အမှားကြီးမှားလည်း မှားပလေ့စေတော့ အာဆင်နယ်ကိုချန်ပီယံဖြစ်စေချင်တယ်လို့ အီဗရာ ဖွင့်ဟ

ယူနိုက်တက်နောက်ခံလူအီဗရာ ပရီးမီးယားလိဂ်ပြိုင်ဆိုင်မှုမှာ

မန်စီးတီးကိုအနိုင်ယူဖို့အတွက် အာဆင်နယ်ကိုထောက်ခံတယ်လို့

ပြောဆိုလိုက်ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီနည်းပြအာတီတာ

လက်အောက်မှာ ရာသီအစကောင်းမွန်ခဲ့ပြီး အဖွင့် ၁၅ ပွဲမှာ

တစ်ပွဲသာရှုံးနိမ့်ခဲ့တာဖြစ်တယ်။ လက်ရှိမှာ မန်စီးတီးကို

၅ မှတ်ဖြတ်ထားတဲ့ အာဆင်နယ်ဟာ ချန်ပီယံဆုကို

အမှန်တကယ်ရယူဖို့အတွက်အခြေအနေကောင်းတွေရှိနေတာပါ။

သေချာတာကတော့ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ဆိုင်မှုမှာ

အာဆင်နယ်နဲ့ မန်စီးတီးတို့အပြိုင်အဆိုင်ဖြစ်နေပြီး အီဗရာကတော့

ဂန်းနားထောက်ခံသူအဖြစ်ရပ်တည်ပေးလိုက်တာဖြစ်တယ်။

“မန်စီးတီးအကြောင်းပြောချင်ပေမဲ့ အာဆင်နယ်ကို

လက်ဆင့်ကမ်းလိုက်တယ်။ အာဆင်နယ်ပရိသတ်တွေပျော်ရွှင်ကြမှာ

သိသလို သူတို့ကစားပုံကိုလည်းနှစ်သက်ပါတယ်။

ကျွန်တော် အာတီတာကို အမြဲတမ်းယုံကြည်ခဲ့တယ်။

သူတို့ကိုအချိန်ပိုပေးသလို သူတို့ဘာလုပ်နေသလဲဆိုတာကြည့်ကြပါ။

အာဆင်နယ်ပရိသတ်တွေကိုယ်တိုင်က သူတို့အမှတ်ပေးဖလား

ချန်ပီယံမဖြစ်ဘူးလို့ပြောကြမယ်ထင်တယ်၊ မှားယွင်းတဲ့မျှော်လင့်ချက်

ထားရတာကိုကြောက်ကြတယ်။ အခြားပရိသတ်တွေက

မနာလိုစိတ်နဲ့ပြောကြတာတွေရှိတယ်။ ယူနိုက်တက်

ကစားသမားတစ်ယောက်အနေနဲ့ လိဂ်ဖလားကိုဆွတ်ခူးဖို့

ထိုက်တန်ပါတယ်၊ သူတို့က အသင်းကြီးတွေကိုအနိုင်ယူပြီး

ဇန်နဝါရီဈေးကွက်အပေါ်မူတည်နေတယ်။ ပြောရမယ်ဆိုရင်

အစောပိုင်းဖြစ်ပျက်ခဲ့တာတွေကို ကျွန်တော့်အမြင်နဲ့ဆုံးဖြတ်ပေးမယ်။

ကျွန်တော်ပြောသလိုပဲ ဒါကအပြေးပြိုင်ပွဲတစ်ခုမဟုတ်ဘူး၊

မာရသွန်ပြိုင်ပွဲတစ်ခုပါ” လို့ အီဗရာက ပြောဆိုခဲ့ပါတယ်။

zawgyi

အမွားႀကီးမွားလည္း မွားပေလ့ေစေတာ့ အာဆင္နယ္ကိုခ်န္ပီယံျဖစ္ေစခ်င္တယ္လို႔ အီဗရာ ဖြင့္ဟ

ယူႏိုက္တက္ေနာက္ခံလူအီဗရာ ပရီးမီးယားလိဂ္ၿပိဳင္ဆိုင္မႈမွာ

မန္စီးတီးကိုအႏိုင္ယူဖို႔အတြက္ အာဆင္နယ္ကိုေထာက္ခံတယ္လို႔

ေျပာဆိုလိုက္ပါတယ္။ အာဆင္နယ္ဟာ ဒီရာသီနည္းျပအာတီတာ

လက္ေအာက္မွာ ရာသီအစေကာင္းမြန္ခဲ့ၿပီး အဖြင့္ ၁၅ ပြဲမွာ

တစ္ပြဲသာရႈံးနိမ့္ခဲ့တာျဖစ္တယ္။ လက္ရွိမွာ မန္စီးတီးကို

၅ မွတ္ျဖတ္ထားတဲ့ အာဆင္နယ္ဟာ ခ်န္ပီယံဆုကို

အမွန္တကယ္ရယူဖို႔အတြက္အေျခအေနေကာင္းေတြရွိေနတာပါ။

ေသခ်ာတာကေတာ့ ဒီရာသီပရီးမီးယားလိဂ္ၿပိဳင္ဆိုင္မႈမွာ

အာဆင္နယ္နဲ႔ မန္စီးတီးတို႔အၿပိဳင္အဆိုင္ျဖစ္ေနၿပီး အီဗရာကေတာ့

ဂန္းနားေထာက္ခံသူအျဖစ္ရပ္တည္ေပးလိုက္တာျဖစ္တယ္။

“မန္စီးတီးအေၾကာင္းေျပာခ်င္ေပမဲ့ အာဆင္နယ္ကို

လက္ဆင့္ကမ္းလိုက္တယ္။ အာဆင္နယ္ပရိသတ္ေတြေပ်ာ္႐ႊင္ၾကမွာ

သိသလို သူတို႔ကစားပုံကိုလည္းႏွစ္သက္ပါတယ္။

ကြၽန္ေတာ္ အာတီတာကို အၿမဲတမ္းယုံၾကည္ခဲ့တယ္။

သူတို႔ကိုအခ်ိန္ပိုေပးသလို သူတို႔ဘာလုပ္ေနသလဲဆိုတာၾကည့္ၾကပါ။

အာဆင္နယ္ပရိသတ္ေတြကိုယ္တိုင္က သူတို႔အမွတ္ေပးဖလား

ခ်န္ပီယံမျဖစ္ဘူးလို႔ေျပာၾကမယ္ထင္တယ္၊ မွားယြင္းတဲ့ေမွ်ာ္လင့္ခ်က္

ထားရတာကိုေၾကာက္ၾကတယ္။ အျခားပရိသတ္ေတြက

မနာလိုစိတ္နဲ႔ေျပာၾကတာေတြရွိတယ္။ ယူႏိုက္တက္

ကစားသမားတစ္ေယာက္အေနနဲ႔ လိဂ္ဖလားကိုဆြတ္ခူးဖို႔

ထိုက္တန္ပါတယ္၊ သူတို႔က အသင္းႀကီးေတြကိုအႏိုင္ယူၿပီး

ဇန္နဝါရီေဈးကြက္အေပၚမူတည္ေနတယ္။ ေျပာရမယ္ဆိုရင္

အေစာပိုင္းျဖစ္ပ်က္ခဲ့တာေတြကို ကြၽန္ေတာ့္အျမင္နဲ႔ဆုံးျဖတ္ေပးမယ္။

ကြၽန္ေတာ္ေျပာသလိုပဲ ဒါကအေျပးၿပိဳင္ပြဲတစ္ခုမဟုတ္ဘူး၊

မာရသြန္ၿပိဳင္ပြဲတစ္ခုပါ” လို႔ အီဗရာက ေျပာဆိုခဲ့ပါတယ္။