
ပီအက်စ်ဂျီအသင်းတိုက်စစ်မှူး ဘာပေ ဟာအရင်တုန်းက စီရော်နယ်ဒိုကို
ထာဝရအကောင်းဆုံးကစားသမား (Greatest of allTime) အဖြစ်
သတ်မှတ်ခဲ့ပေမယ့် အခုတော့စိတ်ပြောင်းသွားပြီး မက်ဆီကသာ
အကောင်းဆုံးပါလို့ပြောလိုက်ပါတယ်။ ဘာပေဟာ
ပြီးခဲ့တဲ့နွေရာသီ ပီအက်စ်ဂျီကိုပြောင်းလာတဲ့ မက်ဆီနဲ့ ၄ လကျော်
တွဲကစားခဲ့ပေမယ့် အကောင်းဆုံးလို့ ပြောခဲ့သူမဟုတ်ပါဘူး။
ဒါပေမယ့် ဘရုဂျက်ကို ၄-၁ နဲ့နိုင်ခဲ့ပြီးတဲ့ပွဲမှာသူက ၂ ဂိုးသွင်းခဲ့ပြီးနောက်
စိတ်ပြောင်းသွားတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့
ဘာပေဟာ အဲဒီပွဲမှာ မက်ဆီနဲ့တွဲဖက်ပြီးခြေစွမ်းပြနိုင်ခဲ့ပြီး
ပွဲချိန် ၈ မိနစ်အတွင်းမှာတင်၂ ဂိုးသွင်းယူနိုင်ခဲ့တာပါ။
ပွဲအပြီးမှာတွစ်တာကနေတစ်ဆင့် ဘာပေက”မက်ဆီနဲ့တွဲကစားရတာ
လွယ်ကူပါတယ်။ သူဟာကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။
ပြီးခဲ့တဲ့ရက်ပိုင်းကတင် Ballon d’Or ရခဲ့သေးပြီး ဒီကနေ့မှာတော့
၂ ဂိုးသွင်းခဲ့ပါတယ်။ သူပျော်နေမှာပါ ” လို့ဆိုသွားတာဖြစ်ပါတယ်။
ဘာပေဟာ သိပ်မဝေးသေးတဲ့ကာလဖြစ်တဲ့ ၂၀၂၀ တုန်းကတော့
စီရော်နယ်ဒိုကိုကမ္ဘာ့အကောင်းဆုံးလို့ဆိုခဲ့သူဖြစ်ပါတယ်။
နေးရှင်းလိဂ်မှာပေါ်တူဂီနဲ့ ပြင်သစ်တို့ ၀-၀ သရေကျခဲ့တုန်းက
သူတို့နှစ်ဦးစကားပြောဆိုနေကြတာကို တွေ့ခဲ့ရတဲ့အပြင် စီရော်နယ်ဒိုက
ဘာပေကိုလက်မထောင်ပြခဲ့ပါတယ်။ ကမ္ဘာ့အဆင့် ကစားသမားနှစ်ဦးက
ဒီလိုလုပ်တာကိုပရိသတ်တွေကသဘောကျခဲ့ကြသလို
ဘာပေကလည်းသူ့တွစ်တာကနေတစ်ဆင့် သူတို့နှစ်ဦး
စကားပြောနေကြတဲ့ပုံတွေကိုတင်ကာ”စံပြကစားသမားကြီး”လို့
ရေးသားခဲ့ပြီး စီရော်နယ်ဒိုကိုကမ္ဘာ့အကောင်းဆုံးလို့ ရည်ညွှန်းတဲ့
သရဖူနဲ့ ဆိတ်ပုံ emojis တွေကိုလည်းဖော်ပြသွားခဲ့ပါတယ်။
ဘာပေဟာ ဘရုဂျက်နဲ့ပွဲကသွင်းဂိုးတွေကြောင့် ချန်ပီယံလိဂ်သမိုင်းမှာ
မက်ဆီကိုကျော်ဖြတ်ပြီး အသက်အငယ်ဆုံးနဲ့ သွင်းဂိုး ၃၀ ပြည့်အောင်
သွင်းနိုင်တဲ့သူအဖြစ် စံချိန်တင်ခဲ့တဲ့သူဖြစ်ပါတယ်။ ဘာပေဟာ
စီရော်နယ်ဒိုကို သူငယ်ငယ်ကတည်းက အားကျခဲ့ရသူဖြစ်ကြောင်း
ဝန်ခံထားဘူးလို့ အခုလိုမက်ဆီကို အကောင်းဆုံးအဖြစ်
ရွေးလိုက်တာကို အံ့အားသင့်မှုတွေလည်းရှိနေကြပါတယ်။
zawgyi
အမ်ိဳးမ်ိဳး တတ္လည္းတတ္ႏိုင္တဲ့ ဘာေပ
ပီအက္စ္ဂ်ီအသင္းတိုက္စစ္မႉး ဘာေပ ဟာအရင္တုန္းက စီေရာ္နယ္ဒိုကို
ထာဝရအေကာင္းဆုံးကစားသမား (Greatest of allTime) အျဖစ္
သတ္မွတ္ခဲ့ေပမယ့္ အခုေတာ့စိတ္ေျပာင္းသြားၿပီး မက္ဆီကသာ
အေကာင္းဆုံးပါလို႔ေျပာလိုက္ပါတယ္။ ဘာေပဟာ
ၿပီးခဲ့တဲ့ေႏြရာသီ ပီအက္စ္ဂ်ီကိုေျပာင္းလာတဲ့ မက္ဆီနဲ႔ ၄ လေက်ာ္
တြဲကစားခဲ့ေပမယ့္ အေကာင္းဆုံးလို႔ ေျပာခဲ့သူမဟုတ္ပါဘူး။
ဒါေပမယ့္ ဘ႐ုဂ်က္ကို ၄-၁ နဲ႔ႏိုင္ခဲ့ၿပီးတဲ့ပြဲမွာသူက ၂ ဂိုးသြင္းခဲ့ၿပီးေနာက္
စိတ္ေျပာင္းသြားတာျဖစ္ပါတယ္။ အသက္ ၂၂ ႏွစ္ရွိၿပီျဖစ္တဲ့
ဘာေပဟာ အဲဒီပြဲမွာ မက္ဆီနဲ႔တြဲဖက္ၿပီးေျခစြမ္းျပႏိုင္ခဲ့ၿပီး
ပြဲခ်ိန္ ၈ မိနစ္အတြင္းမွာတင္၂ ဂိုးသြင္းယူႏိုင္ခဲ့တာပါ။
ပြဲအၿပီးမွာတြစ္တာကေနတစ္ဆင့္ ဘာေပက”မက္ဆီနဲ႔တြဲကစားရတာ
လြယ္ကူပါတယ္။ သူဟာကမာၻ႔အေကာင္းဆုံး ကစားသမားပါ။
ၿပီးခဲ့တဲ့ရက္ပိုင္းကတင္ Ballon d’Or ရခဲ့ေသးၿပီး ဒီကေန႔မွာေတာ့
၂ ဂိုးသြင္းခဲ့ပါတယ္။ သူေပ်ာ္ေနမွာပါ ” လို႔ဆိုသြားတာျဖစ္ပါတယ္။
ဘာေပဟာ သိပ္မေဝးေသးတဲ့ကာလျဖစ္တဲ့ ၂၀၂၀ တုန္းကေတာ့
စီေရာ္နယ္ဒိုကိုကမာၻ႔အေကာင္းဆုံးလို႔ဆိုခဲ့သူျဖစ္ပါတယ္။
ေနးရွင္းလိဂ္မွာေပၚတူဂီနဲ႔ ျပင္သစ္တို႔ ဝ-၀ သေရက်ခဲ့တုန္းက
သူတို႔ႏွစ္ဦးစကားေျပာဆိုေနၾကတာကို ေတြ႕ခဲ့ရတဲ့အျပင္ စီေရာ္နယ္ဒိုက
ဘာေပကိုလက္မေထာင္ျပခဲ့ပါတယ္။ ကမာၻ႔အဆင့္ ကစားသမားႏွစ္ဦးက
ဒီလိုလုပ္တာကိုပရိသတ္ေတြကသေဘာက်ခဲ့ၾကသလို
ဘာေပကလည္းသူ႔တြစ္တာကေနတစ္ဆင့္ သူတို႔ႏွစ္ဦး
စကားေျပာေနၾကတဲ့ပုံေတြကိုတင္ကာ”စံျပကစားသမားႀကီး”လို႔
ေရးသားခဲ့ၿပီး စီေရာ္နယ္ဒိုကိုကမာၻ႔အေကာင္းဆုံးလို႔ ရည္ၫႊန္းတဲ့
သရဖူနဲ႔ ဆိတ္ပုံ emojis ေတြကိုလည္းေဖာ္ျပသြားခဲ့ပါတယ္။
ဘာေပဟာ ဘ႐ုဂ်က္နဲ႔ပြဲကသြင္းဂိုးေတြေၾကာင့္ ခ်န္ပီယံလိဂ္သမိုင္းမွာ
မက္ဆီကိုေက်ာ္ျဖတ္ၿပီး အသက္အငယ္ဆုံးနဲ႔ သြင္းဂိုး ၃၀ ျပည့္ေအာင္
သြင္းႏိုင္တဲ့သူအျဖစ္ စံခ်ိန္တင္ခဲ့တဲ့သူျဖစ္ပါတယ္။ ဘာေပဟာ
စီေရာ္နယ္ဒိုကို သူငယ္ငယ္ကတည္းက အားက်ခဲ့ရသူျဖစ္ေၾကာင္း
ဝန္ခံထားဘူးလို႔ အခုလိုမက္ဆီကို အေကာင္းဆုံးအျဖစ္
ေ႐ြးလိုက္တာကို အံ့အားသင့္မႈေတြလည္းရွိေနၾကပါတယ္။