
ဂါလာတာစာရေးအသင်းမှ နော်ဝေနောက်ခံလူ
အိုမာအီလက်ဒယ်လာအူဟာ မျက်နှာပေါ်ကို
မီးကျည်မီးပန်းကျရောက်ပေါက်ကွဲမှုကြောင့်
အမြင်အာရုံ ဆုံးရှုံးခဲ့ရသူဖြစ်ပါတယ်။
အိုမာဟာပြီးခဲ့တဲ့ နှစ် နှစ်သစ်ကူးညမှာ အိမ်မှာ ပါတီလုပ်စဉ်
သူ့လက်ထဲမှာရှိနေတဲ့မီးရှူးမီးပန်းဟာပုံမှန်ထက်စောပြီး
ပေါက်ကွဲသွားခဲ့တာဖြစ်ပါတယ်။
၁၃ လအတွင်း ခွဲစိတ်ကုသမှု ၁၁ ကြိမ်ပြုလုပ်ခဲ့ရပြီးနောက်
ယခုအခါ ဘောလုံးပြန်ကစားနိုင်နေပြီဖြစ်ပါတယ်။
အသက် ၃၀ နှစ်အရွယ်ရှိ အိုမာဟာ မန်စီးတီးအကယ်ဒမီထွက်
ကစားသမားတစ်ဦးဖြစ်ပြီး ၊ ၂၀၁၁ခုနှစ်ကနေ၂၀၁၃ခုနှစ်အတွင်း
မန်ချက်စတာစီးတီးအသင်းမှာကစားခဲ့တာဖြစ်ပါတယ်။
အိုမာဟာ နော်ဝေလက်ရွေးစင်အသင်းအတွက် (၄၉)ပွဲ ကစားပေးထားပါတယ်။
ပရိသတ်တွေ အတွက်တော့ အရမ်းကြီး မထူးဆန်းပါဘူး။
ရှေ့မှာ အဂ္ဂါဒေးဗစ်တစ်ယောက်လည်း
မျက်မှန်နဲ့ အကောင်းဆုံး ကစားထားပါတယ်။
zawgyi
အမြင်အာရုံဆုံးရှုံးခဲ့လို့ မျက်မှန်တပ်ပြီး ဘောလုံးကန်နေရတဲ့ မန်စီးတီးကစားသမားဟောင်း