အယ်လ်ချီနဲ့ပွဲမှာ ကမ္ဘာ့အထူးဆန်းဆုံးအဝါကတ် ပြသခံလိုက်ရတဲ့ ခရူးစ်

ရီးရဲလ်ကွင်းလယ်လူ တိုနီခရူးစ်ဟာ အယ်လ်ချီကို

အနိုင်ရခဲ့တဲ့ စပိန်ဘုရင့်ဖလားပွဲမှာ
တစ္ဆေဖျက်ထုတ်မှုလို့ ပြောရမယ့်အရာကြောင့်
လုံးဝအဓိပ္ပာယ်မရှိတဲ့ အဝါကတ်
ပြသခံလိုက်ရလို့ နားမလည်နိုင်ဖြစ်သွားရပါတယ်။
ရီးရဲလ်ဟာ မိနစ် ၉၀အတွင်း

ဂိုးမသွင်းနိုင်သလို အချိန်ပိုမှာလည်း
ဦးဆောင်ဂိုးပေးလိုက်ရပေမယ့် အစ္စကိုနဲ့
ဟာဇက်တို့က ဂိုးတွေ တောက်လျှောက်
သွင်းယူနိုင်ခဲ့လို့ အချိန်ပိုအပြီးမှာ
၁-၂ ဂိုးနဲ့အနိုင်ယူကာ စပိန်ဘုရင့်ဖလား

ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။
အဲဒီပွဲမှာ လူစားဝင်လာပြီးနောက် လှပတဲ့ဂိုးအဖြစ်
ဟာဇက်က ရှေ့ထွက်လာတဲ့ဂိုးသမားကိုပါ
လိမ်ပြီး ဂိုးသမားမရှိတော့တဲ့ ဂိုးပေါက်ထဲ
အဝေးကနေ ဘယ်ခြေနဲ့ ထောင့်ဖြတ်

ကန်သွင်းခဲ့တာဖြစ်ပြီး သူဂိုးးသွင်းနိုင်မှုက
ဒီပွဲရဲ့အဓိကပြောစရာအချက်တစ်ချက်
ဖြစ်ပေမယ့် တိုနီခရူးစ်
ပလိန်းကြီး အဝါကတ်ပြသခံရတာက
ဒီပွဲရဲ့ပြောစရာအကောင်းဆုံးဖြစ်ရပ်ဖြစ်ပါတယ်။


အယ်လ်ချီတောင်ပံကစားသမား မိုရန်တီက
စကေးပြမယ်ဆိုပြီး ဘောလုံးကို ညာခြေနဲ့
ထိန်းကာ ဘယ်ခြေနဲ့ နောက်ပြန်ထွက်ဖို့

ကြိုးစားပါတယ်။
အဲဒီမှာ ဘယ်ခြေနဲ့ နောက်ပြန်အထွက်မှာ
ဘောလုံးကို မထိလို့ အရှိန်လွန်ပြီး
မြက်ခင်းပေါ် ကျသွားပါတယ်။
ကံဆိုးသူမောင်ရှင်ကတော့ ခရူးစ်ဖြစ်ပြီး

မိုရန်တီနားမှာ ရှိနေတာက အဝါကတ်
ပြသခံရဖို့ လုံလောက်တဲ့ကိစ္စဖြစ်သွားပါတယ်။
ခရူးစ်ဟာ မိုရန်တီကို ထိတောင်မထိဘဲနဲ့
အနီးအနားမှာရှိတဲ့ ကွ်ငးလယ်ဒိုင်က
ပေါ်တင်ကြီး အဝါကတ်ပြလိုက်တာဖြစ်ပြီး

လူမှုမီဒီယာမှာ ပရိသတ်တွေက ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။


”ခရူးစ်ကို အဝါကတ်ပြသတဲ့ဆုံးဖြတ်ချက်က
ကျွန်တော်မြင်ဖူးသမျှ အဆိုးရွားဆုံး ဆုံးဖြတ်ချက်ပါပဲ”

”ဒိုင်လူကြီးက သူ့ရှေ့မှာတင် အယ်လ်ချီကစားသမား
ဒိုင်ဗင်ပစ်ပြတာကို မမြင်ဘဲ ခရူးစ်ကို
အဝါကတ်ပြလိုက်တယ်ပေါ့။ ယုံနိုင်စရာတောင်မရှိဘူး”လို့
ပရိသတ်တွေက အသီးသီးဝေဖန်ခဲ့ကြပါတယ်။