အယ်လ်ကလက်စီကိုဒါဘီပွဲကို ရီးရဲလ်တိုက်စစ်မှူး ဘန်ဇီးမား လွဲချော်

ရီးရဲလ်အတွက် အဓိကထိုးနှက်ချက်အဖြစ်

အားထားရတဲ့ ကြယ်ပွင့်တိုက်စစ်မှူး ဘန်ဇီးမားဟာ
ခြေသလုံးကြွက်သားဒဏ်ရာကြောင့် အိမ်ကွင်းမှာကစားရမယ့်
ဘာစီလိုနာနဲ့ အယ်လ်ကလက်စီကိုဒါဘီပွဲကို
လွဲချော်ရတော့မှာဖြစ်ပါတယ်။
အသက် ၃၄ နှစ်အရွယ်ရှိ ဘန်ဇီးမားဟာ စနေနေ့က

ပြုလုပ်တဲ့အသင်းရဲ့ ထရိန်နင်မှာ မပါဝင်နိုင်ခဲ့ဘဲ
ယခုအခါ ဧပြီလအတွင်း ကစားရမယ့်
ချဲလ်ဆီးနဲ့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ်
ပ-အကျော့ပွဲစဉ်အတွက် ကြံ့ခိုင်မှုအပြည့်ရနေစေဖို့ပဲ
ကြိုးစားဖွယ်ရှိနေပါတယ်။

ပြင်သစ်လက်ရွေးစင် ဘန်ဇီးမားဟာ တနင်္လာညက
မာယော့ကာကို ဝ-၃ ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ
၂ဂိုးသွင်း၊ ၁ဂိုးဖန်တီးပေးခဲ့ပေမယ့် ခြေသလုံးကြွက်သားဒဏ်ရာ
ရခဲ့တာဖြစ်ပြီး ဘယ်နောက်ခံလူ ဖာလန်းမန်ဒီက
တံကောက်ကြောဒဏ်ရာကြောင့် ၂ပတ်ကြာ

အနားယူရမယ်လို့ ရီးရဲလ်က အတည်ပြုပါတယ်။
ဒါပေမဲ့ မာယော့ကာနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့
လူငယ်တိုက်စစ်မှူး ရိုဒရီဂိုကတော့ စနေနေ့က
ထရိန်နင်မှာ အသင်းဖော်တွေနဲ့အတူ ပါဝင်နိုင်ခဲ့ပြီး
မနက်ဖြန်မှာ ကစားရမယ့်အယ်လ်ကလက်စီကိုပွဲမှာ

ပါဝင်လာဖို့ ရာခိုင်နှုန်းများနေပါတယ်။
ဘန်ဇီးမားဟာ ယခုရာသီလာလီဂါမှာ ထိပ်တန်း
ဂိုးသွင်းဘုရင်အဖြစ် ရပ်တည်နေပြီး လိဂ် ၂၅ပွဲမှာ
၂၂ဂိုးသွင်း၊ ၁၁ ဂိုး ဖန်တီးပေးထားရာ ရီးရဲလ်
ရရှိထားတဲ့ ၅၉ ဂိုးအနက် ၃၃ ဂိုးအထိ တိုက်ရိုက်ပါဝင်ပတ်သက်ထားပါတယ်။

ဘန်ဇီးမားမပါနိုင်လို့ နည်းပြအန်ဆယ်လော့တီအနေနဲ့
ဘာစီလိုနာနဲ့ပွဲမှာ ဂျိုဗစ် ဒါမှမဟုတ် မာရီယာနိုတစ်ဦးဦးကို
ထုတ်သုံးလာနိုင်ပေမယ့် ဒီရာသီမှာ သူတို့နှစ်ဦးပေါင်းသွင်းဂိုးက
လိဂ်သွင်းဂိုး ၁ဂိုးပဲ ရှိထားပါတယ်။
ရီးရဲလ်ဟာ ၂၈ပွဲကစား ၆၆ မှတ်နဲ့ ထိပ်ဆုံးကနေ

ဦးဆောင်နေပြီး ဒုတိယနေရာက ဆီဗီလာကို
၁၀ မှတ်၊ တတိယနေရာက ဘာစီလိုနာကို
၁၅ မှတ်အထိ ဖြတ်ထားပါတယ်။

Zawgyi

အယ္လ္ကလက္စီကိုဒါဘီပြဲကို ရီးရဲလ္တုိက္စစ္မွဴး ဘန္ဇီးမား လြဲေခ်ာ္
ရီးရဲလ္အတြက္ အဓိကထိုးႏွက္ခ်က္အျဖစ္
အားထားရတဲ့ ၾကယ္ပြင့္တုိက္စစ္မွဴး ဘန္ဇီးမားဟာ
ေျခသလုံးၾကြက္သားဒဏ္ရာေၾကာင့္ အိမ္ကြင္းမွာကစားရမယ့္

ဘာစီလုိနာနဲ႔ အယ္လ္ကလက္စီကိုဒါဘီပြဲကို
လြဲေခ်ာ္ရေတာ့မွာျဖစ္ပါတယ္။
အသက္ ၃၄ ႏွစ္အရြယ္ရွိ ဘန္ဇီးမားဟာ စေနေန႔က
ျပဳလုပ္တဲ့အသင္းရဲ႕ ထရိန္နင္မွာ မပါ၀င္ႏိုင္ခဲ့ဘဲ
ယခုအခါ ဧၿပီလအတြင္း ကစားရမယ့္

ခ်ဲလ္ဆီးနဲ႔ ခ်န္ပီယံလိဂ္ကြာတားဖို္င္နယ္
ပ-အေက်ာ့ပြဲစဥ္အတြက္ ႀကံ့ခိုင္မႈအျပည့္ရေနေစဖို႔ပဲ
ႀကိဳးစားဖြယ္ရွိေနပါတယ္။
ျပင္သစ္လက္ေရြးစင္ ဘန္ဇီးမားဟာ တနလၤာညက
မာေယာ့ကာကို ၀-၃ ဂိုးနဲ႔အႏိုင္ရခ့ဲတဲ့ပြဲမွာ

၂ဂိုးသြင္း၊ ၁ဂိုးဖန္တီးေပးခဲ့ေပမယ့္ ေျခသလုံးၾကြက္သားဒဏ္ရာ
ရခဲ့တာျဖစ္ၿပီး ဘယ္ေနာက္ခံလူ ဖာလန္းမန္ဒီက
တံေကာက္ေၾကာဒဏ္ရာေၾကာင့္ ၂ပတ္ၾကာ
အနားယူရမယ္လုိ႔ ရီးရဲလ္က အတည္ျပဳပါတယ္။
ဒါေပမဲ့ မာေယာ့ကာနဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့

လူငယ္တိုက္စစ္မွဴး ရိုဒရီဂိုကေတာ့ စေနေန႔က
ထရိန္နင္မွာ အသင္းေဖာ္ေတြနဲ႔အတူ ပါ၀င္ႏိုင္ခဲ့ၿပီး
မနက္ျဖန္မွာ ကစားရမယ့္အယ္လ္ကလက္စီကိုပြဲမွာ
ပါ၀င္လာဖို႔ ရာခိုင္ႏႈန္းမ်ားေနပါတယ္။
ဘန္ဇီးမားဟာ ယခုရာသီလာလီဂါမွာ ထိပ္တန္း

ဂိုးသြင္းဘုရင္အျဖစ္ ရပ္တည္ေနၿပီး လိဂ္ ၂၅ပြဲမွာ
၂၂ဂိုးသြင္း၊ ၁၁ ဂိုး ဖန္တီးေပးထားရာ ရီးရဲလ္
ရရွိထားတဲ့ ၅၉ ဂိုးအနက္ ၃၃ ဂိုးအထိ တုိက္ရိုက္ပါ၀င္ပတ္သက္ထားပါတယ္။
ဘန္ဇီးမားမပါႏုိင္လုိ႔ နည္းျပအန္ဆယ္ေလာ့တီအေနနဲ႔
ဘာစီလုိနာနဲ႔ပြဲမွာ ဂ်ိဳဗစ္ ဒါမွမဟုတ္ မာရီယာႏိုတစ္ဦးဦးကို

ထုတ္သုံးလာႏိုင္ေပမယ့္ ဒီရာသီမွာ သူတုိ႔ႏွစ္ဦးေပါင္းသြင္းဂိုးက
လိဂ္သြင္းဂိုး ၁ဂိုးပဲ ရွိထားပါတယ္။
ရီးရဲလ္ဟာ ၂၈ပြဲကစား ၆၆ မွတ္နဲ႔ ထိပ္ဆုံးကေန
ဦးေဆာင္ေနၿပီး ဒုတိယေနရာက ဆီဗီလာကုိ
၁၀ မွတ္၊ တတိယေနရာက ဘာစီလုိနာကို

၁၅ မွတ္အထိ ျဖတ္ထားပါတယ္။