အယ်လ်ကန်တာရာ ၆ ပတ်နားရတော့မှာဖြစ်ပေမယ့် လူမဝယ်ဘဲတောင့်ထားမယ်ဆိုတဲ့ ဂျာဂင်ကလော့ပ်

ဖူလ်ဟမ်ကို ၂-၂ ဂိုးရလဒ်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ တံကောက်ကြော ဒဏ်ရာကြောင့် လီဗာပူးကွင်းလယ်လူ သီယာဂို အယ်လ်ကန်တာရာဟာ သီတင်းပတ် ၆ ပတ်ကြာအထိ အနားယူရတော့မယ်လို့ Daily Mail သတင်း စာက ဖော်ပြပါတယ်။

အဆိုပါပွဲစဉ်မှာ ဒီစပိန်လက်ရွေးစင်ကွင်းလယ်လူဟာ တံကောက်ကြောဒဏ်ရာရရှိခဲ့လို့ ပွဲချိန် မိနစ် ၅၀ အတွင်းမှာပဲ လူစားလဲခံခဲ့ရပါတယ်။ ဒါကြောင့် သူဟာ လာမယ့် စက်တင်ဘာလ အလယ်လောက်အထိ အနားယူရတော့မှာပဲ ဖြစ်ပါတယ်။

ဒီလိုဆိုတဲ့အတွက် အယ်လ်ကန်တာရာဟာ ခရစ္စတယ်ပဲလေ့စ်၊ မန်ယူ၊ ဘုန်းမောက်၊ နယူးကာဆယ်၊ အဲဗာတန်၊ ဝုဗ်အသင်းတို့နဲ့ ကစားမယ့်ပွဲစဉ်တွေကို လွဲချော်တော့မှာပါ။ အဓိက ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ အယ်လ်ကန်တာရာ ဒဏ်ရာရသွားတဲ့သတင်းဟာ

နည်းပြ ဂျာဂင်ကလော့ပ်အတွက် သတင်းဆိုးတစ်ခုဖြစ်သလို ဒဏ်ရာပြဿနာတွေကြောင့် ချိန်ဘာလိန်နဲ့ ကာတစ်ဂျုးစ်တို့ကို ဆုံးရှုံးထားရတဲ့ လီဗာပူးကွင်းလယ်အတွက်လည်း ထိုးနှက်ချက်တစ်ရပ် ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြ ကလော့ပ်ကတော့ ဒဏ်ရာပြဿနာတွေ ကြီးစိုးနေတဲ့

ကွင်းလယ်ပိုင်းကို ကုစားနိုင်ဖို့အတွက် အလျင်စလို ဈေးဝယ်ထွက်မှာ မဟုတ် သလို အဲဒီကစားသမားတွေနေရာမှာ အစားထိုးဖို့အတွက် ဈေးကွက်အတွင်း ကို ဝင်ရောက်လာမှာလည်း မဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုထားပါတယ်။ ‘’ဒါက ကောင်းတဲ့ အခြေအနေတစ်ခုတော့ မဟုတ်ပါဘူး။

ကျွန်တော်ကိုယ် တိုင်လည်း မနှစ်မြို့ပါဘူး။ ဒီအပေါ်မှာ ကျွန်တော်တို့ ဘယ် လိုတုံ့ပြန်ရမယ်ဆိုတာကို ကြည့်ရမယ်။ ဒါပေမဲ့ သေချာတာကတော့ အလျင် စလို ဝယ်ယူတာမျုးတွေ မလုပ်ပါဘူး’’ လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။

အယ်လ်ကန်တာရာဟာ လွန်ခဲ့တဲ့ ၂ နှစ်အကြာတုန်းက ဘိုင်ယန်မြူး နစ်ကနေပြီး ပြောင်းရွှေ့ကြေး ပေါင် ၂၅ သန်းနဲ့ အန်ဖီးလ်ကို ရောက်ရှိလာခဲ့ပြီးတဲ့နောက် အဆင်မပြေမှုပေါင်းစုံကို ကြံ့ကြံံခံပြီး ရှေ့ဆက်နိုင်ခဲ့တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။

ဒဏ်ရာပြဿနာပေါင်းစုံနဲ့ ကျန်းမာရေး မကောင်းမှုတွေကြားကနေပြီး ၂၀၂၀-၂၁ ဘောလုံးရာသီမှာ လိဂ်ပွဲစဉ် ၂၄ ပွဲ ပါဝင်ကစားပေးခဲ့သလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း လိဂ် ၃၈ ပွဲမှာ ၂၅ ပွဲအထိ ပါဝင်ကစားပေးခဲ့သူဖြစ်ပါတယ်။

(zawgyi)

ဖူလ္ဟမ္ကို ၂-၂ ဂိုးရလဒ္နဲ႔ သေရက်ခဲ့တဲ့ ပြဲစဥ္မွာ ရရွိခဲ့တဲ့ တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ လီဗာပူးကြင္းလယ္လူ သီယာဂို အယ္လ္ကန္တာရာဟာ သီတင္းပတ္ ၆ ပတ္ၾကာအထိ အနားယူရေတာ့မယ္လို႔ Daily Mail သတင္း စာက ေဖာ္ျပပါတယ္။

အဆိုပါပြဲစဥ္မွာ ဒီစပိန္လက္ေ႐ြးစင္ကြင္းလယ္လူဟာ တံေကာက္ေၾကာဒဏ္ရာရရွိခဲ့လို႔ ပြဲခ်ိန္ မိနစ္ ၅၀ အတြင္းမွာပဲ လူစားလဲခံခဲ့ရပါတယ္။ ဒါေၾကာင့္ သူဟာ လာမယ့္ စက္တင္ဘာလ အလယ္ေလာက္အထိ အနားယူရေတာ့မွာပဲ ျဖစ္ပါတယ္။ ဒီလိုဆိုတဲ့အတြက္ အယ္လ္ကန္တာရာဟာ

ခရစၥတယ္ပဲေလ့စ္၊ မန္ယူ၊ ဘုန္းေမာက္၊ နယူးကာဆယ္၊ အဲဗာတန္၊ ဝုဗ္အသင္းတို႔နဲ႔ ကစားမယ့္ပြဲစဥ္ေတြကို လြဲေခ်ာ္ေတာ့မွာပါ။ အဓိက ကြင္းလယ္ကစားသမားတစ္ဦးျဖစ္တဲ့ အယ္လ္ကန္တာရာ ဒဏ္ရာရသြားတဲ့သတင္းဟာ နည္းျပ ဂ်ာဂင္ကေလာ့ပ္အတြက္ သတင္းဆိုးတစ္ခုျဖစ္သလို

ဒဏ္ရာျပႆနာေတြေၾကာင့္ ခ်ိန္ဘာလိန္နဲ႔ ကာတစ္ဂ်ဳးစ္တို႔ကို ဆုံးရႈံးထားရတဲ့ လီဗာပူးကြင္းလယ္အတြက္လည္း ထိုးႏွက္ခ်က္တစ္ရပ္ ျဖစ္ခဲ့ပါတယ္။ ဒါေပမဲ့ နည္းျပ ကေလာ့ပ္ကေတာ့ ဒဏ္ရာျပႆနာေတြ ႀကီးစိုးေနတဲ့ ကြင္းလယ္ပိုင္းကို ကုစားႏိုင္ဖို႔အတြက္ အလ်င္စလို ေဈးဝယ္ထြက္မွာ မဟုတ္ သလို

အဲဒီကစားသမားေတြေနရာမွာ အစားထိုးဖို႔အတြက္ ေဈးကြက္အတြင္း ကို ဝင္ေရာက္လာမွာလည္း မဟုတ္ဘူးလို႔ အခိုင္အမာ ေျပာဆိုထားပါတယ္။ ‘’ဒါက ေကာင္းတဲ့ အေျခအေနတစ္ခုေတာ့ မဟုတ္ပါဘူး။ ကြၽန္ေတာ္ကိုယ္ တိုင္လည္း မႏွစ္ၿမိဳ႕ပါဘူး။

ဒီအေပၚမွာ ကြၽန္ေတာ္တို႔ ဘယ္ လိုတုံ႔ျပန္ရမယ္ဆိုတာကို ၾကည့္ရမယ္။ ဒါေပမဲ့ ေသခ်ာတာကေတာ့ အလ်င္ စလို ဝယ္ယူတာမ်ဳးေတြ မလုပ္ပါဘူး’’ လို႔ ကေလာ့ပ္က ေျပာၾကားခဲ့ပါတယ္။ အယ္လ္ကန္တာရာဟာ လြန္ခဲ့တဲ့ ၂ ႏွစ္အၾကာတုန္းက

ဘိုင္ယန္ျမဴး နစ္ကေနၿပီး ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၂၅ သန္းနဲ႔ အန္ဖီးလ္ကို ေရာက္ရွိလာခဲ့ၿပီးတဲ့ေနာက္ အဆင္မေျပမႈေပါင္းစုံကို ႀကံ့ႀကံံခံၿပီး ေရွ႕ဆက္ႏိုင္ခဲ့တဲ့ ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။

ဒဏ္ရာျပႆနာေပါင္းစုံနဲ႔ က်န္းမာေရး မေကာင္းမႈေတြၾကားကေနၿပီး ၂၀၂၀-၂၁ ေဘာလုံးရာသီမွာ လိဂ္ပြဲစဥ္ ၂၄ ပြဲ ပါဝင္ကစားေပးခဲ့သလို ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာလည္း လိဂ္ ၃၈ ပြဲမွာ ၂၅ ပြဲအထိ ပါဝင္ကစားေပးခဲ့သူျဖစ္ပါတယ္။