အရေးကြီးတဲ့ပွဲမတိုင်ခင် ထူးဆန်းတဲ့တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်တဲ့ ရော်နယ်ဒို

ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်ဒိုဟာ ယနေ့ည

မြောက်မက်ဆီဒိုးနီးယားနဲ့ ကစားရမယ့် အရေးကြီး
ကမ္ဘာ့ဖလားခြေစစ်ပွဲမတိုင်ခင် ထူးဆန်းတဲ့တောင်းဆိုမှုတစ်ခု ပြုလုပ်လိုက်ပါတယ်။
အသက် ၃၇ နှစ်အရွယ်ရှိ ရော်နယ်ဒိုဟာ ဒီညမှာ ပေါ်တူဂီအသင်းကို
ဦးဆောင်ကစားလာမှာဖြစ်ပြီး သူ့အတွက် ပရော်ဖက်ရှင်နယ်
ကစားသမားဘ၀ နောက်ဆုံးကမ္ဘာ့ဖလားဖြစ်လာနိုင်တဲ့ ၂၀၂၂

ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ မျှော်လင့်နေပါတယ်။
ရော်နယ်ဒိုဟာ ကြာသပတေးညက တူရကီကို ၃-၁ ဂိုးနဲ့
အနိုင်ရခဲ့တဲ့ ပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲမှာ
မိနစ် ၉၀ပြည့် ပါဝင်ကစားခဲ့ပြီး မြောက်မက်ဆီဒိုးနီးယားကလည်း
တခြားပွဲစဉ်မှာ ကမ္ဘာ့ချန်ပီယံဟောင်း အီတလီကို

အံ့အားသင့်ဖွယ် ဝ-၁ ဂိုးနဲ့အနိုင်ယူကာ နောက်ဆုံးအဆင့်ရောက်လာတာပါ။
အဲဒီလို ကမ္ဘာ့ဖလားဝင်ခွင့်ရဖို့ မိနစ် ၉၀ပဲ လိုတော့တဲ့
အရေးကြီးနေချိန်မှာ ရော်နယ်ဒိုက ထူးဆန်တဲ့အရာတစ်ခု
ပြုလုပ်ပေးဖို့ တောင်းဆိုခဲ့တာဖြစ်ပြီး နိုင်ငံတော်သီချင်းကို
မဖွင့်ဘဲ အဲဒီအစား ကွင်းထဲရှိ ပရိသတ်တွေနဲ့ ကစားသမားတွေက

စုပေါင်းသီဆိုကြဖို့ တောင်းဆိုခဲ့တာပါ။
ပေါ်တိုအသင်းရဲ့အိမ်ကွင်းဖြစ်တဲ့ ဒရာဂါအိုကွင်းထဲ
ပေါ်တူဂီပရိသတ် ၅၀၀၀၀ ဝန်းကျင် လာကြည့်ဖွယ်ရှိနေရာ
ရော်နယ်ဒိုက နိုင်ငံတော်သီချင်းကို ဆောင်းဘောက်စ်ကနေ
ဂီတသံတွေနဲ့ မဖွင့်ဘဲ ပရိသတ်တွေကိုယ်တိုင် သီဆိုကြဖို့ တောင်းဆိုခဲ့တာပါ။

”ကွင်းထဲ နိုင်ငံတော်သီချင်း သီဆိုချိန်မှာ နောက်ခံတီးလုံးအသံတွေ
မပါဘဲ ကွင်းထဲက ပရိသတ်တွေရဲ့သီဆိုသံပဲ ကြားချင်ပါတယ်။
အဲဒီလိုသာဖြစ်လာရင် ကျွန်တော်တို့အသင်းရဲ့ စိတ်ပိုင်းဖြတ်မှုနဲ့
စိတ်ဓာတ်ပြင်းပြမှုတွေကို ပြသရာလည်း ရောက်ပါလိမ့်မယ်။
တူရကီနဲ့ပွဲတုန်းကလိုပေါ့ဗျာ။ ဒီလိုဆိုရင် ကျွန်တော်တို့အသင်း

သေချာပေါက်အနိုင်ရပါလိမ့်မယ်”လို့ ရော်နယ်ဒိုက ပြောပါတယ်။
မြောက်မက်ဆီဒိုးနီးယားက သမိုင်းတစ်လျှောက်
အဓိကပြိုင်ပွဲကြီးတွေမှာ တစ်ကြိမ်ပဲ ပါဝင်ခွင့်ရဖူးသလို
ကမ္ဘာ့အဆင့် ၆၆ပဲ ရှိပေမယ့် ရော်နယ်ဒိုကတော့ ပြိုင်ဘက်ကို
သတိထားကစားဖို့ အသင်းဖော်တွေကို သတိပေးခဲ့ပါတယ်။

Zawgyi

အေရးႀကီးတဲ့ပဲြမတိုင္ခင္ ထူးဆန္းတဲ့ေတာင္းဆိုမႈတစ္ခု ျပဳလုပ္လုိက္တဲ့ ေရာ္နယ္ဒို
ေပၚတူဂီအသင္းေခါင္းေဆာင္ ေရာ္နယ္ဒိုဟာ ယေန႔ည

ေျမာက္မက္ဆီဒိုးနီးယားနဲ႔ ကစားရမယ့္ အေရးႀကီး
ကမၻာ့ဖလားေျခစစ္ပြဲမတုိင္ခင္ ထူးဆန္းတဲ့ေတာင္းဆိုမႈတစ္ခု ျပဳလုပ္လုိက္ပါတယ္။
အသက္ ၃၇ ႏွစ္အရြယ္ရွိ ေရာ္နယ္ဒိုဟာ ဒီညမွာ ေပၚတူဂီအသင္းကို
ဦးေဆာင္ကစားလာမွာျဖစ္ၿပီး သူ႕အတြက္ ပေရာ္ဖက္ရွင္နယ္
ကစားသမားဘ၀ ေနာက္ဆုံးကမၻာ့ဖလားျဖစ္လာႏိုင္တဲ့ ၂၀၂၂

ကာတာကမၻာ့ဖလားၿပိဳင္ပြဲမွာ ပါ၀င္ယွဥ္ၿပိဳင္ႏိုင္ဖို႔ ေမွ်ာ္လင့္ေနပါတယ္။
ေရာ္နယ္ဒုိဟာ ၾကာသပေတးညက တူရကီကို ၃-၁ ဂိုးနဲ႔
အႏိုင္ရခဲ့တဲ့ ပေလးေအာ့ဖ္ ဆီမီးဖုိ္င္နယ္ပြဲမွာ
မိနစ္ ၉၀ျပည့္ ပါ၀င္ကစားခဲ့ၿပီး ေျမာက္မက္ဆီဒိုးနီးယားကလည္း
တျခားပြဲစဥ္မွာ ကမၻာ့ခ်န္ပီယံေဟာင္း အီတလီကို

အ့ံအားသင့္ဖြယ္ ၀-၁ ဂိုးနဲ႔အႏိုင္ယူကာ ေနာက္ဆုံးအဆင့္ေရာက္လာတာပါ။
အဲဒီလို ကမၻာ့ဖလား၀င္ခြင့္ရဖို႔ မိနစ္ ၉၀ပဲ လိုေတာ့တဲ့
အေရးႀကီးေနခ်ိန္မွာ ေရာ္နယ္ဒိုက ထူးဆန္တဲ့အရာတစ္ခု
ျပဳလုပ္ေပးဖုိ႔ ေတာင္းဆိုခဲ့တာျဖစ္ၿပီး ႏိုင္ငံေတာ္သီခ်င္းကို
မဖြင့္ဘဲ အဲဒီအစား ကြင္းထဲရွိ ပရိသတ္ေတြနဲ႔ ကစားသမားေတြက

စုေပါင္းသီဆုိၾကဖုိ႔ ေတာင္းဆုိခဲ့တာပါ။
ေပၚတုိအသင္းရဲ႕အိမ္ကြင္းျဖစ္တဲ့ ဒရာဂါအုိကြင္းထဲ
ေပၚတူဂီပရိသတ္ ၅၀၀၀၀ ၀န္းက်င္ လာၾကည့္ဖြယ္ရွိေနရာ
ေရာ္နယ္ဒိုက ႏိုင္ငံေတာ္သီခ်င္းကို ေဆာင္းေဘာက္စ္ကေန
ဂီတသံေတြနဲ႔ မဖြင့္ဘဲ ပရိသတ္ေတြကိုယ္တုိင္ သီဆုိၾကဖို႔ ေတာင္းဆုိခဲ့တာပါ။

”ကြင္းထဲ ႏိုင္ငံေတာ္သီခ်င္း သီဆုိခ်ိန္မွာ ေနာက္ခံတီးလံုးအသံေတြ
မပါဘဲ ကြင္းထဲက ပရိသတ္ေတြရဲ႕သီဆုိသံပဲ ၾကားခ်င္ပါတယ္။
အဲဒီလုိသာျဖစ္လာရင္ ကၽြန္ေတာ္တို႔အသင္းရဲ႕ စိတ္ပိုင္းျဖတ္မႈနဲ႔
စိတ္ဓာတ္ျပင္းျပမႈေတြကို ျပသရာလည္း ေရာက္ပါလိမ့္မယ္။
တူရကီနဲ႔ပြဲတုန္းကလုိေပါ့ဗ်ာ။ ဒီလုိဆုိရင္ ကၽြန္ေတာ္တုိ႔အသင္း

ေသခ်ာေပါက္အႏိုင္ရပါလိမ့္မယ္”လုိ႔ ေရာ္နယ္ဒိုက ေျပာပါတယ္။
ေျမာက္မက္ဆီဒိုးနီးယားက သမုိင္းတစ္ေလွ်ာက္
အဓိကၿပိဳင္ပြဲႀကီးေတြမွာ တစ္ႀကိမ္ပဲ ပါ၀င္ခြင့္ရဖူးသလုိ
ကမၻာ့အဆင့္ ၆၆ပဲ ရွိေပမယ့္ ေရာ္နယ္ဒိုကေတာ့ ၿပိဳင္ဘက္ကို
သတိထားကစားဖုိ႔ အသင္းေဖာ္ေတြကို သတိေပးခဲ့ပါတယ္။