အမ်ဘာပီ ကိစ္စအတွက်အဖြေမရှိဘူးလို့ ပြတ်ပြတ်သားသားငြင်းဆန်လိုက်တဲ့ အန်ဆလော့တီ

ဇန်နဝါရီမှာ ပီအက်စ်ဂျီကနေထွက်ခွာမယ်လို့ သတင်းပြေးနေတဲ့ အမ်ဘာပီကို စိတ်ဝင်စားသလားဆိုတဲ့ အမေးနဲ့ပတ်သတ်လို့ ရီးရဲလ်နည်းပြအန်ဆလော့တီက ပြတ်ပြတ်သားသားငြင်းဆန်လိုက်ပါတယ်။

ပြင်သစ်တိုက်စစ်မှူးဟာ ပီအက်စ်ဂျီနဲ့ စာချုပ်သက်တမ်းတိုးမြှင့်ပြီး ၅လ အကြာမှာ အပြောင်းအရွှေ့နဲ့ပတ်သတ်လို့ ဂယက် ပြန်ထလာတာဖြစ်တယ်။

ကစားသမားဘက်က သူ့ကိုကလပ်အသင်းက သစ္စာဖောက်တယ်လို့ခံစားနေရပြီး ဆက်ဆံရေးက တင်းမာလာခဲ့ပြီဖြစ်တယ်။ ရီးရဲလ်အသင်းပစ်မှတ်ထဲမှာကာလရှည်ရှိခဲ့တဲ့ အမ်ဘာပီနဲ့ပတ်သတ်လို့ အန်ဆလော့တီက “မင်းဒီလိုမေးရဲတဲ့ သတ္တိရှိလား။

ငါ့ဘက်ကတော့ ဖြေစရာမလိုပါဘူး” လို့ Canal+ နဲ့တွေ့ဆုံမှုမှာ ပြတ်ပြတ်သားသားပြောဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီဘက်က ချန်ပီယံလိဂ်ဖလားကိုပိုင်ဆိုင်ဖို့အတွက် အပြောင်းအရွှေ့ကာ လမှာ လီဝန်ဒေါစကီး၊ ဘာနာဒိုဆေးလ်ဗားနဲ့ စကရီနီယာတို့ကို ခေါ်ယူပေးမယ်လို့ ကတိပြုခဲ့ပေမဲ့ မလုပ်နိုင်ခဲ့ပါဘူး။

ဒီအချက်က အမ်ဘာပီကိုစိတ်ပျက်စေခဲ့သလို နည်းပြဂယ်တီယာရဲ့ တိုက်စစ်နည်းစနစ်အပါအဝင် နေမာကိုပါအသင်းကနေရှင်း ထုတ်ဖို့အထိ အလိုရှိခဲ့တာပါ။

လက်ရွေးစင်အသင်းမှာ ဂီရောက်နဲ့အတူ တိုက်စစ် နှစ်ယောက်တွဲပုံစံကစားရတာကို ပိုပြီးနှစ်သက်တယ်လို့ အမ်ဘာပီက လူသိရှင်ကြား ရှင်းပြလာတာဖြစ်တယ်။

စပိန်သတင်းစာ MARCA ရဲ့ဖော်ပြချက်အရ ပီအက်စ်ဂျီအ သင်းဟာ ရီးရဲလ်ရဲ့ ပေါင် ၁၅၄ သန်းတန် ကမ်းလှမ်းမှုကို ပယ်ချခဲ့တာဖြစ်ပြီး လက်ရှိမှာ တော့ပြင်သစ်တိုက်စစ်မှူးကိုခေါ်ယူနိုင်ဖွယ်ရှိတဲ့ ကလပ်တွေက ရီးရဲလ်နဲ့ လီဗာပူးသာရှိနေတာဖြစ်တယ်။ အမ်ဘာပီဟာ မကြာသေးခင်ကာလတွေမှာ လီဗာပူးနည်းပြကလော့ပ်နဲ့ ချိတ်ဆက်မှုတွေလုပ်ခဲ့ပြီး သူကိုယ်တိုင်ပရီးမီးယားလိဂ် မှာလာရောက်အစမ်းသပ်ခံဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

(Zawgyi)

အမ္ဘာပီ ကိစၥအတြက္အေျဖမရွိဘူးလို႔ ျပတ္ျပတ္သားသားျငင္းဆန္လိုက္တဲ့ အန္ဆေလာ့တီ

ဇန္နဝါရီမွာ ပီအက္စ္ဂ်ီကေနထြက္ခြာမယ္လို႔ သတင္းေျပးေနတဲ့ အမ္ဘာပီကို စိတ္ဝင္စားသလားဆိုတဲ့ အေမးနဲ႔ပတ္သတ္လို႔ ရီးရဲလ္နည္းျပအန္ဆေလာ့တီက ျပတ္ျပတ္သားသားျငင္းဆန္လိုက္ပါတယ္။ ျပင္သစ္တိုက္စစ္မႉးဟာ ပီအက္စ္ဂ်ီနဲ႔ စာခ်ဳပ္သက္တမ္းတိုးျမႇင့္ၿပီး ၅လ အၾကာမွာ အေျပာင္းအေ႐ႊ႕နဲ႔ပတ္သတ္လို႔ ဂယက္ ျပန္ထလာတာျဖစ္တယ္။ ကစားသမားဘက္က သူ႔ကိုကလပ္အသင္းက သစၥာေဖာက္တယ္လို႔ခံစားေနရၿပီး ဆက္ဆံေရးက တင္းမာလာခဲ့ၿပီျဖစ္တယ္။ ရီးရဲလ္အသင္းပစ္မွတ္ထဲမွာကာလရွည္ရွိခဲ့တဲ့ အမ္ဘာပီနဲ႔ပတ္သတ္လို႔ အန္ဆေလာ့တီက “မင္းဒီလိုေမးရဲတဲ့ သတၱိရွိလား။ ငါ့ဘက္ကေတာ့ ေျဖစရာမလိုပါဘူး” လို႔ Canal+ နဲ႔ေတြ႕ဆုံမႈမွာ ျပတ္ျပတ္သားသားေျပာဆိုခဲ့ပါတယ္။ ပီအက္စ္ဂ်ီဘက္က ခ်န္ပီယံလိဂ္ဖလားကိုပိုင္ဆိုင္ဖို႔အတြက္ အေျပာင္းအေ႐ႊ႕ကာ လမွာ လီဝန္ေဒါစကီး၊ ဘာနာဒိုေဆးလ္ဗားနဲ႔ စကရီနီယာတို႔ကို ေခၚယူေပးမယ္လို႔ ကတိျပဳခဲ့ေပမဲ့ မလုပ္ႏိုင္ခဲ့ပါဘူး။ ဒီအခ်က္က အမ္ဘာပီကိုစိတ္ပ်က္ေစခဲ့သလို နည္းျပဂယ္တီယာရဲ႕ တိုက္စစ္နည္းစနစ္အပါအဝင္ ေနမာကိုပါအသင္းကေနရွင္း ထုတ္ဖို႔အထိ အလိုရွိခဲ့တာပါ။ လက္ေ႐ြးစင္အသင္းမွာ ဂီေရာက္နဲ႔အတူ တိုက္စစ္ ႏွစ္ေယာက္တြဲပုံစံကစားရတာကို ပိုၿပီးႏွစ္သက္တယ္လို႔ အမ္ဘာပီက လူသိရွင္ၾကား ရွင္းျပလာတာျဖစ္တယ္။ စပိန္သတင္းစာ MARCA ရဲ႕ေဖာ္ျပခ်က္အရ ပီအက္စ္ဂ်ီအ သင္းဟာ ရီးရဲလ္ရဲ႕ ေပါင္ ၁၅၄ သန္းတန္ ကမ္းလွမ္းမႈကို ပယ္ခ်ခဲ့တာျဖစ္ၿပီး လက္ရွိမွာ ေတာ့ျပင္သစ္တိုက္စစ္မႉးကိုေခၚယူႏိုင္ဖြယ္ရွိတဲ့ ကလပ္ေတြက ရီးရဲလ္နဲ႔ လီဗာပူးသာရွိေနတာျဖစ္တယ္။ အမ္ဘာပီဟာ မၾကာေသးခင္ကာလေတြမွာ လီဗာပူးနည္းျပကေလာ့ပ္နဲ႔ ခ်ိတ္ဆက္မႈေတြလုပ္ခဲ့ၿပီး သူကိုယ္တိုင္ပရီးမီးယားလိဂ္ မွာလာေရာက္အစမ္းသပ္ခံဖို႔ စိတ္အားထက္သန္ေနတယ္လို႔ သိရပါတယ္။