အရောင်းအဝယ်ကိစ္စတွေ အပြီးသတ်ဖို့ လုပ်နေချိန်ရောက်မှ ဆန်ရှင်ကြောင့် လက်လွှတ်ခဲ့ရတဲ့ တူရကီသူဌေး

တူရကီ သူဌေးတစ်ယောက်ဖြစ်တဲ့ မာရှန်ဘေရက်ခ်ဟာ

ချဲလ်ဆီးပိုင်ရှင် အေဘရာမိုဗစ်ချ်ကို ဗြိတိန်အစိုးရက ဆန်ရှင်ချတဲ့နေ့မှာတင်

အသင်းကို အပြီးသတ် ဝယ်ယူဖို့ နီးစပ်နေတဲ့အကြောင်း ဖွင့်ဟပြောကြားလာပါတယ်။

အေဘရာမိုဗစ်ချ်ဟာ သူနှစ်ပေါင်း (၂၀) နီးပါး ပိုင်ဆိုင်ခဲ့တဲ့

လန်ဒန်မြို့ခံအသင်းကို ပေါင် (၃) ဘီလီယံနဲ့ အရောင်းစာရင်းတင်ခဲ့တာပါ။

ဘေရက်ခ်ဟာ ပေါင် (၂.၅) နဲ့ (၂.၈) ဘီလီယံဝန်းကျင်မှာ

ချဲလ်ဆီးကို ဝယ်ယူဖို့ သဘောတူညီမှုရခဲ့ဟန်ရှိပါတယ်။

ဒါပေမယ့် အရောင်းအဝယ်ကိစ္စတွေ အပြီးသတ်ဖို့ လုပ်နေချိန်မှာပဲ

မိုဗစ်ကို ဗြိတိန်က ဆန်ရှင်ချလိုက်ပြီး အရောင်းအဝယ်ကိစ္စတွေ ရပ်တန့်သွားခဲ့ပါတယ်။

ဘေရက်ခ်က “ကျွန်တော်တို့အရောင်းအဝယ်အတွက်

အဆင့်တစ်ခုကို ရောက်နေပြီဗျ။ ကျွန်တော့်ရှေ့နေနဲ့ ဘဏ္ဍာရေးအဖွဲ့က

ကြာသပတေးနေ့ က လန်ဒန်မှာ သူတို့ဘက်က အဖွဲ့တွေနဲ့

စကားပြောဖို့ စီစဉ်ထားတာပါ။

နောက်ပြီး ကျွန်တော်တို့ အချင်းချင်းကြား

သဘောတူညီမှုတစ်ခုရဖို့ ပြင်ဆင်ခဲ့ပါတယ်။

လူတွေကလည်း ဒီအကြောင်းတွေပြောနေကြပါပြီ။

ကျွန်တော်တို့ရဲ့ အရောင်းအဝယ်ကိစ္စကလည်း တိုးတက်နေပြီးသားပါ။

အရောင်းအဝယ်ကိစ္စအပြီးသတ်ဖို့က (၉၀) ရာခိုင်နှုန်းလောက်ကို

သေချာနေတာ။ အေဘရာမိုဗစ်ချ်လည်း ဒီလိုပဲ စဉ်းစားပါလိမ့်မယ်။

ဒါပေမယ့် ကျွန်တော်အခု တော်တော် စိတ်ဓာတ်ကျသွားပါတယ်” လို့

ပြောကြားသွားခဲ့ပါတယ်။ ဘေရက်ခ်ဟာ အေဘီဂရုရဲ့ ဥက္ကဌတစ်ယောက်ဖြစ်ပါတယ်။

အဆိုပါကုမ္ပဏီဟာ ဆောက်လုပ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို

ဆောင်ရွက်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီး (၁၉၉၉) တည်းက

စီးပွားရေးလုပ်ငန်းတွေကို စတင်လည်ပတ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

zawgyi

အေရာင္းအဝယ္ကိစၥေတြ အၿပီးသတ္ဖို႔ လုပ္ေနခ်ိန္ေရာက္မွ ဆန္ရွင္ေၾကာင့္ လက္လႊတ္ခဲ့ရတဲ့ တူရကီသူေဌး

တူရကီ သူေဌးတစ္ေယာက္ျဖစ္တဲ့ မာရွန္ေဘရက္ခ္ဟာ

ခ်ဲလ္ဆီးပိုင္ရွင္ ေအဘရာမိုဗစ္ခ်္ကို ၿဗိတိန္အစိုးရက ဆန္ရွင္ခ်တဲ့ေန႔မွာတင္

အသင္းကို အၿပီးသတ္ ဝယ္ယူဖို႔ နီးစပ္ေနတဲ့အေၾကာင္း ဖြင့္ဟေျပာၾကားလာပါတယ္။

ေအဘရာမိုဗစ္ခ်္ဟာ သူႏွစ္ေပါင္း (၂၀) နီးပါး ပိုင္ဆိုင္ခဲ့တဲ့

လန္ဒန္ၿမိဳ႕ခံအသင္းကို ေပါင္ (၃) ဘီလီယံနဲ႔ အေရာင္းစာရင္းတင္ခဲ့တာပါ။

ေဘရက္ခ္ဟာ ေပါင္ (၂.၅) နဲ႔ (၂.၈) ဘီလီယံဝန္းက်င္မွာ

ခ်ဲလ္ဆီးကို ဝယ္ယူဖို႔ သေဘာတူညီမႈရခဲ့ဟန္ရွိပါတယ္။

ဒါေပမယ့္ အေရာင္းအဝယ္ကိစၥေတြ အၿပီးသတ္ဖို႔ လုပ္ေနခ်ိန္မွာပဲ

မိုဗစ္ကို ၿဗိတိန္က ဆန္ရွင္ခ်လိုက္ၿပီး အေရာင္းအဝယ္ကိစၥေတြ ရပ္တန႔္သြားခဲ့ပါတယ္။

ေဘရက္ခ္က “ကြၽန္ေတာ္တို႔အေရာင္းအဝယ္အတြက္

အဆင့္တစ္ခုကို ေရာက္ေနၿပီဗ်။ ကြၽန္ေတာ့္ေရွ႕ေနနဲ႔ ဘ႑ာေရးအဖြဲ႕က

ၾကာသပေတးေန႔ က လန္ဒန္မွာ သူတို႔ဘက္က အဖြဲ႕ေတြနဲ႔

စကားေျပာဖို႔ စီစဥ္ထားတာပါ။

ေနာက္ၿပီး ကြၽန္ေတာ္တို႔ အခ်င္းခ်င္းၾကား

သေဘာတူညီမႈတစ္ခုရဖို႔ ျပင္ဆင္ခဲ့ပါတယ္။

လူေတြကလည္း ဒီအေၾကာင္းေတြေျပာေနၾကပါၿပီ။

ကြၽန္ေတာ္တို႔ရဲ႕ အေရာင္းအဝယ္ကိစၥကလည္း တိုးတက္ေနၿပီးသားပါ။

အေရာင္းအဝယ္ကိစၥအၿပီးသတ္ဖို႔က (၉၀) ရာခိုင္ႏႈန္းေလာက္ကို

ေသခ်ာေနတာ။ ေအဘရာမိုဗစ္ခ်္လည္း ဒီလိုပဲ စဥ္းစားပါလိမ့္မယ္။

ဒါေပမယ့္ ကြၽန္ေတာ္အခု ေတာ္ေတာ္ စိတ္ဓာတ္က်သြားပါတယ္” လို႔

ေျပာၾကားသြားခဲ့ပါတယ္။ ေဘရက္ခ္ဟာ ေအဘီဂ႐ုရဲ႕ ဥကၠဌတစ္ေယာက္ျဖစ္ပါတယ္။

အဆိုပါကုမၸဏီဟာ ေဆာက္လုပ္ေရးနဲ႔ ရင္းႏွီးျမႇဳပ္ႏွံမႈလုပ္ငန္းေတြကို

ေဆာင္႐ြက္ေနတဲ့ ကုမၸဏီတစ္ခုျဖစ္ၿပီး (၁၉၉၉) တည္းက

စီးပြားေရးလုပ္ငန္းေတြကို စတင္လည္ပတ္ခဲ့တယ္လို႔လည္း သိရွိရပါတယ္။