အများကြီးမျှော်လင့်ခဲ့ကြပေမယ့် ခြေစွမ်းမပြနိုင်ခဲ့တဲ့ ဟာဇတ်
ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက ကာဒစ်ဇ်နဲ့ ဂိုးမရှိသရေကျခဲ့ပြီးနောက်
ဟာဇတ်ပြန်ပါလာမှုနဲ့အတူ သူတို့ရဲ့ပြိုင်ပွဲအရပ် ရပ် ၁၀ ပွဲဆက်နိုင်ခဲ့တဲ့
မှတ်တမ်းလည်း ရပ်တန့်သွားခဲ့ရပါတယ်။ ဒီပွဲဟာစပိန်တောင်ပိုင်းကလပ်လေးရဲ့
စွမ်းဆောင်ရည်ကို ပြသ သွားတဲ့ပွဲဖြစ်ပြီး ဒုတိယပိုင်းမှာ ဗယ်ဗာဒီရဲ့
အပိုင်ကန်ချက်ကိုပြိုင်ဘက်ဂိုးသမား လီဒက်စ်မာကာကွယ်နိုင်ခဲ့တာကလည်း
ရီးရဲလ် ကိုနစ်နာစေခဲ့ပါတယ်။ ဒီပွဲကိုအိမ်ကွင်းဘာနေဗျူးမှာ ကစားခဲ့ရတာဖြစ်ပြီး
ရီးရဲလ်ဘက်မှာ ကိုဗစ်ကြောင့်အနားယူနေရတဲ့ မိုဒရစ်၊ မာဆယ်လို၊
အဆန်စီရို၊ ရိုဒရိုင်ဂို၊ ဘေးလ်နဲ့ အန်ဒရီလူနင် တို့မပါနိုင်ခဲ့ပေမယ့်
အမှတ်ပေးဇယားအောက်နားက အသင်း ကိုတော့အနိုင်ရသင့်တယ်လို့
ဝေဖန်ခံနေရပါတယ်။ ဒီလိုသရေကျမှုကြောင့် ရီးရဲလ်ဟာအမှတ်ပေးဇယား
ဒုတိယနေရာက ဆီဗီ လာကို ၆ မှတ်သာဖြတ်ထားနိုင်ပါတော့တယ်။
ဆီဗီလာဟာ စနေနေ့တုန်းက အက်သလက်တီကိုအသင်းကို ၂-၁ နဲ့နိုင်ခဲ့ပြီး
တစ် ပွဲကစားဖို့ ကျန်နေသေးလို့ အဲဒီပွဲသာနိုင်ခဲ့ရင် ရီးရဲလ်နဲ့ ၃ မှတ်သာ
ကွာဟတော့မှာဖြစ်ပါတယ်။ ကာဒစ်ဟာ ပြီးခဲ့တဲ့ ၂၀၂၀ အောက် တိုဘာလတုန်းကလည်း
ရီးရဲလ်ကို ဘာနေဗျူးမှာအနိုင်ရခဲ့တဲ့အသင်းဖြစ်ပါတယ်။
ဒီပွဲမှာ ဟာဇတ်ပြန်ပါလာခဲ့လို့ အားလုံးကသူ့ခြေစွမ်းကိုအများကြီးမျှော်လင့်ခဲ့ကြပေမယ့်
ခြေစွမ်းမပြနိုင်တဲ့အပြင် ရီးရဲလ်လည်း နိုင်ပွဲပျောက်ခဲ့လို့ စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။
သူဟာဒဏ်ရာပြဿနာကြောင့် စက်တင်ဘာနောက်ပိုင်းပထမဆုံးအကြိမ်အဖြစ်
အသင်းအတွက် ဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ရီးရဲလ်ဟာပထမပိုင်းမှာ
စိတ်ပျက်စရာခြေစွမ်းကြုံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ တော့
ဟာဇတ်ရဲ့ခြေစွမ်းပိုမိုကောင်းမွန်လာမှုနဲ့အတူ ပြိုင်ဘက်ကို
ထိုးဖောက်နိုင်ခဲ့ပေမယ့် လိုအပ်တဲ့ဂိုးတော့မရခဲ့ပါဘူး။
ပွဲအပြီး မှာ နည်းပြအန်စလော့တီက” ကျွန်တော်တို့တွေ ပထမဆုံးမိနစ်ကနေ
နောက်ဆုံးမိနစ်အထိကြိုးစားခဲ့ကြပါတယ်။ ကွင်းရဲ့နောက် ဆုံးမီတာ ၃၀ မှာ
အရည်အသွေးပိုင်းလိုအပ်ချက်တွေရှိခဲ့ပါတယ်။ ဒါပေမယ့်အခုလိုဖြစ်ခဲ့လို့
ဘာမှဝေဖန်စရာတော့မရှိပါဘူး။ ဒီလို ပွဲမျိုးဆိုတာအချိန်မရွေးကြုံရနိုင်ပါတယ်။
ဒီပွဲမှာ ၃ မှတ်မရခဲ့တာကလွဲလို့ အပေါင်းလက္ခဏာဆန်မှုတွေ
အများကြီးရှိခဲ့ပါတယ်” လို့ ပြောခဲ့ပါတယ်။
zawgyi