ယူနိုက်တက်လူငယ်အသင်းကစားသမားလေးတွေရဲ့ မက်ဆီ-ရော်နယ်ဒို
အငြင်းအခုန်လုပ်နေတဲ့ဗီဒီယိုလေးတစ်ခုထွက်ပေါ်ခဲ့ရာမှာတော့
အဖြေကအလွန်ပြတ်သားခဲ့တာတွေ့ခဲ့ရပါတယ်။ ကလေးတွေရဲ့
ရွေးချယ်မှုဟာ သရဲနီကစားသမားဟောင်း ရော်နယ်ဒိုအတွက်
စိတ်ခုစရာတော့ဖြစ်နေမှာပါ။ ပီးယားစ်မော်ဂန်နဲ့ အင်တာဗျူးအပြီးမှာ
ပေါ်တူဂီကြယ်ပွင့်ကို ယူနိုက်တက်နဲ့ပက်သတ်သူအားလုံး
စိတ်ပျက်သွားသလားတော့မသိပါဘူး။ ယူနိုက်တက်မှာ ရော်နယ်ဒိုရဲ့
ဂုဏ်သိက္ခာက အတော်လေးကိုထိခိုက်ခဲ့တဲ့ပုံစံရှိခဲ့ပါတယ်။
ဘောလုံးနဲ့ပက်သတ်တဲ့ စူပါစတားနှစ်ယောက်ကိုရွေးချယ်ခိုင်းရာမှာတော့
လူငယ်လေးတွေရဲ့ အဖြေကတစ်ဖက်စောင်းနေခဲ့တာဖြစ်တယ်။
ဒီအစီအစဉ်ကို တင်ဆက်သူဟာ ကစားသမား ၆ယောက်နဲ့
နည်းပြတို့ကိုမေးမြန်းခဲ့ရာမှာ မက်ဆီက ရော်နယ်ဒိုကို ၇-၀ နဲ့
ကျော်ဖြတ်အနိုင်ရခဲ့ပါတယ်။ ဒီရွေးချယ်မှုထဲမှာ ယူနိုက်တက်နဲ့
ပက်သတ်တဲ့အမွေအနှစ်တွေကို ရော်နယ်ဒိုဘက်ကချိုးဖျက်ခဲ့တာကို
သိတဲ့သူတစ်ယောက်မျှမပါဝင်ခဲ့ပါဘူး။ အွန်လိုင်း ပရိသတ်တွေကလည်း
ကလေးတွေရဲ့ရွေးချယ်မှုနဲ့ပက်သတ်လို့ တုံ့ပြန်ပြောဆိုမှုတွေ
ပြုလုပ်ခဲ့ကြပါတယ်။ “သူတို့က ဘောလုံးကိုရိုးရိုးလေးသိတဲ့အတွက်
အဝေးကိုထွက်သွားကြတယ်” လို့ ပရိသတ်တစ်ယောက်က
မှတ်ချက်ပေးခဲ့သလို ဒုတိယတစ်ယောက်က “ဒါကြောင့် သူတို့ရဲ့
အကယ်ဒမီမှာ မက်ဆီ ဖိနပ်သန့်ရှင်းရေးလုပ်နေတဲ့ပုံရှိနေတာဖြစ်မယ်” လို့
တုံ့ပြန်ခဲ့ပါတယ်။ တတိယတစ်ယောက်ကတော့ “ကလေးတွေကတော့
သူတို့ရဲ့အမွေအနှစ်တွေကို ဖျက်စီးကုန်ပြီ” လို့ ရေးသားခဲ့သလို
စတုတ္ထတစ်ယောက်က “ပီးယာ့စ်မော်ဂန်နဲ့ အင်တာဗျူးမှာ
ရော်နယ်ဒို နာမည်ပျက်ခဲ့တယ်။ ကျွန်တော်တို့ကစားသမားလေးတွေဟာ
နည်းပြကိုလေးစားပြီး မက်ဆီလိုနှိမ့်ချတတ်တာမျိုးရုပ်လုံး
ပေါ်ခဲ့တဲ့အတွက် ဝမ်းသာတယ်” လို့ မှတ်ချက်ပေးခဲ့ပါတယ်။
zawgyi
အရောင်မဆိုးရသေးတဲ့ ယူနိုက်တက်လူငယ်တွေက မက်ဆီနဲ့ ရော်နယ်ဒိုကြားမှာ ဘယ်သူ့ကိုရွေးခဲ့ကြသလဲ