
ဘာစီလိုနာအသင်းနည်းပြ ဇာဗီက မန်စီးတီးကနေပေါင် ၄၇.၅ သန်းနဲ့ခေါ်ယူထားတဲ့
ဖာရန်တောရက်စ်ကို ဘဏ္ဍာရေးအခက်အခဲကြောင့်
အခုထိမှတ်ပုံတင်နိုင်ခြင်းမရှိသေးဘူးလို့ ထုတ်ပြောလိုက်ပါတယ်။
ဒါကြောင့်တောရက်စ်အနေနဲ့ ဘာစီလိုနာအတွက် ကစားခွင့်ရရှိဦးမှာမဟုတ်ပါဘူး။
ဘာစီလိုနာဟာအသက် ၂၁ နှစ်သာရှိသေးတဲ့ တောရက်စ်ကို
စုစုပေါင်းတန်ကြေးပေါင် ၅၅ သန်းနဲ့ခေါ်ယူပြီး စာချုပ်တန်ကြေးယူရိုတစ်ဘီလီယံနဲ့
လက်မှတ်ရေးထိုးထားတာပါ။ ဒါပေမယ့်သူတို့အတွက်ထိုးနှက်ချက်က
ဗလင်စီယာကစားသမားဟောင်းဖြစ်တဲ့ တောရက်စ်ကို လာလီဂါရဲ့
လစာကန့်သတ်ရေးစည်းမျဥ်းကြောင့် အခုထိမှတ်ပုံမတင်နိုင်သေးတာပါဘဲ။
ဘာစီလိုနာဟာပြီးခဲ့တဲ့နွေရာသီက ဒီပေး၊ အဲရစ်ဂါစီယာနဲ့ အဂူရိုတို့ကို
ခေါ်ယူခဲ့တုန်းကလည်း လစာကန့်သတ်မှုစည်းမျဥ်းကြောင့်
အချိန်မီမှတ်ပုံမတင်နိုင်တဲ့အဖြစ်နဲ့ ကြုံခဲ့ရပြီးပါပြီ။ ဒီပေးနဲ့ ဂါစီယာ တို့ကို
မှတ်ပုံတင်နိုင်ဖို့အတွက် နောက်ခံလူပီကေးက လစာလျှော့ချဖို့
သဘောတူခဲ့တာကြောင့်သာ ဩဂုတ် ၁၄ မှာတရားဝင်မှတ်ပုံတင်နိုင်ခဲ့တာပါ။
အဂူရို အတွက်လည်းရှိပြီးသား ကစားသမားတွေနဲ့ ညှိနှိုင်းခဲ့ရပြီး
ဘက်စ်ကွက်နဲ့ ဂျော်ဒီအယ်လ်ဘာတို့က သူတို့ရဲ့လစာလျှော့ချပေးခဲ့လို့သာ
စည်းမျဥ်းနဲ့ကိုက်ညီပြီးဩဂုတ် ၃၁ မှာမှတ်ပုံတင်နိုင်ခဲ့တာပါ။
ဒီလိုဖြစ်ရပ်တွေရှိရဲ့သားနဲ့ တောရက်စ်ကိုခေါ်ယူခဲ့တာဟာ အရင်ဖြစ်ခဲ့မှုတွေကနေ
သင်ခန်းစာမယူနိုင်သေးတာဖြစ်လို့ သူတို့ရဲ့စီမံခန့်ခွဲမှုတွေအတွက်လည်း
မေးခွန်းထုတ်ခံနေရပါတယ်။ လက်ရှိမှာ စာချုပ်သစ်ချုပ်ဖို့ငြင်းပယ်ထားတဲ့
ဒမ်ဘီလီ ကတောရက်စ်ကိုမှတ်ပုံတင်နိုင်ရေးမှာ အဓိကကျသူဖြစ်လာတယ်လို့လည်း
သိရပါတယ်။ ဘာစီလိုနာဟာ ဒမ်ဘီလီကိုလစာလျှော့ယူပြီး အသင်းမှာဆက်နေစေဖို့
စည်းရုံးနိုင်မှသာလျင် အဆင်ပြေမှာဖြစ်ပါတယ်။ ဒါ့အပြင် ဇာဗီက
ကစာသမားအချို့ကိုအငှားချခြင်းဒါမှမဟုတ်ရောင်းချခြင်းတို့ပြုလုပ်ပြီး
တောရက်စ်မှတ်ပုံတင်နိုင်အောင် လုပ်နေတယ်လို့လည်း ပြောခဲ့ပါတယ်။
ဘာစီလိုနာဟာ အကြွေးယူရိုတစ်ဘီလီယံကျော်တင်နေတဲ့အတွက်
သူတို့လစာပေးချေမှုကို လာလီဂါက ကန့်သတ်လိုက်တာကြောင့်
ဟန်ချက်ညီအောင်လုပ်နေရတာဖြစ်ပါတယ်။
zawgyi
အရင္ျဖစ္ခဲ့မႈေတြကေန သင္ခန္းစာမယူႏိုင္ေသးတဲ့ ဘာစီလိုနာ
ဘာစီလိုနာအသင္းနည္းျပ ဇာဗီက မန္စီးတီးကေနေပါင္ ၄၇.၅ သန္းနဲ႔ေခၚယူထားတဲ့
ဖာရန္ေတာရက္စ္ကို ဘ႑ာေရးအခက္အခဲေၾကာင့္
အခုထိမွတ္ပုံတင္ႏိုင္ျခင္းမရွိေသးဘူးလို႔ ထုတ္ေျပာလိုက္ပါတယ္။
ဒါေၾကာင့္ေတာရက္စ္အေနနဲ႔ ဘာစီလိုနာအတြက္ ကစားခြင့္ရရွိဦးမွာမဟုတ္ပါဘူး။
ဘာစီလိုနာဟာအသက္ ၂၁ ႏွစ္သာရွိေသးတဲ့ ေတာရက္စ္ကို
စုစုေပါင္းတန္ေၾကးေပါင္ ၅၅ သန္းနဲ႔ေခၚယူၿပီး စာခ်ဳပ္တန္ေၾကးယူ႐ိုတစ္ဘီလီယံနဲ႔
လက္မွတ္ေရးထိုးထားတာပါ။ ဒါေပမယ့္သူတို႔အတြက္ထိုးႏွက္ခ်က္က
ဗလင္စီယာကစားသမားေဟာင္းျဖစ္တဲ့ ေတာရက္စ္ကို လာလီဂါရဲ႕
လစာကန႔္သတ္ေရးစည္းမ်ဥ္းေၾကာင့္ အခုထိမွတ္ပုံမတင္ႏိုင္ေသးတာပါဘဲ။
ဘာစီလိုနာဟာၿပီးခဲ့တဲ့ေႏြရာသီက ဒီေပး၊ အဲရစ္ဂါစီယာနဲ႔ အဂူ႐ိုတို႔ကို
ေခၚယူခဲ့တုန္းကလည္း လစာကန႔္သတ္မႈစည္းမ်ဥ္းေၾကာင့္
အခ်ိန္မီမွတ္ပုံမတင္ႏိုင္တဲ့အျဖစ္နဲ႔ ႀကဳံခဲ့ရၿပီးပါၿပီ။ ဒီေပးနဲ႔ ဂါစီယာ တို႔ကို
မွတ္ပုံတင္ႏိုင္ဖို႔အတြက္ ေနာက္ခံလူပီေကးက လစာေလွ်ာ့ခ်ဖို႔
သေဘာတူခဲ့တာေၾကာင့္သာ ဩဂုတ္ ၁၄ မွာတရားဝင္မွတ္ပုံတင္ႏိုင္ခဲ့တာပါ။
အဂူ႐ို အတြက္လည္းရွိၿပီးသား ကစားသမားေတြနဲ႔ ညႇိႏႈိင္းခဲ့ရၿပီး
ဘက္စ္ကြက္နဲ႔ ေဂ်ာ္ဒီအယ္လ္ဘာတို႔က သူတို႔ရဲ႕လစာေလွ်ာ့ခ်ေပးခဲ့လို႔သာ
စည္းမ်ဥ္းနဲ႔ကိုက္ညီၿပီးဩဂုတ္ ၃၁ မွာမွတ္ပုံတင္ႏိုင္ခဲ့တာပါ။
ဒီလိုျဖစ္ရပ္ေတြရွိရဲ႕သားနဲ႔ ေတာရက္စ္ကိုေခၚယူခဲ့တာဟာ အရင္ျဖစ္ခဲ့မႈေတြကေန
သင္ခန္းစာမယူႏိုင္ေသးတာျဖစ္လို႔ သူတို႔ရဲ႕စီမံခန႔္ခြဲမႈေတြအတြက္လည္း
ေမးခြန္းထုတ္ခံေနရပါတယ္။ လက္ရွိမွာ စာခ်ဳပ္သစ္ခ်ဳပ္ဖို႔ျငင္းပယ္ထားတဲ့
ဒမ္ဘီလီ ကေတာရက္စ္ကိုမွတ္ပုံတင္ႏိုင္ေရးမွာ အဓိကက်သူျဖစ္လာတယ္လို႔လည္း
သိရပါတယ္။ ဘာစီလိုနာဟာ ဒမ္ဘီလီကိုလစာေလွ်ာ့ယူၿပီး အသင္းမွာဆက္ေနေစဖို႔
စည္း႐ုံးႏိုင္မွသာလ်င္ အဆင္ေျပမွာျဖစ္ပါတယ္။ ဒါ့အျပင္ ဇာဗီက
ကစာသမားအခ်ိဳ႕ကိုအငွားခ်ျခင္းဒါမွမဟုတ္ေရာင္းခ်ျခင္းတို႔ျပဳလုပ္ၿပီး
ေတာရက္စ္မွတ္ပုံတင္ႏိုင္ေအာင္ လုပ္ေနတယ္လို႔လည္း ေျပာခဲ့ပါတယ္။
ဘာစီလိုနာဟာ အေႂကြးယူ႐ိုတစ္ဘီလီယံေက်ာ္တင္ေနတဲ့အတြက္
သူတို႔လစာေပးေခ်မႈကို လာလီဂါက ကန႔္သတ္လိုက္တာေၾကာင့္
ဟန္ခ်က္ညီေအာင္လုပ္ေနရတာျဖစ္ပါတယ္။