့ဒ်က ပြောဆိုသွားခဲ့ပါတယ်။

ဒါကြောင့် ဒီပွဲစဉ်မှာ မာရှယ်နဲ့အတူ ပုံစံ ကောင်းရခဲ့တဲ့ ရက်ရှ်ဖို့ဒ်ဟာ အရေးပါတဲ့သွင်းဂိုးတွေနဲ့အတူ သူပြန်လာပြီဖြစ် တယ်ဆိုတာကို ပြိုင်ဘက်အသင်းတွေဆီ ရာဇသံပေးလိုက်ပြီပဲ ဖြစ်ပါတယ်။

zawgyi

အေရးပါတဲ့သြင္းဂိုးေတြနဲ႔အတူ သူျပန္လာၿပီဆိုတာ ၿပိဳင္ဘက္အသင္း ေတြကို ရာဇသံေပးလိုက္တဲ့ ရက္ရွ္ဖို႔ဒ္

အိုမိုနီယာနဲ႔ပြဲစဥ္မွာ ဒုတိယပိုင္းက်မွ လူစားဝင္လာခဲ့ေပမယ့္ အလင္းလက္ ဆုံး ေတာက္ပခဲ့တဲ့ မန္ယူတိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ဟာ သူ႔ရဲ႕ အေကာင္းဆုံး ပုံစံ ကို ျပန္ရဖို႔ တာစူေနၿပီျဖစ္ပါတယ္။

ဆိုက္ပရပ္စ္ကလပ္နဲ႔ ပြဲမွာ ယူႏိုက္တက္ဟာ ပထမပိုင္း ၁-၀ ဂိုးရလဒ္နဲ႔ ရႈံးနိမ့္ခဲ့ေပမဲ့ ရက္ရွ္ဖို႔ဒ္၊ မာ ရွယ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ပြဲအၿပီးမွာ ၃-၂ ရလဒ္နဲ႔ အႏိုင္ရခဲ့ပါတယ္။

နည္းျပအဲရစ္တန္ဟတ္ဟာ ဆန္ခ်ိဳေနရာမွာ ရက္ရွ္ဖို႔ဒ္ကို လူစားလဲလိုက္တာ ဟာ အမွန္ကန္ဆုံးလုပ္ရပ္ျဖစ္ခဲ့ၿပီး

ဒီအဂၤလန္သားကလည္း အသင္းအတြက္ လိုအပ္ေနတဲ့ သြင္းဂိုးေတြကို အခ်ိန္မဆိုင္းဘဲ သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

ဒီပြဲမွာ ရက္ရွ္ဖို႔ဒ္ဟာ အသင္းအတြက္ ေခ်ပဂိုးကို ဖာနန္ဒက္စ္ရဲ႕ အေဝးေဘာ ေပးပို႔မႈကတစ္ဆင့္ သြင္းယူေပးႏိုင္ခဲ့သလို

တတိယေျမာက္သြင္းဂိုးကိုလည္း အသင္းေဖာ္ စီေရာ္နယ္ဒိုရဲ႕ ဂိုးေရွ႕ ျဖတ္ခင္းေပးမႈကတစ္ဆင့္ သြင္းယူႏိုင္ခဲ့လို႔

တန္ဟတ္အတြက္ ကယ္တင္ရွင္ျဖစ္ခဲ့တယ္လို႔ ေျပာတဲ့သူေတြလည္း ရွိပါတယ္။

ဒါ့အျပင္ အသင္းေဖာ္ မာရွယ္အတြက္လည္း ဂိုးဖန္တီးမႈတစ္ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာေၾကာင့္ ပရိသတ္ေတြက သူ႔ ကို အထူးတလည္ ခ်ီးမြမ္းေနၾကၿပီျဖစ္ပါတယ္။

‘’ဒီေကာင္က ကာတာမွာ အဂၤလန္အတြက္ မတူကြဲျပားမႈေတြကို လုပ္ေကာင္း လုပ္ေပးႏိုင္မယ့္ ကစား သမားျဖစ္ေနၿပီ’’ လို႔ ပရိသတ္တစ္ေယာက္က ေရးသားခဲ့ပါတယ္။

‘’ရက္ရွ္ဖို႔ဒ္ နဲ႔ မာရွယ္တို႔အၾကား အတြဲအဖက္ညီပုံကေတာ့ ေကာင္းလြန္းတယ္လို႔ ေျပာ ရေတာ့မွာပါပဲ။

ႏွစ္ေယာက္သားက အေပးအယူ မွ်ေနၾကၿပီး အခ်င္းခ်င္း နားလည္ေနၾကတယ္’’လို႔ ဒုတိယတစ္ေယာက္က ပို႔စ္တင္ခဲ့ပါတယ္။

တတိယ တစ္ေယာက္ကလည္း ‘’ဒီေကာင္က အခ်ိန္ေကာင္းမွာ ပြဲကို အရွိန္အဟုန္ ျမႇင့္ေပးလိုက္တာ’’ ဆိုၿပီး တြစ္တာမွာ ခ်ီးမြမ္းသြားခဲ့ပါတယ္။

အဲဒီေနာက္ ပြဲ အၿပီး အင္တာဗ်ဴးအစီအစဥ္မွာလည္း ရက္ရွ္ဖို႔ဒ္က အသင္းေဖာ္မာရွယ္ကို အထူးတလည္ ခ်ီးမြမ္းသြားခဲ့တာရွိပါေသးတယ္။

‘’သူက အေရးပါတဲ့ ကစား သမားအျဖစ္ ရွိေနတာ အခ်ိန္အေတာ္ၾကာခဲ့ပါၿပီ။ သူက မယုံႏိုင္စရာေကာင္း ေလာက္တဲ့ ကစားသမားမ်ိဳးပါပဲ။

သူနဲ႔အတူတြဲၿပီး ကစားရတာကို ကြၽန္ေတာ္ အၿမဲတေစ ႏွစ္သက္ပါတယ္။ ဒီေန႔မွာ သူနဲ႔ ခ်ိတ္ဆက္ကစားႏိုင္ခဲ့လို႔ ေကာင္း ပါတယ္။

ဒါမ်ိဳးေတြ ထပ္ကာထပ္ကာ လုပ္ျပႏိုင္ဦးမွာပါ။ ကြၽန္ေတာ္တို႔ ႏွစ္ ေယာက္စလုံး ဒဏ္ရာေတြနဲ႔ပါ။

သူက ကြၽန္ေတာ့္ထက္ နည္းနည္း ပိုၾကာပါတယ္။ ဒါေၾကာင့္ ကစားခ်ိန္ေတြရလာတာေကာင္းပါတယ္။

ေနာက္ၿပီး သူဟာ ႏွစ္ပြဲဆက္တိုက္ ဂိုးသြင္းႏိုင္ခဲ့တဲ့အတြက္လည္း ေကာင္းပါတယ္’’ လို႔ ရက္ရွ္ဖို႔ဒ္က ေျပာဆိုသြားခဲ့ပါတယ္။

ဒါေၾကာင့္ ဒီပြဲစဥ္မွာ မာရွယ္နဲ႔အတူ ပုံစံ ေကာင္းရခဲ့တဲ့ ရက္ရွ္ဖို႔ဒ္ဟာ အေရးပါတဲ့သြင္းဂိုးေတြနဲ႔အတူ သူျပန္လာၿပီျဖစ္ တယ္ဆိုတာကို ၿပိဳင္ဘက္အသင္းေတြဆီ ရာဇသံေပးလိုက္ၿပီပဲ ျဖစ္ပါတယ္။