အရေးကြီးတဲ့ပင်နယ်တီ မိုးပေါ်ထောင်မကန်ခင် ဆီနီဂေါပရိသတ်တွေရဲလေဆာနဲ့ နှောင့်ယှက်ခံခဲ့ရတဲ့ ဆာလာ

အီဂျစ်အသင်းတိုက်စစ်မှူး ဆာလာဟာ ဆီနီဂေါနဲ့

ကစားခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲ ဒု-အကျော့ပွဲမှာ
အဆုံးအဖြတ်ပင်နယ်တီမလွဲချော်ခင် အာရုံပျံ့လွင့်သွားအောင်
အိမ်ရှင်ဆီနီဂေါပရိသတ်တွေရဲ့လေဆာနဲ့ နှောင့်ယှက်ခြင်းခံခဲ့ရပါတယ်။
ဆာလာရဲ့ပင်နယ်တီ ဂိုးဘားပေါ်ကျော်သွားပြီးနောက်
မာနေးက ဆီနီဂေါအသင်း ခြေစစ်ပွဲအောင်မြင်စေမယ့်

အဆုံးအဖြတ်ပင်နယ်တီ ကန်သွင်းယူနိုင်ခဲ့ပြီး
ဆီနီဂေါပရိသတ်တွေကတော့ ပြိုင်ဘက်ကစားသမားတွေကို
တစ်ပွဲလုံးနီးပါး အာရုံစူးစိုက်လို့မရအောင် နှောင့်ယှက်ခဲ့သလို
အီဂျစ်အသင်းသားတွေ ကွင်းထဲကနေ ပြန်ထွက်လာချိန်မှာလည်း
အရာဝတ္ထုပစ္စည်းတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။

ယခုအခါ အီဂျစ်အက်ဖ်အေက မိမိတို့အသင်းအနေနဲ့
ဆီနီဂေါပရိသတ်တွေရဲ့ လူမျိုးရေးခွဲခြားခြင်း ခံခဲ့ရပြီး
ကွင်းအရောက်မှာ အသင်းသားတွေ စီးနင်းလိုက်ပါလာတဲ့
ဘက်စ်ကား တိုက်ခိုက်ခံခဲ့ရသလို ပွဲမကစားခင်
သွေးပူလေ့ကျင့်ခန်း လုပ်နေချိန်မှာလည်း မီးရှူးမီးပန်းတွေနဲ့

ပစ်ပေါက်ဖို့ ကြိုးစားခံခဲ့ရကြောင်း ကြေညာချက်ထုတ်ပြန်ပါတယ်။
အီဂျစ်ဟာ ပ-အကျော့ အိမ်ကွင်းမှာ ၁-၀ ဂိုးနဲ့
အနိုင်ရခဲ့ပေမယ့် ဒု-အကျော့မှာ ဖာသီရဲ့ကိုယ့်ဂိုးကိုယ်
သွင်းမှုကြောင့် ၁-ဝဂိုးနဲ့ အရေးနိမ့်ခဲ့လို့ နှစ်ကျော့ပေါင်း
၁-၁ ဂိုးဖြစ်နေခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့
အီဂျစ်အသင်းအနေနဲ့ ၂ကြိမ်ဆက် အသည်းကွဲခဲ့ရတာဖြစ်ပြီး
အာဖရိကဖလားနိုင်ငံများဗိုလ်လုပွဲမှာလည်း ဆီနီဂေါကို
ပင်နယ်တီအဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့ရတာပါ။
ဒါပေမဲ့ ဒီပွဲကတော့ ဆီနီဂေါပရိသတ်တွေရဲ့အပြုအမူက

လူပြောများစရာဖြစ်ခဲ့ပြီး အိမ်ရှင်ပရိသတ်တွေက
အီဂျစ်အသင်းသားတွေရဲ့မျက်နှာကို တစ်ချိန်လုံးနီးပါး
လေဆာနဲ့ ထိုးကာ စိတ်အနှောင့်အယှက်ပေးခဲ့သလို
ပင်နယ်တီကန်သွင်းတော့လည်း အာရုံစူးစိုက်လို့မရအောင်
လေဆာတွေနဲ့ တောက်လျှောက် ပစ်ခဲ့ကြပါတယ်။

အဲဒီနောက် ပွဲပြီးလို့ ဆာလာနဲ့ အီဂျစ်အသင်းသားတွေ
အဝတ်လဲခန်းထဲ ဝင်သွားတဲ့အချိန် ဆီနီဂေါပရိသတ်တွေက
အရာဝတ္ထုတွေနဲ့ ပစ်ပေါက်ခဲ့ကြပြီး ကွင်းလုံခြုံရေးတွေက
ဆာလာကို ဘေးကနေ လိုက်ပါစောင့်ရှောက်ခဲ့ရပါတယ်။

Zawgyi

အေရးႀကီးတဲ့ပင္နယ္တီ မိုးေပၚေထာင္မကန္ခင္ ဆီနီေဂါပရိသတ္ေတြရဲေလဆာနဲ႔ ေႏွာင့္ယွက္ခံခဲ့ရတဲ့ ဆာလာ
အီဂ်စ္အသင္းတုိက္စစ္မွဴး ဆာလာဟာ ဆီနီေဂါနဲ႔
ကစားခဲ့တဲ့ ကမၻာ့ဖလားေျခစစ္ပြဲ ဒု-အေက်ာ့ပဲြမွာ

အဆုံးအျဖတ္ပင္နယ္တီမလြဲေခ်ာ္ခင္ အာရုံပ်ံ႕လြင့္သြားေအာင္
အိမ္ရွင္ဆီနီေဂါပရိသတ္ေတြရဲ႕ေလဆာနဲ႔ ေႏွာင့္ယွက္ျခင္းခံခဲ့ရပါတယ္။
ဆာလာရဲ႕ပင္နယ္တီ ဂိုးဘားေပၚေက်ာ္သြားၿပီးေနာက္
မာေနးက ဆီနီေဂါအသင္း ေျခစစ္ပြဲေအာင္ျမင္ေစမယ့္
အဆုံးအျဖတ္ပင္နယ္တီ ကန္သြင္းယူႏုိင္ခဲ့ၿပီး

ဆီနီေဂါပရိသတ္ေတြကေတာ့ ၿပိဳင္ဘက္ကစားသမားေတြကို
တစ္ပြဲလုံးနီးပါး အာရုံစူးစုိက္လုိ႔မရေအာင္ ေႏွာင့္ယွက္ခဲ့သလုိ
အီဂ်စ္အသင္းသားေတြ ကြင္းထဲကေန ျပန္ထြက္လာခ်ိန္မွာလည္း
အရာ၀တၳဳပစၥည္းေတြနဲ႔ ပစ္ေပါက္ခဲ့ၾကပါတယ္။
ယခုအခါ အီဂ်စ္အက္ဖ္ေအက မိမိတို႔အသင္းအေနနဲ႔

ဆီနီေဂါပရိသတ္ေတြရဲ႕ လူမ်ိဳးေရးခြဲျခားျခင္း ခံခဲ့ရၿပီး
ကြင္းအေရာက္မွာ အသင္းသားေတြ စီးနင္းလုိက္ပါလာတဲ့
ဘက္စ္ကား တုိက္ခုိက္ခံခဲ့ရသလို ပြဲမကစားခင္
ေသြးပူေလ့က်င့္ခန္း လုပ္ေနခ်ိန္မွာလည္း မီးရွဴးမီးပန္းေတြနဲ႔
ပစ္ေပါက္ဖုိ႔ ႀကိဳးစားခံခဲ့ရေၾကာင္း ေၾကညာခ်က္ထုတ္ျပန္ပါတယ္။

အီဂ်စ္ဟာ ပ-အေက်ာ့ အိမ္ကြင္းမွာ ၁-၀ ဂိုးနဲ႔
အႏိုင္ရခဲ့ေပမယ့္ ဒု-အေက်ာ့မွာ ဖာသီရဲ႕ကိုယ့္ဂိုးကုိယ္
သြင္းမႈေၾကာင့္ ၁-၀ဂိုးနဲ႔ အေရးနိမ့္ခဲ့လုိ႔ ႏွစ္ေက်ာ့ေပါင္း
၁-၁ ဂိုးျဖစ္ေနခဲ့တာျဖစ္ပါတယ္။
အဲဒီေနာက္ ပင္နယ္တီအဆုံးအျဖတ္ခံယူရာမွာေတာ့

အီဂ်စ္အသင္းအေနနဲ႔ ၂ႀကိမ္ဆက္ အသည္းကြဲခ့ဲရတာျဖစ္ၿပီး
အာဖရိကဖလားႏုိင္ငံမ်ားဗုိလ္လုပြဲမွာလည္း ဆီနီေဂါကို
ပင္နယ္တီအဆုံးအျဖတ္နဲ႔ အေရးနိမ့္ခဲ့ရတာပါ။
ဒါေပမဲ့ ဒီပြဲကေတာ့ ဆီနီေဂါပရိသတ္ေတြရဲ႕အျပဳအမူက
လူေျပာမ်ားစရာျဖစ္ခဲ့ၿပီး အိမ္ရွင္ပရိသတ္ေတြက

အီဂ်စ္အသင္းသားေတြရဲ႕မ်က္ႏွာကို တစ္ခ်ိန္လုံးနီးပါး
ေလဆာနဲ႔ ထိုးကာ စိတ္အေႏွာင့္အယွက္ေပးခဲ့သလုိ
ပင္နယ္တီကန္သြင္းေတာ့လည္း အာရုံစူးစိုက္လုိ႔မရေအာင္
ေလဆာေတြနဲ႔ ေတာက္ေလွ်ာက္ ပစ္ခဲ့ၾကပါတယ္။
အဲဒီေနာက္ ပြဲၿပီးလုိ႔ ဆာလာနဲ႔ အီဂ်စ္အသင္းသားေတြ

အ၀တ္လဲခန္းထဲ ၀င္သြားတဲ့အခ်ိန္ ဆီနီေဂါပရိသတ္ေတြက
အရာ၀တၳဳေတြနဲ႔ ပစ္ေပါက္ခဲ့ၾကၿပီး ကြင္းလုံၿခံဳေရးေတြက
ဆာလာကို ေဘးကေန လုိက္ပါေစာင့္ေရွာက္ခဲ့ရပါတယ္။