
ထိပ်တန်းကစားသမား ရော်နယ်ဒို ယမန်နေ့တုန်းက ယူနိုက်တက်ရဲ့ လေ့ကျင့်ရေး
အစီအစဉ်ကို မလာရောက်ခဲ့ပါဘူး။ အခုအချိန်မှာ လည်း ပိုးတွေကြောင့် ပွဲစဉ်တွေ
ရွှေ့ဆိုင်းနေရပါတယ်။ ရော်နယ်ဒိုကတော့ ခရစ်စမတ်နဲ့ နယူးရီးယား ကာလမှာ
မိသားစုနဲ့ အတူနေဖို့ အစောပိုင်းတုန်းက စီစဉ်ထားပါတယ်။
မကြာခင်မှာလည်း ရော်နယ်ဒိုတစ်ယောက် သားသမီး တွေထပ်ရပါအုံးမယ်။
နောက်ထပ်မွေးဖွားလာမယ့် အမြွှာလေးနှစ်ဦးဟာ ယောကျ်ားလေးတစ်ဦးနဲ့
မိန်းကလေးတစ်ဦးဖြစ်တယ်လို့ ရော်နယ်ဒိုတို့ စုံတွဲက ကြေညာလိုက်ပြီဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ် ရော်နယ်ဒိုရဲ့ အတူနေချစ်သူ ဂျော်ဂျီနာတစ်ယောက် ကိုယ်ဝန်
ဆောင်ထားတာ ၅ လ ရှိပါပြီ။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းမှာ ဂျော်ဂျီနာက ကိုယ်ဝန်လွယ်ထားရပြီလို့
ကြေညာခဲ့တာဖြစ်ပြီး အခုအခါမှသာ အမြွှာလေးတွေဖြစ်တယ်လို့ အတည်ပြုခဲ့
တာဖြစ်ပါတယ်။ မကြာခင်မှာ ပေါ်တူဂီတိုက်စစ်မှူးဟာ ကလေး ၆ ဦးရဲ့ ဖခင်
ဖြစ်လာတော့မှာဖြစ်ပါတယ်။
ရော်နယ်ဒိုက “အမြွှာလေးတွေရရှိတော့မယ်ဆိုတာကို ကြေညာလိုက်ရလို့
ဝမ်းသာမိပါတယ်၊ ကျွန်တော်တို့ရဲ့ နှလုံးသားမှာ ချစ်ခြင်းမေတ္တာတွေပြည့်နှက်
နေပြီး သူတို့ကို မြင်တွေ့ရဖို့ကို မစောင့်ဆိုင်းနိုင်တော့ဘူး” လို့ ရေးသားခဲ့ပါတယ်။
ပေါ်တူဂီတိုက်စစ်မှူးတို့ စုံတွဲဟာ အသက် ၁၁ နှစ်အရွယ် ဂျူနီယာရော်နယ်ဒို၊
သမီး အယ်လန်နာ၊ အမြွှာလေးတွေဖြစ်တဲ့ အီဗာနဲ့ မက်တီယိုတို့ကို ပိုင်ဆိုင်
ထားပြီး နောက်ထပ်တစ်ကြိမ်အမြွှာလေးတွေ ထပ်မွေးမှာဖြစ်ပါတယ်။
ဂျော်ဂျီနာနဲ့ ရော်နယ်ဒိုတို့ဟာ လက်ထပ်ရခြင်းမရှိသေးဘဲ အတူနေချစ်သူ
အဖြစ်နဲ့သာ နေထိုင်နေသေးကာ ရင်သွေးလေးတွေ ဆက်တိုက်ရယူနေခဲ့
တာလည်းဖြစ်ပါတယ်။
Zawgyi
အႁမႊာေလးေတြပိုင္ဆိုင္ခြင့္ရမယ့္ စီေရာ္နယ္ဒို
ထိပ္တန္းကစားသမား ေရာ္နယ္ဒို ယမန္ေန႔တုန္းက ယူႏိုက္တက္ရဲ႕ ေလ့က်င့္ေရး
အစီအစဥ္ကို မလာေရာက္ခဲ့ပါဘူး။ အခုအခ်ိန္မွာ လည္း ပိုးေတြေၾကာင့္ ပြဲစဥ္ေတြ
ေ႐ႊ႕ဆိုင္းေနရပါတယ္။ ေရာ္နယ္ဒိုကေတာ့ ခရစ္စမတ္နဲ႔ နယူးရီးယား ကာလမွာ
မိသားစုနဲ႔ အတူေနဖို႔ အေစာပိုင္းတုန္းက စီစဥ္ထားပါတယ္။
မၾကာခင္မွာလည္း ေရာ္နယ္ဒိုတစ္ေယာက္ သားသမီး ေတြထပ္ရပါအုံးမယ္။
ေနာက္ထပ္ေမြးဖြားလာမယ့္ အႁမႊာေလးႏွစ္ဦးဟာ ေယာက်္ားေလးတစ္ဦးနဲ႔
မိန္းကေလးတစ္ဦးျဖစ္တယ္လို႔ ေရာ္နယ္ဒိုတို႔ စုံတြဲက ေၾကညာလိုက္ၿပီျဖစ္ပါတယ္။
အသက္ ၃၆ ႏွစ္အ႐ြယ္ ေရာ္နယ္ဒိုရဲ႕ အတူေနခ်စ္သူ ေဂ်ာ္ဂ်ီနာတစ္ေယာက္ ကိုယ္ဝန္
ေဆာင္ထားတာ ၅ လ ရွိပါၿပီ။
ၿပီးခဲ့တဲ့ ေအာက္တိုဘာလအတြင္းမွာ ေဂ်ာ္ဂ်ီနာက ကိုယ္ဝန္လြယ္ထားရၿပီလို႔
ေၾကညာခဲ့တာျဖစ္ၿပီး အခုအခါမွသာ အႁမႊာေလးေတြျဖစ္တယ္လို႔ အတည္ျပဳခဲ့
တာျဖစ္ပါတယ္။ မၾကာခင္မွာ ေပၚတူဂီတိုက္စစ္မႉးဟာ ကေလး ၆ ဦးရဲ႕ ဖခင္
ျဖစ္လာေတာ့မွာျဖစ္ပါတယ္။
ေရာ္နယ္ဒိုက “အႁမႊာေလးေတြရရွိေတာ့မယ္ဆိုတာကို ေၾကညာလိုက္ရလို႔
ဝမ္းသာမိပါတယ္၊ ကြၽန္ေတာ္တို႔ရဲ႕ ႏွလုံးသားမွာ ခ်စ္ျခင္းေမတၱာေတြျပည့္ႏွက္
ေနၿပီး သူတို႔ကို ျမင္ေတြ႕ရဖို႔ကို မေစာင့္ဆိုင္းႏိုင္ေတာ့ဘူး” လို႔ ေရးသားခဲ့ပါတယ္။
ေပၚတူဂီတိုက္စစ္မႉးတို႔ စုံတြဲဟာ အသက္ ၁၁ ႏွစ္အ႐ြယ္ ဂ်ဴနီယာေရာ္နယ္ဒို၊
သမီး အယ္လန္နာ၊ အႁမႊာေလးေတြျဖစ္တဲ့ အီဗာနဲ႔ မက္တီယိုတို႔ကို ပိုင္ဆိုင္
ထားၿပီး ေနာက္ထပ္တစ္ႀကိမ္အႁမႊာေလးေတြ ထပ္ေမြးမွာျဖစ္ပါတယ္။
ေဂ်ာ္ဂ်ီနာနဲ႔ ေရာ္နယ္ဒိုတို႔ဟာ လက္ထပ္ရျခင္းမရွိေသးဘဲ အတူေနခ်စ္သူ
အျဖစ္နဲ႔သာ ေနထိုင္ေနေသးကာ ရင္ေသြးေလးေတြ ဆက္တိုက္ရယူေနခဲ့
တာလည္းျဖစ္ပါတယ္။