
အဂူရိုဟာ ပရော်ဖက်ရှင်နယ် ကစားသမား ဘဝကို အာဂျင်တီးနား ကလပ်
Independiente မှာ စတင် ခဲ့သူ ဖြစ်ပါတယ် ။
အဲဒီနောက်မှာတော့ အက်သလက်တီကို မက်ဒရစ် ၊ မန်စီးတီး အသင်းတွေမှာ
ကစားပြီး အောင်မြင်မှုတွေ ရယူ နိုင်ခဲ့ပါတယ် ။
ပြီးခဲ့တဲ့နှစ်မှာတော့ အဂူရိုဟာ ဘာစီလိုနာအသင်းကို ပြောင်းရွှေ့ ကစားခဲ့ပြီး
လေးပွဲသာ ကစားရသေးတဲ့ အချိန်မှာ နှလုံး ပြဿနာကြောင့်
ဆရာဝန်တွေရဲ့ အကြံပေးချက် အရ ကစားသမား ဘဝကနေ
အနားယူ လိုက်ရပါတယ် ။
မန်စီးတီး တိုက်စစ်သမားသစ် ဂျူလီယန် အယ်ဗာရက်ဇ် အနေနဲ့
ပက်ဂွာဒီယိုလာရဲ့ ကစားပုံမှာ ဘယ်လိုအံဝင်မလဲဆိုတာ
မစဉ်းစားတတ်ဘူးလို့ ဆာဂျီယို အဂူရိုက ဝန်ခံခဲ့ပါတယ်။
“ ဂျူလီယန်က တကယ်ကို ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုပါ။
ကျွန်တော် သူနဲ့ ရင်းနှီးပါတယ်။ အာဂျင်တီးနား လက်ရွေးစင်အသင်းမှာ
အတူရှိခဲ့တုန်းက ကျွန်တော်တို့တွေ အမြဲတမ်း ပျော်ရွှင်ခဲ့ရပါတယ်။
သူက ကျွန်တော့်ကို သိချင်တာတွေ မေးတယ်။
တိုက်စစ်ကစားသမား တစ်ယောက်အနေနဲ့
ကျွန်တော့်ရဲ့ အတွေ့အကြုံတွေကို ကျွန်တော် ပြောပြတတ်ပါတယ်။”
“သူ့ကို ကျွန်တော် သဘောကျပါတယ်။ ဒါပေမယ့် စီးတီးမှာ
သူ့ကို ဘယ်လို အသုံးချမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ရမှာပဲ။
သူ့ကို နံပါတ် ၉ ဗဟိုတိုက်စစ်မှူး အနေနဲ့
အသုံးချသွားမလားဆိုတာ ကျွန်တော်မသိဘူး။
ဘာလို့လဲဆိုတော့ သူက ဟိုပြေးဒီပြေး လျှောက်သွားချင်တဲ့ သူမျိုးပါ
ကျွန်တော်သာဆိုရင်တော့ သူ့ကို အရှေ့မှာထားပြီး
နေရာစုံ ပြေးလွှားကစားစေပြီး ခံစစ်ကြောင်းတွေကို ချိုးဖောက်ခိုင်းမှာပါ။”
“ဘာလို့လဲဆိုတော့ သူက အရမ်းကို လှုပ်ရှားတတ်တဲ့
ဘောလုံးသမားတစ်ယောက်ပဲ။ ဗဟို တိုက်စစ်မှူး ဒါမှမဟုတ်
ကွင်းလယ်တိုက်စစ် ဒါမှမဟုတ် တောင်ပံကစားသမားအနေနဲ့
သူ့ကို ကစားစေချင်ပါတယ်။ တစ်ခုရှိတာက မန်စီးတီး၊ ပက်ဂွာဒီယိုလာတို့က
အဲဒီလို ဗဟိုတိုက်စစ်မှူးမျိုး သုံးလေ့ မရှိတာပဲ ”
“ ကျွန်တော် အဲဒီမှာတုန်းက တိုက်စစ်မှူးအနေနဲ့ ကစားခဲ့ရလို့ ကံကောင်းပါတယ်။
ကျွန်တော်က နံပါတ် ၉ ကစားသမားလေ။
ဒါပေမယ့် ပက်က အဲဒီလို တိုက်စစ်မှူးမျိုးနဲ့ သိပ်ကစားလေ့ မရှိဘူး။
အဲဒါက သူ့ရဲ့ ဗျူဟာပဲ။ စီးတီးမှာ ဂျူလီယန် ဘယ်နေရာမှာ
အံဝင်နိုင်မလဲဆိုတာ ကျွန်တော် တကယ်ကို မသိဘူး” လို့ အဂူရိုက ပြောဆိုခဲ့ပါတယ်။
zawgyi
အယ္ဗာရက္ဇ္ အေနနဲ႔ ပက္ဂြာဒီယိုလာရဲ႕ ကစားပုံမွာ ဘယ္လိုအံဝင္မလဲဆိုတာ မစဥ္းစားတတ္ဘူးလို႔ အဂူ႐ိုေျပာ
အဂူ႐ိုဟာ ပေရာ္ဖက္ရွင္နယ္ ကစားသမား ဘဝကို အာဂ်င္တီးနား ကလပ္
Independiente မွာ စတင္ ခဲ့သူ ျဖစ္ပါတယ္ ။
အဲဒီေနာက္မွာေတာ့ အက္သလက္တီကို မက္ဒရစ္ ၊ မန္စီးတီး အသင္းေတြမွာ
ကစားၿပီး ေအာင္ျမင္မႈေတြ ရယူ ႏိုင္ခဲ့ပါတယ္ ။
ၿပီးခဲ့တဲ့ႏွစ္မွာေတာ့ အဂူ႐ိုဟာ ဘာစီလိုနာအသင္းကို ေျပာင္းေ႐ႊ႕ ကစားခဲ့ၿပီး
ေလးပြဲသာ ကစားရေသးတဲ့ အခ်ိန္မွာ ႏွလုံး ျပႆနာေၾကာင့္
ဆရာဝန္ေတြရဲ႕ အႀကံေပးခ်က္ အရ ကစားသမား ဘဝကေန
အနားယူ လိုက္ရပါတယ္ ။
မန္စီးတီး တိုက္စစ္သမားသစ္ ဂ်ဴလီယန္ အယ္ဗာရက္ဇ္ အေနနဲ႔
ပက္ဂြာဒီယိုလာရဲ႕ ကစားပုံမွာ ဘယ္လိုအံဝင္မလဲဆိုတာ
မစဥ္းစားတတ္ဘူးလို႔ ဆာဂ်ီယို အဂူ႐ိုက ဝန္ခံခဲ့ပါတယ္။
“ ဂ်ဴလီယန္က တကယ္ကို ေကာင္းမြန္တဲ့ ေခၚယူမႈတစ္ခုပါ။
ကြၽန္ေတာ္ သူနဲ႔ ရင္းႏွီးပါတယ္။ အာဂ်င္တီးနား လက္ေ႐ြးစင္အသင္းမွာ
အတူရွိခဲ့တုန္းက ကြၽန္ေတာ္တို႔ေတြ အၿမဲတမ္း ေပ်ာ္႐ႊင္ခဲ့ရပါတယ္။
သူက ကြၽန္ေတာ့္ကို သိခ်င္တာေတြ ေမးတယ္။
တိုက္စစ္ကစားသမား တစ္ေယာက္အေနနဲ႔
ကြၽန္ေတာ့္ရဲ႕ အေတြ႕အႀကဳံေတြကို ကြၽန္ေတာ္ ေျပာျပတတ္ပါတယ္။”
“သူ႔ကို ကြၽန္ေတာ္ သေဘာက်ပါတယ္။ ဒါေပမယ့္ စီးတီးမွာ
သူ႔ကို ဘယ္လို အသုံးခ်မလဲဆိုတာ ကြၽန္ေတာ္တို႔ ေစာင့္ၾကည့္ရမွာပဲ။
သူ႔ကို နံပါတ္ ၉ ဗဟိုတိုက္စစ္မႉး အေနနဲ႔
အသုံးခ်သြားမလားဆိုတာ ကြၽန္ေတာ္မသိဘူး။
ဘာလို႔လဲဆိုေတာ့ သူက ဟိုေျပးဒီေျပး ေလွ်ာက္သြားခ်င္တဲ့ သူမ်ိဳးပါ
ကြၽန္ေတာ္သာဆိုရင္ေတာ့ သူ႔ကို အေရွ႕မွာထားၿပီး
ေနရာစုံ ေျပးလႊားကစားေစၿပီး ခံစစ္ေၾကာင္းေတြကို ခ်ိဳးေဖာက္ခိုင္းမွာပါ။”
“ဘာလို႔လဲဆိုေတာ့ သူက အရမ္းကို လႈပ္ရွားတတ္တဲ့
ေဘာလုံးသမားတစ္ေယာက္ပဲ။ ဗဟို တိုက္စစ္မႉး ဒါမွမဟုတ္
ကြင္းလယ္တိုက္စစ္ ဒါမွမဟုတ္ ေတာင္ပံကစားသမားအေနနဲ႔
သူ႔ကို ကစားေစခ်င္ပါတယ္။ တစ္ခုရွိတာက မန္စီးတီး၊ ပက္ဂြာဒီယိုလာတို႔က
အဲဒီလို ဗဟိုတိုက္စစ္မႉးမ်ိဳး သုံးေလ့ မရွိတာပဲ ”
“ ကြၽန္ေတာ္ အဲဒီမွာတုန္းက တိုက္စစ္မႉးအေနနဲ႔ ကစားခဲ့ရလို႔ ကံေကာင္းပါတယ္။
ကြၽန္ေတာ္က နံပါတ္ ၉ ကစားသမားေလ။
ဒါေပမယ့္ ပက္က အဲဒီလို တိုက္စစ္မႉးမ်ိဳးနဲ႔ သိပ္ကစားေလ့ မရွိဘူး။
အဲဒါက သူ႔ရဲ႕ ဗ်ဴဟာပဲ။ စီးတီးမွာ ဂ်ဴလီယန္ ဘယ္ေနရာမွာ
အံဝင္ႏိုင္မလဲဆိုတာ ကြၽန္ေတာ္ တကယ္ကို မသိဘူး” လို႔ အဂူ႐ိုက ေျပာဆိုခဲ့ပါတယ္။