အမ်ဘာပီအလို နတ်မလိုက်နိုင်တော့တဲ့ အထိဖြစ်လာပြီ

ပီအက်စ်ဂျီမှာ ပြဿနာပေါင်းသောင်းခြောက်ထောင်နဲ့ ဇယားကပ်နေတဲ့ တိုက်စစ်မှူးအမ်ဘာပီရဲ့ သတင်းတွေကတော့ တစ်နေ့တစ်မျိုး မရိုးရအောင်ပါပဲ။

အခုလည်းပဲ လက်ရှိကစားနေရတဲ့ အထောင်တိုက်စစ်မှူး နေရာကို သဘောမကျတာကြောင့် မက်ဆီ၊ နေမာတို့ ကစားနေတဲ့ နေရာမျိုးတွေမှာ ကစားချင်စိတ် ပေါက်နေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အမ်ဘာပီဟာ ၂၈ ဂိုး အထိ သွင်းနိုင်ခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်တယ်ဆိုတာ ငြင်းလို့မရပါဘူး။

ဒါပေမဲ့ သူဟာ တစ်ရာသီအတွင်း ၃၅ ဂိုးသွင်းခဲ့တဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးကြောင့်သာ ဥရောပ ရွှေဖိနပ်ဆုနဲ့ လွဲချော်ခဲ့ရတာဖြစ်ပါတယ်။

နောက်ပြီး ပြီးခဲ့တဲ့ ဘောလုံးရာသီ ဂိုးဖန်တီးမှုကို ကြည့်လိုက်မယ်ဆိုရင် လည်း အမ်ဘာပီဟာ ၁၈ ကြိမ် ဖန်တီးနိုင်ခဲ့တဲ့ ဘိုင်ယန်ဝါရင့် တိုက်စစ်မှူး သောမတ်စ်မူလာရဲ့ နောက်မှာ ၁၇ ကြိမ်နဲ့ ရပ်တည်ခဲ့ရတာပါ။

ဒါကြောင့် ဒီ ဘိုင်ယန်တိုက်စစ်အတွဲကလွဲရင် ဥရောပမှာ အမ်ဘာပီဟာ ပြီးခဲ့တဲ့ ရာသီ အကောင်းဆုံး တိုက်စစ်မှူးဆိုတဲ့အချက်ကို သက်သေပြနေပါတယ်။

ဒါပေမဲ့ လက်ရှိဘောလုံးရာသီမှာတော့ သူ့ရဲ့ အချက်အလက်တွေက ကွဲပြားခြားနား မှုရှိလာခဲ့ပြီဖြစ်ပါတယ်။

အထောင်တိုက်စစ်မှူး နေရာမှာ ကစားနေရတဲ့ အတွက် ဒီရာသီမှာပွဲစဉ် ၉ ပွဲ ကစားပြီးခဲ့တဲ့ အချိန်အိထိ ပီအက်စ်ဂျီအသင်း ရရှိထားတဲ့ ၂၈ ဂိုးမှာ အမ်ဘာပီရဲ့ ဖန်တီးမှုက တစ်ကြိမ်မှ မရှိသေးပါဘူး။

ဒါပေမဲ့ တစ်ဖက်မှာတော့ မက်ဆီနဲ့ နေမာတို့က ၇ ကြိမ်ကို အတူပူးတွဲ ဖန်တီး ပေးထားပါတယ်။ ဒါပေမဲ့ ပြင်သစ်သားကတော့ ဂိုးသွင်းအများဆုံး ကစား သမားစာရင်းမှာ ၈ ဂိုးနဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။

ဒါကြောင့် အမ်ဘာပီဟာ ဖန်တီးမှုတွေနဲ့ နေရာလွတ်တွေကို လုပ်ပေးနိုင်တဲ့ ဘယ်တောင်ပံနေရာ၊ ဒါမှ မဟုတ် ညာတောင်ပံနေရာကို ထွက်ကစားဖို့ ဆန္ဒပြင်းပြနေပြီဖြစ်တယ်လို့ The Athletic သတင်းစာရဲ့ အာဘော်အရ သိရပါတယ်။ ဒါဆိုရင်တော့ အမ်ဘာပီဟာ ဂျပန်ဝက်အူလိုပဲ ပီအက်စ်ဂျီကို တစ်ရစ်ချင်း ရစ်နေပြီလားလို့ တောင် ထင်နေရပါတယ်။

တကယ်လို့ သူ့သဘောအတိုင်းသာ လိုက်လုပ်ပေး ရမယ်ဆိုရင် လက်ရှိ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲမှာ အပါအဝင် ဖြစ်နေတဲ့ မက်ဆီနဲ့ နေမာတို့ထဲက တစ်ယောက်ဟာ အရန်ခုံ ထိုင်ပေးရမလို ဖြစ်နေပါပြီ။

ပြီးခဲ့တဲ့မေလမှာ အခွင့်ထူးခံ သဘောတူညီချက်တွေနဲ့ စာချုပ်သက်တမ်းတိုးခဲ့ပြီး ဥက္ကဋ္ဌလို့တောင် နာမည်အပေးခံရတဲ့ ဘာပီတစ် ယောက် လောဘတွေ ကြီးနေပုံများကတော့ ဘာပီအလိုကို နတ်တောင် လိုက်နိုင်ပါ့မလားလို့ တွေးနေမိပါတယ်။

(Zawgyi)

အမ္ဘာေပအလို နတ္မလိုက္ႏိုင္ေတာ့တဲ့ အထိျဖစ္လာၿပီ
ပီအက္စ္ဂ်ီမွာ ျပႆနာေပါင္းေသာင္းေျခာက္ေထာင္နဲ႔ ဇယားကပ္ေနတဲ့ တိုက္စစ္မႉးအမ္ဘာပီရဲ႕ သတင္းေတြကေတာ့ တစ္ေန႔တစ္မ်ိဳး မ႐ိုးရေအာင္ပါပဲ။

အခုလည္းပဲ လက္ရွိကစားေနရတဲ့ အေထာင္တိုက္စစ္မႉး ေနရာကို သေဘာမက်တာေၾကာင့္ မက္ဆီ၊ ေနမာတို႔ ကစားေနတဲ့ ေနရာမ်ိဳးေတြမွာ ကစားခ်င္စိတ္ ေပါက္ေနတယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ အမ္ဘာပီဟာ ၂၈ ဂိုး အထိ သြင္းႏိုင္ခဲ့တာေၾကာင့္ ကမာၻ႔အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ေယာက္ျဖစ္တယ္ဆိုတာ ျငင္းလို႔မရပါဘူး။ ဒါေပမဲ့ သူဟာ တစ္ရာသီအတြင္း ၃၅ ဂိုးသြင္းခဲ့တဲ့ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မႉး လီဝန္ေဒါစကီးေၾကာင့္သာ ဥေရာပ ေ႐ႊဖိနပ္ဆုနဲ႔ လြဲေခ်ာ္ခဲ့ရတာျဖစ္ပါတယ္။

ေနာက္ၿပီး ၿပီးခဲ့တဲ့ ေဘာလုံးရာသီ ဂိုးဖန္တီးမႈကို ၾကည့္လိုက္မယ္ဆိုရင္ လည္း အမ္ဘာပီဟာ ၁၈ ႀကိမ္ ဖန္တီးႏိုင္ခဲ့တဲ့ ဘိုင္ယန္ဝါရင့္ တိုက္စစ္မႉး ေသာမတ္စ္မူလာရဲ႕ ေနာက္မွာ ၁၇ ႀကိမ္နဲ႔ ရပ္တည္ခဲ့ရတာပါ။

ဒါေၾကာင့္ ဒီ ဘိုင္ယန္တိုက္စစ္အတြဲကလြဲရင္ ဥေရာပမွာ အမ္ဘာပီဟာ ၿပီးခဲ့တဲ့ ရာသီ အ ေကာင္းဆုံး တိုက္စစ္မႉးဆိုတဲ့အခ်က္ကို သက္ေသျပေနပါတယ္။ ဒါေပမဲ့ လက္ရွိေဘာလုံးရာသီမွာေတာ့ သူ႔ရဲ႕ အခ်က္အလက္ေတြက ကြဲျပားျခားနား မႈရွိလာခဲ့ၿပီျဖစ္ပါတယ္။

အေထာင္တိုက္စစ္မႉး ေနရာမွာ ကစားေနရတဲ့ အတြက္ ဒီရာသီမွာပြဲစဥ္ ၉ ပြဲ ကစားၿပီးခဲ့တဲ့ အခ်ိန္အိထိ ပီအက္စ္ဂ်ီအသင္း ရရွိထားတဲ့ ၂၈ ဂိုးမွာ အမ္ဘာပီရဲ႕ ဖန္တီးမႈက တစ္ႀကိမ္မွ မရွိေသးပါဘူး။ ဒါေပမဲ့ တစ္ဖက္မွာေတာ့ မက္ဆီနဲ႔ ေနမာတို႔က ၇ ႀကိမ္ကို အတူပူးတြဲ ဖန္တီး ေပးထားပါတယ္။

ဒါေပမဲ့ ျပင္သစ္သားကေတာ့ ဂိုးသြင္းအမ်ားဆုံး ကစား သမားစာရင္းမွာ ၈ ဂိုးနဲ႔ ထိပ္ဆုံးမွာ ရွိေနပါတယ္။ ဒါေၾကာင့္ အမ္ဘာပီဟာ ဖန္တီးမႈေတြနဲ႔ ေနရာလြတ္ေတြကို လုပ္ေပးႏိုင္တဲ့ ဘယ္ေတာင္ပံေနရာ၊ ဒါမွ မဟုတ္ ညာေတာင္ပံေနရာကို ထြက္ကစားဖို႔ ဆႏၵျပင္းျပေနၿပီျဖစ္တယ္လို႔ The Athletic သတင္းစာရဲ႕ အာေဘာ္အရ သိရပါတယ္။

ဒါဆိုရင္ေတာ့ အမ္ ဘာပီဟာ ဂ်ပန္ဝက္အူလိုပဲ ပီအက္စ္ဂ်ီကို တစ္ရစ္ခ်င္း ရစ္ေနၿပီလားလို႔ ေတာင္ ထင္ေနရပါတယ္။

တကယ္လို႔ သူ႔သေဘာအတိုင္းသာ လိုက္လုပ္ေပး ရမယ္ဆိုရင္ လက္ရွိ ကမာၻ႔အေကာင္းဆုံးကစားသမားေတြထဲမွာ အပါအဝင္ ျဖစ္ေနတဲ့ မက္ဆီနဲ႔ ေနမာတို႔ထဲက တစ္ေယာက္ဟာ အရန္ခုံ ထိုင္ေပးရမလို ျဖစ္ေနပါၿပီ။

ၿပီးခဲ့တဲ့ေမလမွာ အခြင့္ထူးခံ သေဘာတူညီခ်က္ေတြနဲ႔ စာခ်ဳပ္သက္တမ္းတိုးခဲ့ၿပီး ဥကၠ႒လို႔ေတာင္ နာမည္အေပးခံရတဲ့ ဘာပီတစ္ ေယာက္ ေလာဘေတြ ႀကီးေနပုံမ်ားကေတာ့ ဘာပီအလိုကို နတ္ေတာင္ လိုက္ႏိုင္ပါ့မလားလို႔ ေတြးေနမိပါတယ္။