
အပြောင်းအရွှေ့နောက်ဆုံးရက်မှာ ဗန်ဒီဘိခ်ကို အငှားခေါ်ယူနိုင်ခဲ့တဲ့
အဲဗာတန်ဟာ အပြောင်းအရွှေ့မပိတ်ခင်လေးမှာလည်း
စပါးကွင်းလယ်လူဒယ်လီအယ်လီကို ခေါ်ယူနိုင်ခဲ့ပါတယ်။
အဲဗာတန်ဟာ နည်းပြသစ်အနေနဲ့ လမ်းပတ်ကို ကြေညာခဲ့ပြီး
၂၄ နာရီအတွင်းမှာပဲ လူသိများတဲ့ကွင်းလယ်လူနှစ်ယောက်ကို ခေါ်ယူနိုင်ခဲ့တာပါ။
မာဆေးဆိုဒ်ဒေသအခြေစိုက်သင်းဟာ
အဲဒီအင်္ဂလန်လက်ရွေးစင်ကစားသမားကို ၂ နှစ်ခွဲစာချုပ်ခဲ့ပါတယ်။
ဒါပေမဲ့ အယ်လီရဲ့အဲဗာတန်အပြောင်းအရွှေ့က
အခြေအနေပေါ်မူတည်တဲ့စာချုပ်စာတမ်းနဲ့ဖြစ်နေတာပါ။
အဲဗာတန်က သူ့ကို အလွတ်ခေါ်ယူနိုင်ခဲ့တယ်ဆိုပေမယ့်
ပွဲ ၂၀ ကစားပြီးတာနဲ့ စပါးကို ပေါင် ၁၀ သန်းပေးရမှာ ဖြစ်ပါတယ်။
ဒီရာသီပရီးမီးယားလိဂ်မှာ အဲဗာတန်ဟာ ၁၈ ပွဲသာ
ကျန်တော့တာဖြစ်ပြီး အယ်လီက အက်ဖ်အေဖလားမှာလည်း
စပါးအတွက်ပါဝင်ထားလို့ cup-tied မိထားလို့
အဲဒီပေါင် ၁၀ သန်းက နောက်ရာသီရောက်မှ သေချာပေါက်ပေးရမှာပါ။
ဒါ့အပြင် အယ်လီရဲ့အပြောင်းအရွှေ့မှာ စွမ်းဆောင်မှုအပေါ်မူတည်တဲ့
ထပ်ဆောင်းကြေးတွေလည်း ပါဝင်လို့ အဲဗာတန်ဟာ ဒီအပြောင်းအရွှေ့မှာ
စုစုပေါင်သန်း ၃၀ ဝန်းကျင်ကုန်ကျနိုင်ပါတယ်။
အယ်လီဟာ စပါးမှာ ၇ နှစ်ကြာကစားခဲ့ပြီးနောက်
မြောက်လန်ဒန်ကနေ ထွက်ခွာခဲ့တာပါ။
သူဟာ စပါးအတွက် ၂၆၉ ပွဲမှာ ၆၇ ဂိုးသွင်း၊ ၆၁ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။
အင်္ဂလန်အတွက်လည်း ၃၇ ပွဲကစားပေးထားတဲ့
အယ်လီဟာ ၂၅ နှစ်သာရှိသေးလို့ သူ့ကစားသမားဘ၀
ပြန်လည်တည့်မတ်ဖို့ အချိန်အများကြီးရပါသေးတယ်။
zawgyi
အယ္လီရဲ႕ အဲဗာတန္အေျပာင္းအေ႐ႊ႕က အေျခအေနေပၚမူတည္တဲ့စာခ်ဳပ္စာတမ္းနဲ႔ျဖစ္
အေျပာင္းအေ႐ႊ႕ေနာက္ဆုံးရက္မွာ ဗန္ဒီဘိခ္ကို အငွားေခၚယူႏိုင္ခဲ့တဲ့
အဲဗာတန္ဟာ အေျပာင္းအေ႐ႊ႕မပိတ္ခင္ေလးမွာလည္း
စပါးကြင္းလယ္လူဒယ္လီအယ္လီကို ေခၚယူႏိုင္ခဲ့ပါတယ္။
အဲဗာတန္ဟာ နည္းျပသစ္အေနနဲ႔ လမ္းပတ္ကို ေၾကညာခဲ့ၿပီး
၂၄ နာရီအတြင္းမွာပဲ လူသိမ်ားတဲ့ကြင္းလယ္လူႏွစ္ေယာက္ကို ေခၚယူႏိုင္ခဲ့တာပါ။
မာေဆးဆိုဒ္ေဒသအေျခစိုက္သင္းဟာ
အဲဒီအဂၤလန္လက္ေ႐ြးစင္ကစားသမားကို ၂ ႏွစ္ခြဲစာခ်ဳပ္ခဲ့ပါတယ္။
ဒါေပမဲ့ အယ္လီရဲ႕အဲဗာတန္အေျပာင္းအေ႐ႊ႕က
အေျခအေနေပၚမူတည္တဲ့စာခ်ဳပ္စာတမ္းနဲ႔ျဖစ္ေနတာပါ။
အဲဗာတန္က သူ႔ကို အလြတ္ေခၚယူႏိုင္ခဲ့တယ္ဆိုေပမယ့္
ပြဲ ၂၀ ကစားၿပီးတာနဲ႔ စပါးကို ေပါင္ ၁၀ သန္းေပးရမွာ ျဖစ္ပါတယ္။
ဒီရာသီပရီးမီးယားလိဂ္မွာ အဲဗာတန္ဟာ ၁၈ ပြဲသာ
က်န္ေတာ့တာျဖစ္ၿပီး အယ္လီက အက္ဖ္ေအဖလားမွာလည္း
စပါးအတြက္ပါဝင္ထားလို႔ cup-tied မိထားလို႔
အဲဒီေပါင္ ၁၀ သန္းက ေနာက္ရာသီေရာက္မွ ေသခ်ာေပါက္ေပးရမွာပါ။
ဒါ့အျပင္ အယ္လီရဲ႕အေျပာင္းအေ႐ႊ႕မွာ စြမ္းေဆာင္မႈအေပၚမူတည္တဲ့
ထပ္ေဆာင္းေၾကးေတြလည္း ပါဝင္လို႔ အဲဗာတန္ဟာ ဒီအေျပာင္းအေ႐ႊ႕မွာ
စုစုေပါင္သန္း ၃၀ ဝန္းက်င္ကုန္က်ႏိုင္ပါတယ္။
အယ္လီဟာ စပါးမွာ ၇ ႏွစ္ၾကာကစားခဲ့ၿပီးေနာက္ ေျမာက္လန္ဒန္ကေန ထြက္ခြာခဲ့တာပါ။
သူဟာ စပါးအတြက္ ၂၆၉ ပြဲမွာ ၆၇ ဂိုးသြင္း၊ ၆၁ ဂိုးဖန္တီးေပးႏိုင္ခဲ့ပါတယ္။
အဂၤလန္အတြက္လည္း ၃၇ ပြဲကစားေပးထားတဲ့
အယ္လီဟာ ၂၅ ႏွစ္သာရွိေသးလို႔ သူ႔ကစားသမားဘ၀
ျပန္လည္တည့္မတ္ဖို႔ အခ်ိန္အမ်ားႀကီးရပါေသးတယ္။