အရင်တုန်းကသင်ခန်းစာကြောင့် တောရက်စ်ရဲ့စာချုပ်ပါတန်ကြေး စာချုပ်ထဲမှာ ထည့်သွင်းချုပ်ဆို

ဘာစီလိုနာအသင်းဟာ မန်စီးတီးအသင်းတိုက်စစ်မှူး ဖာရန်တောရက်စ်ကို

ပြောင်းရွှေ့ကြေးပေါင် ၅၅ သန်းနဲ့ခေါ်ယူနိုင်ခဲ့ပြီဖြစ် ကြောင်း

အင်္ဂါနေ့ကကြေညာလိုက်ပါတယ်။ သူ့ရဲမူရင်းတန်ကြေးဟာ

ပေါင် ၄၆.၇ သန်းဖြစ်ပြီးအခြားထပ်ဆောင်းကြေးတွေပါ ပေါင်းလိုက်ရင်

ပေါင် ၅၅ သန်းအထိရှိလာမှာဖြစ်ပါတယ်။ အသက် ၂၁ နှစ်ရှိပြီဖြစ်တဲ့

တောရက်စ်ဟာ တနင်္လာနေ့တုန်းကဆေး စစ်ပြီးနောက် ၅ နှစ်စာချုပ်ကို

လက်မှတ်ရေးထိုးလိုက်တာဖြစ်ပါတယ်။

ဘာစီလိုနာဟာ အရင်တုန်းကသင်ခန်းစာကြောင့် တောရက်စ်ရဲ့စာချုပ်ပါတန်ကြေး

(စာချုပ်ဖျက်သိမ်းကြေး)ကို ယူရိုတစ်ဘီလီယံ(ပေါင် ၈၄၁ သန်း) သတ်မှတ်ပြီ

းစာချုပ်ထဲမှာထည့် သွင်းချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။

ဘာစီလိုနာဟာနေမာရဲ့စာချုပ်တန်ကြေးကိုယူရို ၂၂၂ သန်းအထိ

သတ်မှတ်ခဲ့ပေမယ့် ပီအက် စ်ဂျီအသင်းက ၂၀၁၇ မှာအဲဒီတန်ကြေးအတိုင်းပေးပြီး

ဝယ်သွားလို့ ဘာမှမတတ်နိုင်ဘဲလက်လွှတ်လိုက်ရတဲ့ ဖြစ်ရပ်ကြောင့်

အခု လိုမျိုးတောရက်စ်ရဲ့စာချုပ်တန်ကြေးကို ယူရိုတစ်ဘီလီယံအထိ

သတ်မှတ်လိုက်တာဖြစ်ပါတယ်။ အဲဒီကာတာလန်ကလပ်ဟာ

သူတို့ရဲ့လူငယ်ကစားသာမးတွေဖြစ်တဲ့ ဂါဗီ၊ ပီဒရီနဲ့ ဖာတီ တို့ကို

စာချုပ်သစ်ချုပ်ရာမှာလည်း စာချုပ်တန်ကြေးကို

ယူရိုတစ်ဘီလီယံသတ် မှတ်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာဟာ

ဆောင်းရာသီဈေးကွက်တရားဝင်ဖွင့်လှစ်ပြီးချိန်ဖြစ်တဲ့ ဇန်နဝါရီ ၃ မှာ

တောရက်စ်ကိုတရားဝင်မိတ်ဆက်သွားမှာ ဖြစ်ပါတယ်။

ဘာစီလိုနာရဲ့တရားဝင်ဝက်ဘ်ဆိုက်ကနေပြီး ထုတ်ပြန်တဲ့ ဗီဒီယိုဖိုင်ထဲမှာ

လူငယ်တွေဖြစ်တဲ့ ပီဒရီ၊ ဖာတီနဲ့ မန်စီး တီး ကစားဖော်ဟောင်း

အဲရစ်ဂါစီယာ တို့နဲ့အတူ တောရက်စ်လည်းပါဝင်ခဲ့ပြီး” ဟယ်လို။ ဘာစီလိုနာကို

ဒီကနေ့မှာပြောင်းနိုင် ခဲ့လို့ အရမ်းကိုပျော်နေပါတယ်။

မကြာခင်တွေ့ကြမယ်” လို့ပြောသွားပါတယ်။

သူဟာနည်းပြသစ် ဇာဗီလက်ထက်မှာ ပထမဆုံး လက်မှတ်ရေးထိုးခေါ်ယူနိုင်ခဲ့တဲ့

ကစားသမားလည်းဖြစ်ပါတယ်။ ဗလင်စီယာတိုက်စစ်မှူးဟောင်းဖြစ်တဲ့

တောရက်စ်ဟာ ပြီးခဲ့ တဲ့ ၂၀၂၀ ဩဂုတ်လကမှ မန်စီးတီးကိုပြောင်းသွားတာဖြစ်ပြီး

တစ်နှစ်ကျော်သာကြာသေးတဲ့အချိန်မှာ စပိန်ကိုပြန်လည်ရောက်ရှိ ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအတွက် ပြိုင်ပွဲအရပ်ရပ် ၄၃ ပွဲကစားပြီး ၁၆ ဂိုးသွင်းခဲ့တဲ့တောရက်စ်ဟာ

စပိန်အသင်းအတွက် ၂၂ ပွဲကစားပြီး ၁၂ ဂိုးသွင်းထားပါတယ်။

zawgyi

အရင္တုန္းကသင္ခန္းစာေၾကာင့္ ေတာရက္စ္ရဲ႕စာခ်ဳပ္ပါတန္ေၾကး စာခ်ဳပ္ထဲမွာ ထည့္သြင္းခ်ဳပ္ဆို

ဘာစီလိုနာအသင္းဟာ မန္စီးတီးအသင္းတိုက္စစ္မႉး ဖာရန္ေတာရက္စ္ကို

ေျပာင္းေ႐ႊ႕ေၾကးေပါင္ ၅၅ သန္းနဲ႔ေခၚယူႏိုင္ခဲ့ၿပီျဖစ္ ေၾကာင္း

အဂၤါေန႔ကေၾကညာလိုက္ပါတယ္။ သူ႔ရဲမူရင္းတန္ေၾကးဟာ

ေပါင္ ၄၆.၇ သန္းျဖစ္ၿပီးအျခားထပ္ေဆာင္းေၾကးေတြပါ ေပါင္းလိုက္ရင္

ေပါင္ ၅၅ သန္းအထိရွိလာမွာျဖစ္ပါတယ္။ အသက္ ၂၁ ႏွစ္ရွိၿပီျဖစ္တဲ့

ေတာရက္စ္ဟာ တနလၤာေန႔တုန္းကေဆး စစ္ၿပီးေနာက္ ၅ ႏွစ္စာခ်ဳပ္ကို

လက္မွတ္ေရးထိုးလိုက္တာျဖစ္ပါတယ္။ ဘာစီလိုနာဟာ

အရင္တုန္းကသင္ခန္းစာေၾကာင့္ ေတာရက္စ္ရဲ႕စာခ်ဳပ္ပါတန္ေၾကး

(စာခ်ဳပ္ဖ်က္သိမ္းေၾကး)ကို ယူ႐ိုတစ္ဘီလီယံ(ေပါင္ ၈၄၁ သန္း) သတ္မွတ္ၿပီ

းစာခ်ဳပ္ထဲမွာထည့္ သြင္းခ်ဳပ္ဆိုခဲ့တယ္လို႔သိရပါတယ္။

ဘာစီလိုနာဟာေနမာရဲ႕စာခ်ဳပ္တန္ေၾကးကိုယူ႐ို ၂၂၂ သန္းအထိ

သတ္မွတ္ခဲ့ေပမယ့္ ပီအက္ စ္ဂ်ီအသင္းက ၂၀၁၇ မွာအဲဒီတန္ေၾကးအတိုင္းေပးၿပီး

ဝယ္သြားလို႔ ဘာမွမတတ္ႏိုင္ဘဲလက္လႊတ္လိုက္ရတဲ့ ျဖစ္ရပ္ေၾကာင့္

အခု လိုမ်ိဳးေတာရက္စ္ရဲ႕စာခ်ဳပ္တန္ေၾကးကို ယူ႐ိုတစ္ဘီလီယံအထိ

သတ္မွတ္လိုက္တာျဖစ္ပါတယ္။ အဲဒီကာတာလန္ကလပ္ဟာ

သူတို႔ရဲ႕လူငယ္ကစားသာမးေတြျဖစ္တဲ့ ဂါဗီ၊ ပီဒရီနဲ႔ ဖာတီ တို႔ကို

စာခ်ဳပ္သစ္ခ်ဳပ္ရာမွာလည္း စာခ်ဳပ္တန္ေၾကးကို

ယူ႐ိုတစ္ဘီလီယံသတ္ မွတ္ခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာဟာ

ေဆာင္းရာသီေဈးကြက္တရားဝင္ဖြင့္လွစ္ၿပီးခ်ိန္ျဖစ္တဲ့ ဇန္နဝါရီ ၃ မွာ

ေတာရက္စ္ကိုတရားဝင္မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

ဘာစီလိုနာရဲ႕တရားဝင္ဝက္ဘ္ဆိုက္ကေနၿပီး ထုတ္ျပန္တဲ့ ဗီဒီယိုဖိုင္ထဲမွ

ာလူငယ္ေတြျဖစ္တဲ့ ပီဒရီ၊ ဖာတီနဲ႔ မန္စီး တီး ကစားေဖာ္ေဟာင္း

အဲရစ္ဂါစီယာ တို႔နဲ႔အတူ ေတာရက္စ္လည္းပါဝင္ခဲ့ၿပီး” ဟယ္လို။ ဘာစီလိုနာကို

ဒီကေန႔မွာေျပာင္းႏိုင္ ခဲ့လို႔ အရမ္းကိုေပ်ာ္ေနပါတယ္။

မၾကာခင္ေတြ႕ၾကမယ္” လို႔ေျပာသြားပါတယ္။

သူဟာနည္းျပသစ္ ဇာဗီလက္ထက္မွာ ပထမဆုံး လက္မွတ္ေရးထိုးေခၚယူႏိုင္ခဲ့တဲ့

ကစားသမားလည္းျဖစ္ပါတယ္။ ဗလင္စီယာတိုက္စစ္မႉးေဟာင္းျဖစ္တဲ့

ေတာရက္စ္ဟာ ၿပီးခဲ့ တဲ့ ၂၀၂၀ ဩဂုတ္လကမွ မန္စီးတီးကိုေျပာင္းသြားတာျဖစ္ၿပီး

တစ္ႏွစ္ေက်ာ္သာၾကာေသးတဲ့အခ်ိန္မွာ စပိန္ကိုျပန္လည္ေရာက္ရွိ ခဲ့တာျဖစ္ပါတယ္။

မန္စီးတီးအတြက္ ၿပိဳင္ပြဲအရပ္ရပ္ ၄၃ ပြဲကစားၿပီး ၁၆ ဂိုးသြင္းခဲ့တဲ့ေတာရက္စ္ဟာ

စပိန္အသင္းအတြက္ ၂၂ ပြဲကစားၿပီး ၁၂ ဂိုးသြင္းထားပါတယ္။