အရောင်းစာရင်းတင်ထားတဲ့ လီဗာပူးကို လိုချင်နေတဲ့ ဝယ်လက်တွေက ဘယ်လို လူမျိုးတွေလဲ

လီဗာပူးအသင်းကို ရောင်းထုတ်တော့မယ်လို့ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ လက်ရှိ ပိုင်ဆိုင်နေတဲ့ FSG ကုမ္ပဏီက အံ့အားသင့်ဖွယ်ရာ ကြေညာလိုက်တာတော့ အားလုံးသိကြပြီးသားပါ။

ဒါဆိုရင် ကြိုးကြာနီတွေကို ဝယ်ယူပိုင်ဆိုင်ချင်နေတဲ့ အသင်းပိုင်ရှင်သစ်က ဘယ်လိုအဖွဲ့အစည်းမျိုး ဖြစ်မလဲဆိုတာတော့ အားလုံး သိချင်နေကြမယ် ထင်ပါတယ်။

အသင်းရဲ့ ရှယ်ယာတွေကို ဝယ်ယူလိုတဲ့ အသင်းပိုင်ရှင်သစ်တွေရဲ့ ဘယ်လို ကမ်းလှမ်းမှုမျိုးကိုမဆို လက်ခံစဉ်းစား သွားမှာဖြစ်တယ်လို့ FSG ကုမ္ပဏီက ကြေညာခဲ့ပြီးလည်း ဖြစ်ပါတယ်။

လက် ရှိအသင်းပိုင်ရှင်တွေဟာ လီဗာပူးကို ပြီးခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်မှာ ပေါင်သန်း ၃၀၀ နဲ့ ဝယ်ယူပိုင်ဆိုင်ခဲ့တာဖြစ်ပြီး အဲဒီအချိန်ကတည်းက အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

ပေါင်သန်း ၅၀ တန်ကြေးရှိပြီး အနုပညာရသမြောက် တဲ့ လေ့ကျင့်ကွင်းတစ်ခု ဖန်တီးတည်ဆောက်ပေးခဲ့သလို အသင်းကိုလည်း ဟိုယခင်က အောင်မြင်မှုတွေ

ပြန်လည်ရရှိအောင် ယူဆောင်ပေးနိုင်ခဲ့ပါ တယ်။ ၂၀၁၅ ခုနှစ်မှာ လက်ရှိနည်းပြ ဂျာဂင်ကလော့ပ်က အသင်းကို စတင် တာဝန်ယူခဲ့ပြီးတဲ့နောက်မှာ ပရီးမီးယားလိဂ်ဖလားကို

နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံး ပြန်လည်ရရှိခဲ့သလို ချန်ပီယံလိဂ်ဖလား၊ အက်ဖ်အေဖလားနဲ့ ခါရာ ဘောင်ဖလားတွေကိုလည်း ဆွတ်ခူးနိုင်ခဲ့တဲ့ အသင်းဖြစ်ပါတယ်။

အခုလက် ရှိမှာတော့ FSG ဟာ အသင်းပိုင်ရှင်သစ်တွေကို ရှာဖွေနေပြီး ဝယ်လက်တွေအတွက် လီဗာပူးအသင်းရဲ့ ပေါက်ဈေးက ပေါင် ၃.၅ ဘီလီယံဖြစ်တယ်လို့ သိရပါတယ်။

ဒါကြောင့် ကြိုးကြာနီကို ဝယ်ယူနိုင်ဖို့ အလားအလာရှိတဲ့ ပိုင်ရှင်သစ် ဆန်ခါတင် ၃ ဦးကို ဖော်ပြပေးလိုက်ပါတယ်။ ပထမကုမ္ပဏီကတော့ RedBird ရင်းနှီးမြှုပ်နှံမှု

ကုမ္ပဏီဖြစ်ပြီး မော်တော်ယာဉ်ကဏ္ဍတွေမှာ အဓိက လုပ်ကိုင်နေတဲ့ ကုမ္ပဏီဖြစ်သလို လီဗာပူးအသင်းရဲ့ ရှယ်ယာ ၁၀ ရာခိုင်နှုန်း ကိုလည်း လက်ရှိမှာ ပိုင်ဆိုင်ထားပါတယ်။

ဒုတိယတစ်ခုကတော့ အရှေ့အ လယ်ပိုင်းဒေသက အာရပ်စော်ဘွားတွေ ပိုင်ဆိုင်တဲ့ လုပ်ငန်းစုတစ်ခုပဲဖြစ်ပါ တယ်။ အဲဒီဒေသက လုပ်ငန်းရှင်တစ်ယောက်ဟာ

လီဗာပူးကို ပေါင် ၃ ဘီလီ ယံနဲ့ ဝယ်ယူဖို့ ကမ်းလှမ်းမှု ရှိထားတယ်လို့ Mirror သတင်းစာရဲ့ အဆိုအရ သိရပါတယ်။ နောက်ဆုံးလုပ်ငန်းရှင် တစ်ယောက်ကတော့

ဆာမာတင်ဘ ရော့တန်ဖြစ်ပြီး ဗြိတိန်လေကြောင်းလိုင်းကုမ္ပဏီဥက္ကဋ္ဌဟောင်း ဖြစ်တယ်လို့ သိရပါတယ်။ နောက်ပြီး ၂၀၁၀ ပြည့်နှစ်မှာလည်း

လီဗာပူးဥက္ကဋ္ဌရာထူးကို ကြားဖြတ်တာဝန် ထမ်းဆောင်ဖူးသူတစ်ယောက်လည်း ဖြစ်တယ်လို့ သိရ ပါတယ်။

(Zawgyi)

အေရာင္းစာရင္းတင္ထားတဲ့ လီဗာပူးကို လိုခ်င္ေနတဲ့ ဝယ္လက္ေတြက ဘယ္လို လူမ်ိဳးေတြလဲ

လီဗာပူးအသင္းကို ေရာင္းထုတ္ေတာ့မယ္လို႔ ၿပီးခဲ့တဲ့ တနလၤာေန႔မွာ လက္ရွိ ပိုင္ဆိုင္ေနတဲ့ FSG ကုမၸဏီက အံ့အားသင့္ဖြယ္ရာ ေၾကညာလိုက္တာေတာ့

အားလုံးသိၾကၿပီးသားပါ။ ဒါဆိုရင္ ႀကိဳးၾကာနီေတြကို ဝယ္ယူပိုင္ဆိုင္ခ်င္ေနတဲ့ အသင္းပိုင္ရွင္သစ္က ဘယ္လိုအဖြဲ႕အစည္းမ်ိဳး ျဖစ္မလဲဆိုတာေတာ့ အားလုံး သိခ်င္ေနၾကမယ္ ထင္ပါတယ္။

အသင္းရဲ႕ ရွယ္ယာေတြကို ဝယ္ယူလိုတဲ့ အသင္းပိုင္ရွင္သစ္ေတြရဲ႕ ဘယ္လို ကမ္းလွမ္းမႈမ်ိဳးကိုမဆို လက္ခံစဥ္းစား သြားမွာျဖစ္တယ္လို႔ FSG ကုမၸဏီက ေၾကညာခဲ့ၿပီးလည္း ျဖစ္ပါတယ္။

လက္ ရွိအသင္းပိုင္ရွင္ေတြဟာ လီဗာပူးကို ၿပီးခဲ့တဲ့ ၂၀၁၀ ျပည့္ႏွစ္မွာ ေပါင္သန္း ၃၀၀ နဲ႔ ဝယ္ယူပိုင္ဆိုင္ခဲ့တာျဖစ္ၿပီး အဲဒီအခ်ိန္ကတည္းက အဆင့္ျမႇင့္တင္မႈ ေတြ ျပဳလုပ္ခဲ့ပါတယ္။

ေပါင္သန္း ၅၀ တန္ေၾကးရွိၿပီး အႏုပညာရသေျမာက္ တဲ့ ေလ့က်င့္ကြင္းတစ္ခု ဖန္တီးတည္ေဆာက္ေပးခဲ့သလို အသင္းကိုလည္း ဟိုယခင္က ေအာင္ျမင္မႈေတြ

ျပန္လည္ရရွိေအာင္ ယူေဆာင္ေပးႏိုင္ခဲ့ပါ တယ္။ ၂၀၁၅ ခုႏွစ္မွာ လက္ရွိနည္းျပ ဂ်ာဂင္ကေလာ့ပ္က အသင္းကို စတင္ တာဝန္ယူခဲ့ၿပီးတဲ့ေနာက္မွာ ပရီးမီးယားလိဂ္ဖလားကို

ႏွစ္ေပါင္း ၃၀ အတြင္း ပထမဆုံး ျပန္လည္ရရွိခဲ့သလို ခ်န္ပီယံလိဂ္ဖလား၊ အက္ဖ္ေအဖလားနဲ႔ ခါရာ ေဘာင္ဖလားေတြကိုလည္း ဆြတ္ခူးႏိုင္ခဲ့တဲ့ အသင္းျဖစ္ပါတယ္။

အခုလက္ ရွိမွာေတာ့ FSG ဟာ အသင္းပိုင္ရွင္သစ္ေတြကို ရွာေဖြေနၿပီး ဝယ္လက္ေတြ အတြက္ လီဗာပူးအသင္းရဲ႕ ေပါက္ေဈးက ေပါင္ ၃.၅ ဘီလီယံျဖစ္တယ္လို႔ သိရပါတယ္။

ဒါေၾကာင့္ ႀကိဳးၾကာနီကို ဝယ္ယူႏိုင္ဖို႔ အလားအလာရွိတဲ့ ပိုင္ရွင္ သစ္ ဆန္ခါတင္ ၃ ဦးကို ေဖာ္ျပေပးလိုက္ပါတယ္။

ပထမကုမၸဏီကေတာ့ RedBird ရင္းႏွီးျမႇဳပ္ႏွံမႈ ကုမၸဏီျဖစ္ၿပီး ေမာ္ေတာ္ယာဥ္က႑ေတြမွာ အဓိက လုပ္ကိုင္ေနတဲ့

ကုမၸဏီျဖစ္သလို လီဗာပူးအသင္းရဲ႕ ရွယ္ယာ ၁၀ ရာခိုင္ႏႈန္း ကိုလည္း လက္ရွိမွာ ပိုင္ဆိုင္ထားပါတယ္။ ဒုတိယတစ္ခုကေတာ့ အေရွ႕အ လယ္ပိုင္းေဒသက

အာရပ္ေစာ္ဘြားေတြ ပိုင္ဆိုင္တဲ့ လုပ္ငန္းစုတစ္ခုပဲျဖစ္ပါ တယ္။ အဲဒီေဒသက လုပ္ငန္းရွင္တစ္ေယာက္ဟာ လီဗာပူးကို ေပါင္ ၃ ဘီလီ ယံနဲ႔ ဝယ္ယူဖို႔

ကမ္းလွမ္းမႈ ရွိထားတယ္လို႔ Mirror သတင္းစာရဲ႕ အဆိုအရ သိရပါတယ္။ ေနာက္ဆုံးလုပ္ငန္းရွင္ တစ္ေယာက္ကေတာ့

ဆာမာတင္ဘ ေရာ့တန္ျဖစ္ၿပီး ၿဗိတိန္ေလေၾကာင္းလိုင္းကုမၸဏီဥကၠ႒ေဟာင္း ျဖစ္တယ္လို႔ သိရပါတယ္။

ေနာက္ၿပီး ၂၀၁၀ ျပည့္ႏွစ္မွာလည္း လီဗာပူးဥကၠ႒ရာထူးကို ၾကားျဖတ္တာဝန္ ထမ္းေဆာင္ဖူးသူတစ္ေယာက္လည္း ျဖစ္တယ္လို႔ သိရ ပါတယ္။