အယ်လ်ဗာရက်ဇ်နဲ့အတူ ဟာလန်းနဲ့ ဒီဂျောင်တို့ကိုပါ ခေါ်ယူနိုင်ဖို့ မန်စီးတီး ပြင်ဆင်

မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာဟာ ရာသီသစ်

ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ရေးအတွက် နွေရာသီမှာ
အသင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေရာ
အနည်းဆုံး ကစားသမားသစ် ၃ဦးအထိ
ခေါ်ယူဖွယ်ရှိနေကြောင်း သိရပါတယ်။
အာဂျင်တီးနားတိုက်စစ်မှူး ဟူလီယန်အယ်လ်ဗာရက်ဇ်ဟာ

ဇန်နဝါရီလက ရေးဗားပလိတ်ကနေ ပေါင် ၁၄သန်းနဲ့
ပြောင်းရွှေ့ဖို့ သဘောတူညီထားပြီးဖြစ်ကာ
နွေရာသီမှာ မန်စီးတီးနဲ့ လာရောက်ပူးပေါင်းမှာဖြစ်ပါတယ်။
ဒ့ါအပြင် မန်စီးတီးဟာ ရီးရဲလ်အသင်းရဲ့
ပစ်မှတ်ဖြစ်နေတဲ့ ဒေါ့မွန်တိုက်စစ်မှူး ဟာလန်းကိုလည်း

ခေါ်ယူနိုင်ဖို့ များနေပြီး ဒေါ့မွန်နဲ့ စာချုပ်ဖျက်သိမ်းကြေး
ရှိနေတဲ့ ကစားသမားဖြစ်သူကလည်း သူ့ဖခင်ရဲ့
အသင်းဟောင်းကနေ ကမ်းလှမ်းထားတဲ့
ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်တွေအပေါ် လက်သင့်ခံဖွယ်ရှိနေပါတယ်။
ဂွါဒီယိုလာဟာ အသက် ၃၇ နှစ်အရွယ်ရှိ အသင်းခေါင်းဆောင်

ဖာနန်ဒင်ဟိုရဲ့နေရာမှာ အစားထိုးဖို့အတွက် ဗဟိုကွင်းလယ်လူတစ်ဦး
ရှာဖွေနေပြီး ဖာနန်ဒင်ဟိုက ၉နှစ်ကြာကစားလာတဲ့ မန်စီးတီးကနေ
ရာသီအကုန်မှာ ဘရာဇီးကို ပြန်တော့မှာဖြစ်ပါတယ်။
ဒက်ကလန်ရိုက်စ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့်
ဝက်စ်ဟမ်းအသင်းက ပေါင်သန်း ၁၅၀ အထိ

အလိုရှိနေလို့ ပျက်ပြယ်ဖွယ်ရှိနေပြီး
ဘဏ္ဍာရေးပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့
ဘာစီလိုနာအသင်းက နယ်သာလန်လက်ရွေးစင်
ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားလာနိုင်ပါတယ်။
ဒ့ါအပြင် ဂွါဒီယိုလာဟာ အသင်းမှာ ကာလရှည်ကစားလာတဲ့

အသင်းသားအများစုကို အပြောင်းအလဲလုပ်ဖွယ်ရှိနေပြီး
စတာလင်း၊ ဂျေးဆူ၊ မာရက်ဇ်နဲ့ ဂန်ဒိုဂန်တို့က
အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးဖို့
တစ်နှစ်ကျော်ပဲ ကျန်ပါတော့တယ်။
တကယ်လို့ နွေရာသီဈေးကွက်အတွင်း

အဆိုပါကစားသမားတွေအတွက် သင့်တော်တဲ့
ကမ်းလှမ်းမှုတွေ လက်ခံရရှိရင် မန်စီးတီးအသင်းဘက်က
ထွက်ခွာခွင့်ပေးဖွယ်ရှိနေပြီး ဘယ်နောက်ခံလူနေရာအတွက်လည်း
အင်အားဖြည့်တင်းမှုတွေ ပြုလုပ်ဖွယ်ရှိနေပါတယ်။

Zawgyi

အယ္လ္ဗာရက္ဇ္နဲ႔အတူ ဟာလန္းနဲ႔ ဒီေဂ်ာင္တုိ႔ကိုပါ ေခၚယူႏုိင္ဖုိ႔ မန္စီးတီး ျပင္ဆင္
မန္စီးတီးအသင္းနည္းျပ ဂြါဒီယိုလာဟာ ရာသီသစ္
ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ ဗိုလ္စြဲႏိုင္ေရးအတြက္ ေႏြရာသီမွာ

အသင္းကို အင္အားျဖည့္တင္းဖို႔ ျပင္ဆင္ေနရာ
အနည္းဆုံး ကစားသမားသစ္ ၃ဦးအထိ
ေခၚယူဖြယ္ရွိေနေၾကာင္း သိရပါတယ္။
အာဂ်င္တီးနားတုိက္စစ္မွဴး ဟူလီယန္အယ္လ္ဗာရက္ဇ္ဟာ
ဇန္န၀ါရီလက ေရးဗားပလိတ္ကေန ေပါင္ ၁၄သန္းနဲ႔

ေျပာင္းေရႊ႕ဖို႔ သေဘာတူညီထားၿပီးျဖစ္ကာ
ေႏြရာသီမွာ မန္စီးတီးနဲ႔ လာေရာက္ပူးေပါင္းမွာျဖစ္ပါတယ္။
ဒ့ါအျပင္ မန္စီးတီးဟာ ရီးရဲလ္အသင္းရဲ႕
ပစ္မွတ္ျဖစ္ေနတဲ့ ေဒါ့မြန္တုိက္စစ္မွဴး ဟာလန္းကိုလည္း
ေခၚယူႏုိင္ဖို႔ မ်ားေနၿပီး ေဒါ့မြန္နဲ႔ စာခ်ဳပ္ဖ်က္သိမ္းေၾကး

ရိွေနတဲ့ ကစားသမားျဖစ္သူကလည္း သူ႕ဖခင္ရဲ႕
အသင္းေဟာင္းကေန ကမ္းလွမ္းထားတဲ့
ပုဂၢိဳလ္ေရးဆိုင္ရာအခ်က္ေတြအေပၚ လက္သင့္ခံဖြယ္ရွိေနပါတယ္။
ဂြါဒီယိုလာဟာ အသက္ ၃၇ ႏွစ္အရြယ္ရွိ အသင္းေခါင္းေဆာင္
ဖာနန္ဒင္ဟုိရဲ႕ေနရာမွာ အစားထိုးဖို႔အတြက္ ဗဟိုကြင္းလယ္လူတစ္ဦး

ရွာေဖြေနၿပီး ဖာနန္ဒင္ဟိုက ၉ႏွစ္ၾကာကစားလာတဲ့ မန္စီးတီးကေန
ရာသီအကုန္မွာ ဘရာဇီးကို ျပန္ေတာ့မွာျဖစ္ပါတယ္။
ဒက္ကလန္ရိုက္စ္ကို ေခၚယူဖို႔ စိတ္၀င္စားေနေပမယ့္
၀က္စ္ဟမ္းအသင္းက ေပါင္သန္း ၁၅၀ အထိ
အလိုရွိေနလုိ႔ ပ်က္ျပယ္ဖြယ္ရွိေနၿပီး

ဘ႑ာေရးျပႆနာေတြနဲ႔ ရင္ဆိုင္ေနရတဲ့
ဘာစီလိုနာအသင္းက နယ္သာလန္လက္ေရြးစင္
ဒီေဂ်ာင္ကို ေခၚယူဖို႔ ႀကိဳးစားလာႏိုင္ပါတယ္။
ဒ့ါအျပင္ ဂြါဒီယိုလာဟာ အသင္းမွာ ကာလရွည္ကစားလာတဲ့
အသင္းသားအမ်ားစုကို အေျပာင္းအလဲလုပ္ဖြယ္ရွိေနၿပီး

စတာလင္း၊ ေဂ်းဆူ၊ မာရက္ဇ္နဲ႔ ဂန္ဒိုဂန္တုိ႔က
အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးဖို႔
တစ္ႏွစ္ေက်ာ္ပဲ က်န္ပါေတာ့တယ္။
တကယ္လုိ႔ ေႏြရာသီေစ်းကြက္အတြင္း
အဆိုပါကစားသမားေတြအတြက္ သင့္ေတာ္တဲ့

ကမ္းလွမ္းမႈေတြ လက္ခံရရွိရင္ မန္စီးတီးအသင္းဘက္က
ထြက္ခြာခြင့္ေပးဖြယ္ရွိေနၿပီး ဘယ္ေနာက္ခံလူေနရာအတြက္လည္း
အင္အားျဖည့္တင္းမႈေတြ ျပဳလုပ္ဖြယ္ရွိေနပါတယ္။