ကာဒစ်ဇ်အသင်းကတော့ ပြီးခဲ့တဲ့ အယ်လ်ချီနဲ့ လာလီဂါပွဲစဉ်မှာ
သူတို့ရဲ့နစ်နာမှုအတွက် စပိန်တော်ဝင်ဘောလုံးအဖွဲ့ချုပ်ထံကို
အစီရင်ခံစာတင်သွင်းလိုက်ပြီဖြစ်ပါတယ်။ ဒီပွဲစဉ်မှာတော့
အိမ်ရှင်ကာဒစ်ဇ်ဟာ ပွဲချိန် ၇ မိနစ်မှာတင် အဖွင့်ဂိုးစရခဲ့ပြီး
တချိန်လုံးထိန်းကစားနိုင်ခဲ့ပေမဲ့ ၈၁ မိနစ် အရောက်မှာတော့
ချေပဂိုးပေးခဲ့ရတာဖြစ်တယ်။ အယ်လ်ချီအတွက် ချေပဂိုးကို
လူစားဝင်ကစားသမား ပွန်စီကခေါင်းတိုက်သွင်းယူခဲ့တာပါ။
ဒီသွင်းဂိုးရဲ့မြစ်ဖျားခံရာကိုကြည့်ရင်တော့ ဂိုးသွင်းခဲ့တဲ့ ပွန်စီဟာ
ပထမဆုံးဘောလုံးထိချက်မှာကတည်းက လူကျွံအနေအထားရှိခဲ့ပြီး
ဒါကို စည်းကြပ်ဒိုင်နဲ့ VAR က အဆုံးအထိအမိမဖမ်းနိုင်ခဲ့တာဖြစ်တယ်။
ကာဒစ်ဇ်အတွက်တော့ အရမ်းကိုနစ်နာစရာဖြစ်ခဲ့ပြီး
အိမ်ရှင်တွေဟာ ဒီပွဲကိုနိုင်ခဲ့ရင် အမှတ်ပေးဇယား အဆင့် ၁၄
နေရာအထိတက်လှမ်းနိုင်မှာဖြစ်ပေမဲ့ သရေကျခဲ့တာကြောင့်
၁၆ မှတ်နဲ့ တန်းဆင်းဇုန်ထဲမှာဆက်လက်ရပ်တည်ခဲ့ရပါတယ်။
ပွဲအပြီးမှာတော့ ကာဒစ်ဇ်အသင်းဟာ စပိန်ဘောလုံးအဖွဲ့ချုပ်ထံ
အစီရင်ခံစာတင်ခဲ့ပြီး ချေပဂိုးမရခင်အထိ လက်ကျန်ပွဲချိန်
၉မိနစ်ကို ပြန်ကစားခွင့်ပေးဖို့တောင်းဆိုခဲ့သလို ဒီလိုမှ
မဟုတ်ရင်တော့ အရေးယူမှုတွေပြုလုပ်မယ်လို့ခြိမ်းခြောက်
လာခဲ့တာဖြစ်တယ်။ သူတို့ရဲ့တောင်းဆိုချက်ထဲမှာတော့
အယ်လ်ချီရဲ့ချေပသွင်းဂိုးက လူသားတစ်ယောက်
အမှားဆိုတာမျိုးမှာအခြေမခံဘူးလို့ ဆိုခဲ့ပါတယ်။
ဒါပေမဲ့ စပိန်ဘောလုံးအဖွဲ့ချုပ်ချမှတ်ထားတဲ့ ဥပဒေတွေကိုတော့
ချိုးဖောက်တယ်လို့ ကာဒစ်ဇ်အသင်းဘက်ကယုံကြည်နေတာဖြစ်တယ်။
အရာအားလုံးကိုပြန်ခြုံကြည့်ရင်လည်း ကာဒစ်ဇ်ပေးလိုက်ရတဲ့
ချေပဂိုးဟာ တကယ့်ကိုလူကျွံအနေအထားကခွင့်ပြု
ခဲ့ရတာမျိုးဖြစ်ပြီး အရမ်းကိုနစ်နာခဲ့ရတာပါ။
zawgyi
အယ်လ်ချီနဲ့ပွဲကို ၉ မိနစ် ပြန်ကစားပေးဖို့တောင်းဆိုနေပြီး အရေးယူမှုတွေပြုလုပ်မယ်လို့ ကာဒစ်ဇ်အသင်း ခြိမ်းခြောက်လာ