





အာဂျင်တီးနားဂိုးသမားမာတီနက်ဇ်ကတော့ ဗိုလ်လုပွဲမတိုင်ခင်မှာ
ပြိုင်ဘက်တိုက်စစ်မှူးအမ်ဘာပီကို ပြစ်တင်ဝေဖန်လိုက်ပါတယ်။





ဒီနှစ်အစောပိုင်းမှာတော့ ပီအက်စ်ဂျီကြယ်ပွင့် အမ်ဘာပီက
တောင်အမေရိကဘောလုံးဟာ ဥရောပဂိမ်းတွေလောက်တိုးတက်မှု
မရှိဘူးလို့ ထုတ်ဖော်ပြောဆိုခဲ့တာဖြစ်တယ်။ “ကျွန်တော်တို့ဥရောပရဲ့





အားသာချက်ကတော့ နေးရှင်းလိဂ်လိုအဆင့်မြင့်ပွဲတွေကစားနေရတာပါပဲ။
ကမ္ဘာ့ဖလားကိုရောက်တဲ့အခါ ကျွန်တော်တို့ကအဆင်သင့်ဖြစ်နေပြီး





ဘရာဇီးနဲ့ အာဂျင်တီးနားတို့ဟာ တောင်အမေရိကမှာ ဒီအဆင့်မျိုး
ပါဝင်မလာပါဘူး။ ဘောလုံးက ဥရောပလောက်မတိုးတက်ပါဘူး။
ဒါကြောင့် နောက်ပိုင်းကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဥရောပသားတွေ





အမြဲအနိုင်ရနေတာပါ” လို့ အမ်ဘာပီက ပြောဆိုခဲ့ဖူးပါတယ်။
ဖိုင်နယ်ပွဲမတိုင်ခင်မှာတော့ အမ်ဘာပီရဲ့ ယူဆချက်ကို





အာဂျင်တီးနားဂိုးသမား မာတီနက်ဇ်က တုံ့ပြန်သွားခဲ့ပါတယ်။
“သူက ဘောလုံးအကြောင်းကိုလုံလုံလောက်လောက်မသိပါဘူး။
တောင်အမေရိကမှာလည်း တစ်ခါမှမကစားဖူးပါဘူး။ ခင်ဗျားတို့အနေနဲ့





အတွေ့အကြုံမရှိတဲ့အရာကိုမပြောတာက ပိုကောင်းလိမ့်မယ်။
ဒါပေမဲ့ အရေးတကြီးကိစ္စတော့မဟုတ်ပါဘူး။ ကျွန်တော်တို့ဟာ





ကြီးကျယ်တဲ့အသင်းအဖြစ်အသိအမှတ်ပြုခံထားရပြီးဖြစ်ပါတယ်” လို့
ဗီလာဂိုးသမားက တုံ့ပြန်လိုက်ပါတယ်။ အသင်းဖော်မက်ဆီကလည်း
မာတီနက်ဇ်ရဲ့အဆိုကိုသဘောတူလက်ခံခဲ့ပါတယ်။ TyC Sports နဲ့





တွေ့ဆုံမှုမှာ မက်ဆီက “စပိန်မှာ ဒီအကြောင်းကိုအကြိမ်ပေါင်းများစွာ
ပြောခဲ့ကြတယ်။ ခြေစစ်ပွဲကပြန်လာတဲ့အခါ သူတို့ပြောကြတယ်။





တကယ်လို့ ဗင်နီဇွဲလားကိုသွားရမယ်ဆိုရင် အမြင့်ပေ၊ အပူဒဏ်ကြားမှာ
ကမ္ဘာ့ဖလားဝင်ခွင့်အတွက်ဘယ်လောက်ခက်ခဲသလဲဆိုတာ
မင်းတို့မသိသေးပါဘူး” လို့ ပြောဆိုခဲ့ပါတယ်။





zawgyi





အမ္ဘာပီဟာ ေဘာလုံးအေၾကာင္းလုံလုံေလာက္မသိေသးသူလို႔ မာတီနက္ဇ္ တုံ႔ျပန္လိုက္
အာဂ်င္တီးနားဂိုးသမားမာတီနက္ဇ္ကေတာ့ ဗိုလ္လုပြဲမတိုင္ခင္မွာ
ၿပိဳင္ဘက္တိုက္စစ္မႉးအမ္ဘာပီကို ျပစ္တင္ေဝဖန္လိုက္ပါတယ္။





ဒီႏွစ္အေစာပိုင္းမွာေတာ့ ပီအက္စ္ဂ်ီၾကယ္ပြင့္ အမ္ဘာပီက
ေတာင္အေမရိကေဘာလုံးဟာ ဥေရာပဂိမ္းေတြေလာက္တိုးတက္မႈ





မရွိဘူးလို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္တယ္။ “ကြၽန္ေတာ္တို႔ဥေရာပရဲ႕
အားသာခ်က္ကေတာ့ ေနးရွင္းလိဂ္လိုအဆင့္ျမင့္ပြဲေတြကစားေနရတာပါပဲ။
ကမာၻ႔ဖလားကိုေရာက္တဲ့အခါ ကြၽန္ေတာ္တို႔ကအဆင္သင့္ျဖစ္ေနၿပီး





ဘရာဇီးနဲ႔ အာဂ်င္တီးနားတို႔ဟာ ေတာင္အေမရိကမွာ ဒီအဆင့္မ်ိဳး
ပါဝင္မလာပါဘူး။ ေဘာလုံးက ဥေရာပေလာက္မတိုးတက္ပါဘူး။





ဒါေၾကာင့္ ေနာက္ပိုင္းကမာၻ႔ဖလားၿပိဳင္ပြဲေတြမွာ ဥေရာပသားေတြ
အၿမဲအႏိုင္ရေနတာပါ” လို႔ အမ္ဘာပီက ေျပာဆိုခဲ့ဖူးပါတယ္။
ဖိုင္နယ္ပြဲမတိုင္ခင္မွာေတာ့ အမ္ဘာပီရဲ႕ ယူဆခ်က္ကို





အာဂ်င္တီးနားဂိုးသမား မာတီနက္ဇ္က တုံ႔ျပန္သြားခဲ့ပါတယ္။
“သူက ေဘာလုံးအေၾကာင္းကိုလုံလုံေလာက္ေလာက္မသိပါဘူး။





ေတာင္အေမရိကမွာလည္း တစ္ခါမွမကစားဖူးပါဘူး။ ခင္ဗ်ားတို႔အေနနဲ႔
အေတြ႕အႀကဳံမရွိတဲ့အရာကိုမေျပာတာက ပိုေကာင္းလိမ့္မယ္။
ဒါေပမဲ့ အေရးတႀကီးကိစၥေတာ့မဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ဟာ





ႀကီးက်ယ္တဲ့အသင္းအျဖစ္အသိအမွတ္ျပဳခံထားရၿပီးျဖစ္ပါတယ္” လို႔
ဗီလာဂိုးသမားက တုံ႔ျပန္လိုက္ပါတယ္။ အသင္းေဖာ္မက္ဆီကလည္း





မာတီနက္ဇ္ရဲ႕အဆိုကိုသေဘာတူလက္ခံခဲ့ပါတယ္။ TyC Sports နဲ႔
ေတြ႕ဆုံမႈမွာ မက္ဆီက “စပိန္မွာ ဒီအေၾကာင္းကိုအႀကိမ္ေပါင္းမ်ားစြာ
ေျပာခဲ့ၾကတယ္။ ေျခစစ္ပြဲကျပန္လာတဲ့အခါ သူတို႔ေျပာၾကတယ္။





တကယ္လို႔ ဗင္နီဇြဲလားကိုသြားရမယ္ဆိုရင္ အျမင့္ေပ၊ အပူဒဏ္ၾကားမွာ
ကမာၻ႔ဖလားဝင္ခြင့္အတြက္ဘယ္ေလာက္ခက္ခဲသလဲဆိုတာ





မင္းတို႔မသိေသးပါဘူး” လို႔ ေျပာဆိုခဲ့ပါတယ္။