အမှတ်တရတွေရှိခဲ့ရင်တောင် ပြန်လာခွင့်မရှိတော့တဲ့နေရာ… ကမ္ဘာ့ဖလားမပြီးသေးပေမဲ့ ကွန်တိန်နာအလုံးပေါင်း ၉၀၀ ကျော်နဲ့တည်ဆောက်ထားတဲ့ Stadium 974 ကို ဖြိုချလိုက်ပြီ

ကာတာကမ္ဘာဖလားမှာ ဘရာဇီးအသင်းနောက်ဆုံးအနိုင်ရခဲ့တဲ့ ပွဲစဉ်ဖြစ်တဲ့ တောင်ကိုရီးယားအသင်းနဲ့

ယှဉ်ပြိုင်ကစားခဲ့တဲ့ပွဲစဉ်ကို လက်ခံကျင်းပခဲ့တဲ့ Stadium 974 ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမပြီးဆုံးခင်မှာပဲ အဆုံးသတ်သွားခဲ့ပါပြီ။

ဒီကွင်းဟာ စတင်တည်ဆောက်ချိန်ကတည်းက ရွှေ့ပြောင်းနိုင်တဲ့ ကွန်တိန်နာတွေကို အဓိကထားပြီးတည်ဆောက်ခဲ့သလို

နံပါတ် (974) ဟာလည်း ကာတာနိုင်ငံရဲ့ ကုဒ်နံပါတ်ဖြစ်တာကြောင့် ဒီပြိုင်ပွဲရဲ့ အမှတ်တရသင်္ကတတစ်ခုဖြစ်လို့နေပါတယ်။

အခုအခါမှာတော့ မူလစီစဉ်ထားတဲ့ရက်ထဲကအတိုင်း ဒီပြိုင်ပွဲမှာအထင်ကရဖြစ်ခဲ့တဲ့

Stadium 974 ကွင်းကိုတော့ဖြိုချမှုတွေစတင်လုပ်ဆောင်လာပြီလို့သိရပါတယ်။  ၂၀၂၂ ပြိုင်ပွဲကို

 

 

ကာတာနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့ရာမှာ Al Bayt Stadium ၊

Lusail Stadium ၊ Ahmad Bin Ali Stadium ၊ Al Janoub Stadium ၊

Al Thumama Stadium ၊ Education City Stadium ၊ Khalifa International

Stadium နဲ့ Stadium 974 ဆိုတဲ့ ကစားကွင်း ၈ ကွင်းကိုအသုံးပြုခဲ့တာဖြစ်တယ်။

လက်ရှိမှာတော့ Stadium 974 ပွဲစဉ်တွေကုန်ဆုံးသွားပြီဖြစ်တာကြောင့်

ကွန်တိန်နာ အလုံး ၉၀၀ ကျော်အသုံးပြုတည်ဆောက်ခဲ့တဲ့ ဒီကွင်းကြီးကို

ဖျက်သိမ်းပစ်လိုက်ပါတယ်။ ကာတာနိုင်ငံက တာဝန်ရှိသူတွေဟာ

Stadium 974 ဖြုတ်သိမ်းပြီးအလွယ်တကူနေရာပြောင်းလို့ရတဲ့ပုံစံနဲ့

ဒီဇိုင်းရေးဆွဲခဲ့တာဖြစ်တယ်။ ဒါကြောင့် အပြီးတိုင်ပျောက်ကွယ်

သွားတယ်လို့တော့ မဆိုနိုင်ပါဘူး။ 974 ဆိုပြီးရိုးရိုးရှင်းရှင်းလေးပေးခဲ့တဲ့

ဒီကွင်းဟာ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲနဲ့အတူ ပရိသတ်ရင်ထဲရောက်ခဲ့တာ

အမှန်ပါပဲ။ ပစ္စည်းတွေကို သင်္ဘောနဲ့လိုချင်တဲ့နေရာသယ်ပြီး

Stadium 974 ကိုကြိုက်တဲ့နေရာမှာ အသစ်ပြန်စလို့ရပါတယ်။

အားလုံးကတော့ ကွင်းကြီးဖြိုချပစ်လိုက်တာကိုကြည့်ပြီး

စိတ်မကောင်းဖြစ်နေကြပေမဲ့ ရွေ့လျားပုံစံနဲ့ အကောင်အထည်

ဖော်ထားတာဖြစ်လို့ တစ်ချိန်ချိန်မှာတော့ Stadium 974 ဟာ

ကျွန်တော်တို့မျက်စိရှေ့ကိုသေချာပေါက်ပြန်ရောက်လာဦးမှာပါ။

zawgyi

အမွတ္တရေတြရွိခဲ့ရင္ေတာင္ ျပန္လာခြင့္မရွိေတာ့တဲ့ေနရာ… ကမာၻ႔ဖလားမၿပီးေသးေပမဲ့ ကြန္တိန္နာအလုံးေပါင္း ၉၀၀ ေက်ာ္နဲ႔တည္ေဆာက္ထားတဲ့ Stadium 974 ကို ၿဖိဳခ်လိုက္ၿပီ

ကာတာကမာၻဖလားမွာ ဘရာဇီးအသင္းေနာက္ဆုံးအႏိုင္ရခဲ့တဲ့ ပြဲစဥ္ျဖစ္တဲ့ ေတာင္ကိုရီးယားအသင္းနဲ႔

ယွဥ္ၿပိဳင္ကစားခဲ့တဲ့ပြဲစဥ္ကို လက္ခံက်င္းပခဲ့တဲ့ Stadium 974 ဟာ ကမာၻ႔ဖလားၿပိဳင္ပြဲမၿပီးဆုံးခင္မွာပဲ အဆုံးသတ္သြားခဲ့ပါၿပီ။

ဒီကြင္းဟာ စတင္တည္ေဆာက္ခ်ိန္ကတည္းက ေ႐ႊ႕ေျပာင္းႏိုင္တဲ့ ကြန္တိန္နာေတြကို အဓိကထားၿပီးတည္ေဆာက္ခဲ့သလို

နံပါတ္ (974) ဟာလည္း ကာတာႏိုင္ငံရဲ႕ ကုဒ္နံပါတ္ျဖစ္တာေၾကာင့္ ဒီၿပိဳင္ပြဲရဲ႕ အမွတ္တရသကၤတတစ္ခုျဖစ္လို႔ေနပါတယ္။

အခုအခါမွာေတာ့ မူလစီစဥ္ထားတဲ့ရက္ထဲကအတိုင္း ဒီၿပိဳင္ပြဲမွာအထင္ကရျဖစ္ခဲ့တဲ့

Stadium 974 ကြင္းကိုေတာ့ၿဖိဳခ်မႈေတြစတင္လုပ္ေဆာင္လာၿပီလို႔သိရပါတယ္။  ၂၀၂၂ ၿပိဳင္ပြဲကို

ကာတာႏိုင္ငံက အိမ္ရွင္အျဖစ္လက္ခံက်င္းပခဲ့ရာမွာ Al Bayt Stadium ၊

Lusail Stadium ၊ Ahmad Bin Ali Stadium ၊ Al Janoub Stadium ၊

Al Thumama Stadium ၊ Education City Stadium ၊ Khalifa International

Stadium နဲ႔ Stadium 974 ဆိုတဲ့ ကစားကြင္း ၈ ကြင္းကိုအသုံးျပဳခဲ့တာျဖစ္တယ္။

လက္ရွိမွာေတာ့ Stadium 974 ပြဲစဥ္ေတြကုန္ဆုံးသြားၿပီျဖစ္တာေၾကာင့္

ကြန္တိန္နာ အလုံး ၉၀၀ ေက်ာ္အသုံးျပဳတည္ေဆာက္ခဲ့တဲ့ ဒီကြင္းႀကီးကို

ဖ်က္သိမ္းပစ္လိုက္ပါတယ္။ ကာတာႏိုင္ငံက တာဝန္ရွိသူေတြဟာ

Stadium 974 ျဖဳတ္သိမ္းၿပီးအလြယ္တကူေနရာေျပာင္းလို႔ရတဲ့ပုံစံနဲ႔

ဒီဇိုင္းေရးဆြဲခဲ့တာျဖစ္တယ္။ ဒါေၾကာင့္ အၿပီးတိုင္ေပ်ာက္ကြယ္

သြားတယ္လို႔ေတာ့ မဆိုႏိုင္ပါဘူး။ 974 ဆိုၿပီး႐ိုး႐ိုးရွင္းရွင္းေလးေပးခဲ့တဲ့

ဒီကြင္းဟာ ကာတာကမာၻ႔ဖလားၿပိဳင္ပြဲနဲ႔အတူ ပရိသတ္ရင္ထဲေရာက္ခဲ့တာ

အမွန္ပါပဲ။ ပစၥည္းေတြကို သေဘၤာနဲ႔လိုခ်င္တဲ့ေနရာသယ္ၿပီး

Stadium 974 ကိုႀကိဳက္တဲ့ေနရာမွာ အသစ္ျပန္စလို႔ရပါတယ္။

အားလုံးကေတာ့ ကြင္းႀကီးၿဖိဳခ်ပစ္လိုက္တာကိုၾကည့္ၿပီး

စိတ္မေကာင္းျဖစ္ေနၾကေပမဲ့ ေ႐ြ႕လ်ားပုံစံနဲ႔ အေကာင္အထည္

ေဖာ္ထားတာျဖစ္လို႔ တစ္ခ်ိန္ခ်ိန္မွာေတာ့ Stadium 974 ဟာ

ကြၽန္ေတာ္တို႔မ်က္စိေရွ႕ကိုေသခ်ာေပါက္ျပန္ေရာက္လာဦးမွာပါ။