အမှားကျူးလွန်ခဲ့မိတဲ့ဂိုးသမား ဂိုလီနီကို ပွဲထုတ်ခဲ့တဲ့ စပါးနည်းပြ ကွန်တီ ပြင်းထန်စွာဝေဖန်ခံနေရ

စပါးအသင်းဟာ ဂိုးသမား ဂိုလီနီရဲ့အမှားကြောင့်

ချဲလ်ဆီးကို ဝ-၁ ဂိုးနဲ့ အရေးနိမ့်ကာ ကာရာဘောင်ဖလားပြိုင်ပွဲကနေ
ထွက်ခဲ့ရပြီးနောက် ဂိုးသမား ဂိုလီနီကို ပွဲထွက်စာရင်းမှာ
အသုံးပြုခဲ့တဲ့ နည်းပြကွန်တီရဲ့ဆုံးဖြတ်ချက်ကို
ပြင်းထန်ဝေဖန်လျက်ရှိပါတယ်။


အီတလီနိုင်ငံသား ဂိုလီနီဟာ မိုကမ်ဘီကို
၃-၁ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အက်ဖ်အေဖလားပွဲမှာလည်း
ပါဝင်ခွင့်ရခဲ့ပြီး ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်
ဒု-အကျော့ပွဲစဉ်မှာလည်း ဆက်လက်ပါဝင်ခွင့်ရခဲ့ပါတယ်။

ဂိုလီနီဟာ နွေရာသီက အတ္တလန္တာကနေ
တစ်ရာသီအငှားနဲ့ ရောက်လာပြီး ရာသီအကုန်မှာ
ပေါင် ၁၃သန်းနဲ့ အပြီးသတ်ခေါ်ယူခွင့် ပါပေမယ့်
ပရီးမီးယားလိဂ်မှာတော့ ကစားခွင့်မရသေးဘဲ
အသင်းခေါင်းဆောင် လိုရစ်ကသာ

ပွဲတိုင်းကစားခွင့်ရထားပါတယ်။


စပါးဟာ ပ-အကျော့တုန်းက ရှုံးနိမ့်ထားတဲ့
၂-၀ ဂိုးရလဒ်ကို ပြန်လည်ချေဖျက်ဖို့

လိုအပ်ခဲ့ပေမယ့် ပွဲချိန် ၁၈ မိနစ်မှာပဲ
ရူဒီဂါရဲ့ဂိုးကြောင့် ဝ-၁ ဂိုးနဲ့
ထပ်မံအရေးနိမ့်ခဲ့ရပါတယ်။
အဲဒီဂိုးကလည်း ဂိုလီနီရဲ့အမှားမကင်းဘဲ
ထောင့်ကန်ဘောကို ထွက်ပုတ်ရာမှာ

မထိဘဲ သူ့ရှေ့က ဂိုးကို ကျောပေးထားတဲ့
ရူဒီဂါနဲ့ထိကာ ဂိုးထဲ ဝင်သွားခဲ့တာပါ။
”ဒီလိုပွဲမျိုးမှာ လိုရစ်ကို ဘာဖြစ်လို့ ထုတ်မသုံးတာလဲ”
”ပ-အကျော့က လိုရစ်ရဲ့စွမ်းဆောင်ရည်နဲ့
အခု ဂိုလီနီရဲ့စွမ်းဆောင်ရည်ကို ယှဉ်ကြည့်လိုက်ဗျာ။

အတော်လေး ကွာခြားတာ တွေ့ရလိမ့်မယ်”
”ကျွန်တော် မြင်ဖူးတဲ့ စပါးဂိုးသမားတွေထဲမှာ
ဂိုလီနီက အဆိုးရွားဆုံးပဲ”
လို့ စပါးပရိသတ်တွေက အသီးသီးရေးသားခဲ့ကြပါတယ်။