အယ်လ်ကလက်စီကိုမှာ ပိုပြီးရင့်ကျက်တဲ့အသင်းနိုင်သွားတာပါလို့ အလွမ်းဇာတ်ခင်းလိုက်ရပြန်တဲ့ ဇာဗီ

ရီးရဲလ်နဲ့ပွဲမှာအကောင်းဆုံးမလုပ်နိုင်တော့သလို အသင်းရဲ့အ​ြခေအနေအရပ်ရပ်ကို ချက်ချင်းပြင်ဆင်ရတော့မယ်လို့ ဘာစီလိုနာနည်းပြဇာဗီက ဝမ်းနည်းစွာဆိုခဲ့ပါတယ်။

ချန်ပီယံလိဂ်မှာ အင်တာကိုရှုံးအပြီးအလွန်နာကျင်ခံစားနေရတဲ့ပုံစံပြသခဲ့တဲ့ ဇာဗီတစ် ယောက်တော့ အလွမ်းဇာတ်ထဲမှာပဲသံသရာလည်နေရတာဖြစ်ပါတယ်။

သမိုင်းဝင်တဲ့ အကြိမ် ၂၅၀ မြောက်အယ်ကလက်စီကိုမှာ ရီးရဲလ်ကသက်သောင့်သက်သာနိုင်ပွဲရခဲ့ပြီး ဘာစီလိုနာကတော့ ဒီရာသီလာလီဂါပထမဆုံးရှုံးပွဲနဲ့ရင်ဆိုင်ခဲ့ရပါတယ်။

“ကိုယ့်ကိုယ်ကိုယ် ဝေဖန်ရတော့မယ်။ ကျွန်တော်တို့ဘာတစ်ခုမှကောင်းအောင်မလုပ်နိုင်ခဲ့ဘူး။ အလွန် ဆိုးရွားတဲ့အရွေ့တစ်ခုဖြစ်ပြီး ချက်ချင်းပြောင်းလဲဖို့လိုအပ်ပါတယ်။

ခံစားချက်မကောင်းသလို စိတ်လည်းပျက်မိပါတယ်။ လုပ်သင့်သလောက်မလုပ်နိုင်ခဲ့ဘူး။ ရီးရဲလ်ကကျွန်တော်တို့ကိုအလဲအကွဲအနိုင်ယူသွားတာမဟုတ်ပေမဲ့ သူတို့မှာရင့်ကျက်မှု ရှိနေပါတယ်။

ပိုကောင်းအောင်ဘယ်လိုလုပ်ရမလဲ သူတို့သိတယ်၊ လက်ရှိမှာ သူတို့က ကျွန်တော်တို့ထက်ပြီးပြည့်စုံပြီး ရင့်ကျက်တဲ့အသင်းပါ။ ကစားသမားတွေကိုအမြဲတမ်းအပြစ်မတင်ချင်သလို လုပ်ဖြစ်မှာလည်းမဟုတ်ပါဘူး။

ကျွန်တော်က ဒီသင်္ဘောရဲ့ကပ္ပတိန်ဖြစ်လို့ အရာအားလုံးကိုတာဝန်ယူပါတယ်” လို့ ပွဲအပြီးမှာ ဇာဗီက ရင်ဖွင့်ခဲ့ပါတယ်။

ဘာစီလိုနာဟာ ဒီပွဲရှုံးခဲ့တာကြောင့် လာလီဂါအမှတ်ပေးဇယားဦးဆောင်သူနေရာကို ရီးရဲလ်ဆီလွှဲပြောင်းပေးလိုက်ရပါတယ်။

(Zawgyi)

သမိုင္းဝင္အယ္လ္ကလက္စီကိုမွာ ပိုၿပီးရင့္က်က္တဲ့အသင္းႏိုင္သြားတာပါလို႔ အလြမ္းဇာတ္ခင္းလိုက္ရျပန္တဲ့ ဇာဗီ

ရီးရဲလ္နဲ႔ပြဲမွာအေကာင္းဆုံးမလုပ္ႏိုင္ေတာ့သလို အသင္းရဲ႕အ​ျေခအေနအရပ္ရပ္ကို ခ်က္ခ်င္းျပင္ဆင္ရေတာ့မယ္လို႔ ဘာစီလိုနာနည္းျပဇာဗီက ဝမ္းနည္းစြာဆိုခဲ့ပါတယ္။

ခ်န္ပီယံလိဂ္မွာ အင္တာကိုရႈံးအၿပီးအလြန္နာက်င္ခံစားေနရတဲ့ပုံစံျပသခဲ့တဲ့ ဇာဗီတစ္ ေယာက္ေတာ့ အလြမ္းဇာတ္ထဲမွာပဲသံသရာလည္ေနရတာျဖစ္ပါတယ္။

သမိုင္းဝင္တဲ့ အႀကိမ္ ၂၅၀ ေျမာက္အယ္ကလက္စီကိုမွာ ရီးရဲလ္ကသက္ေသာင့္သက္သာႏိုင္ပြဲရခဲ့ၿပီး ဘာစီလိုနာကေတာ့ ဒီရာသီလာလီဂါပထမဆုံးရႈံးပြဲနဲ႔ရင္ဆိုင္ခဲ့ရပါတယ္။

“ကိုယ့္ကိုကိုယ္ ေဝဖန္ရေတာ့မယ္။ ကြၽန္ေတာ္တို႔ဘာတစ္ခုမွေကာင္းေအာင္မလုပ္ႏိုင္ခဲ့ဘူး။

အလြန္ ဆိုး႐ြားတဲ့အေ႐ြ႕တစ္ခုျဖစ္ၿပီး ခ်က္ခ်င္းေျပာင္းလဲဖို႔လိုအပ္ပါတယ္။ ခံစားခ်က္မ ေကာင္းသလို စိတ္လည္းပ်က္မိပါတယ္။ လုပ္သင့္သေလာက္မလုပ္ႏိုင္ခဲ့ဘူး။

မက္ဒ ရစ္ကကြၽန္ေတာ္တို႔ကိုအလဲအကြဲအႏိုင္ယူသြားတာမဟုတ္ေပမဲ့ သူတို႔မွာရင့္က်က္မႈ ရွိေနပါတယ္။

ပိုေကာင္းေအာင္ဘယ္လိုလုပ္ရမလဲ သူတို႔သိတယ္၊ လက္ရွိမွာ သူတို႔က ကြၽန္ေတာ္တို႔ထက္ၿပီးျပည့္စုံၿပီး ရင့္က်က္တဲ့အသင္းပါ။

ကစားသမားေတြကိုအၿမဲတမ္းအျပစ္မတင္ခ်င္သလို လုပ္ျဖစ္မွာလည္းမဟုတ္ပါဘူး။ ကြၽန္ေတာ္က ဒီသေဘၤာရဲ႕ကပၸတိန္ျဖစ္လို႔ အရာအားလုံးကိုတာဝန္ယူပါတယ္” လို႔ ပြဲအၿပီးမွာ ဇာဗီက ရင္ဖြင့္ခဲ့ပါတယ္။

ဘာစီလိုနာဟာ ဒီပြဲရႈံးခဲ့တာေၾကာင့္ လာလီဂါအ မွတ္ေပးဇယားဦးေဆာင္သူေနရာကို ရီးရဲလ္ဆီလႊဲေျပာင္းေပးလိုက္ရပါတယ္။