





ကမ္ဘာ့ဖလားကွာတားဖိုင်နယ်ပွဲစဉ်မှာ အမ်ဘာပီကြောင့်ရုန်းကန်ရနိုင်တဲ့
အင်္ဂလန်ခံစစ်ကစားသမားနှစ်ယောက်ရှိတယ်လို့ ယူနိုက်တက်





နောက်ခံလူဟောင်းအီဗရာက ထောက်ပြခဲ့ပါတယ်။ ပုံမှန်အတိုင်းဆိုရင်တော့
ပီအက်စ်ဂျီကြယ်ပွင့်ဟာ ကိုင်လီဝေါ်လ်ကာနဲ့ထိပ်တိုက်ရင်ဆိုင်ရဖို့ရှိနေပေမဲ့
လွတ်လမ်းရှာပြီး ဗဟိုတိုက်စစ်နေရာပြောင်းကစားချိန်မှာတော့





မက်ဂွိုင်းယားနဲ့ ဂျွန်စတုန်းတို့ထိန်းချုပ်ဖို့မလွယ်ဘူးလို့ အီဗရာက
ဆိုခဲ့တာဖြစ်တယ်။ လျင်မြန်မှုမရှိတဲ့ ဂီရောက်နဲ့ရင်ဆိုင်ရတာဟာ





မက်ဂွိုင်းယားနဲ့ ဂျွန်စတုန်းအတွက် ထီပေါက်သလိုဖြစ်ပေမဲ့
အမ်ဘာပီနဲ့ဆိုရင်တော့ တိုင်ပတ်လိမ့်မယ်လို့ သုံးသပ်လိုက်တာဖြစ်တယ်။
Al Bayt ကွင်းထဲမှာရင်ဆိုင်ရမယ့်ပွဲစဉ်နဲ့ပတ်သတ်လို့ အီဗရာက





“အမ်ဘာပီကို ဝေါ်လ်ကာတားဆီးပါလိမ့်မယ်။ သူဟာ ချန်ပီယံလိဂ်ပွဲစဉ်မှာ
နေမာကိုအကောင်းဆုံးထိန်းချုပ်နိုင်ခဲ့တယ်။ ဝေါ်လ်ကာက လျင်မြန်ပြီး





သန်မာတာကြောင့် ဒီလိုနေရာမှာစိတ်ချလို့ရတယ်။ အမ်ဘာပီကတော့
လွတ်လမ်းရှာပါလိမ့်မယ်။ သူအတွင်းဘက်ကိုဝင်ကစားရင် မက်ဂွိုင်းယားနဲ့
ဂျွန်စတုန်းကထိန်းချုပ်နိုင်ဖို့မရှိတာကြောင့် သေချာပေါက်လုပ်ဆောင်ပါလိမ့်မယ်။





အမ်ဘာပီကိုရပ်တန့်ဖို့အတွက်ဆိုရင် အချိန်တိုင်းသူ့အနားနေရမယ်၊
ညစ်ညစ်ပတ်ပတ်ကစားပြီး စိတ်ပျက်အောင်လုပ်နိုင်ရမယ်။





သူကလူချကစားတာကိုမကြိုက်တဲ့ကစားသမားမျိုးဖြစ်တယ်။
မက်ဂွိုင်းယားနဲ့ ဂျွန်စတုန်းတို့ကတော့ ဂီရောက်နဲ့ရင်ဆိုင်ရတာကို
ပိုပြီးသဘောကျမယ်ထင်တယ်။ လျင်မြန်မှုမရှိပဲ သန်မာတဲ့ကစားသမား





တစ်ယောက်ဖြစ်လို့ သူတို့နှစ်ယောက်အတွက်ထီပေါက်သလိုပါပဲ” လို့
သုံးသပ်ခဲ့ပါတယ်။ အီဗရာဟာ ပြင်သစ်လက်ရွေးစင်အသင်းအတွက်





၈၁ ပွဲ ကစားပေးခဲ့သူဖြစ်ပြီး ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ
အမ်ဘာပီနဲ့ပတ်သတ်ပြီး အင်္ဂလန်ခံစစ်ရုန်းကန်ရနိုင်တာကို ထောက်ပြခဲ့တာဖြစ်တယ်။





zawgyi
အမ္ဘာပီလြတ္ေျမာက္လမ္းရွာခ်ိန္ဟာ မက္ဂြိဳင္းယားနဲ႔ ဂြၽန္စတုန္းအတြက္ ငရဲပဲလို႔ အီဗရာ သုံးသပ္





ကမာၻ႔ဖလားကြာတားဖိုင္နယ္ပြဲစဥ္မွာ အမ္ဘာပီေၾကာင့္႐ုန္းကန္ရႏိုင္တဲ့
အဂၤလန္ခံစစ္ကစားသမားႏွစ္ေယာက္ရွိတယ္လို႔ ယူႏိုက္တက္
ေနာက္ခံလူေဟာင္းအီဗရာက ေထာက္ျပခဲ့ပါတယ္။ ပုံမွန္အတိုင္းဆိုရင္ေတာ့





ပီအက္စ္ဂ်ီၾကယ္ပြင့္ဟာ ကိုင္လီေဝၚလ္ကာနဲ႔ထိပ္တိုက္ရင္ဆိုင္ရဖို႔ရွိေနေပမဲ့
လြတ္လမ္းရွာၿပီး ဗဟိုတိုက္စစ္ေနရာေျပာင္းကစားခ်ိန္မွာေတာ့





မက္ဂြိဳင္းယားနဲ႔ ဂြၽန္စတုန္းတို႔ထိန္းခ်ဳပ္ဖို႔မလြယ္ဘူးလို႔ အီဗရာက
ဆိုခဲ့တာျဖစ္တယ္။ လ်င္ျမန္မႈမရွိတဲ့ ဂီေရာက္နဲ႔ရင္ဆိုင္ရတာဟာ
မက္ဂြိဳင္းယားနဲ႔ ဂြၽန္စတုန္းအတြက္ ထီေပါက္သလိုျဖစ္ေပမဲ့





အမ္ဘာပီနဲ႔ဆိုရင္ေတာ့ တိုင္ပတ္လိမ့္မယ္လို႔ သုံးသပ္လိုက္တာျဖစ္တယ္။
Al Bayt ကြင္းထဲမွာရင္ဆိုင္ရမယ့္ပြဲစဥ္နဲ႔ပတ္သတ္လို႔ အီဗရာက





“အမ္ဘာပီကို ေဝၚလ္ကာတားဆီးပါလိမ့္မယ္။ သူဟာ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ
ေနမာကိုအေကာင္းဆုံးထိန္းခ်ဳပ္ႏိုင္ခဲ့တယ္။ ေဝၚလ္ကာက လ်င္ျမန္ၿပီး
သန္မာတာေၾကာင့္ ဒီလိုေနရာမွာစိတ္ခ်လို႔ရတယ္။ အမ္ဘာပီကေတာ့





လြတ္လမ္းရွာပါလိမ့္မယ္။ သူအတြင္းဘက္ကိုဝင္ကစားရင္ မက္ဂြိဳင္းယားနဲ႔
ဂြၽန္စတုန္းကထိန္းခ်ဳပ္ႏိုင္ဖို႔မရွိတာေၾကာင့္ ေသခ်ာေပါက္လုပ္ေဆာင္ပါလိမ့္မယ္။





အမ္ဘာပီကိုရပ္တန႔္ဖို႔အတြက္ဆိုရင္ အခ်ိန္တိုင္းသူ႔အနားေနရမယ္၊
ညစ္ညစ္ပတ္ပတ္ကစားၿပီး စိတ္ပ်က္ေအာင္လုပ္ႏိုင္ရမယ္။
သူကလူခ်ကစားတာကိုမႀကိဳက္တဲ့ကစားသမားမ်ိဳးျဖစ္တယ္။





မက္ဂြိဳင္းယားနဲ႔ ဂြၽန္စတုန္းတို႔ကေတာ့ ဂီေရာက္နဲ႔ရင္ဆိုင္ရတာကို
ပိုၿပီးသေဘာက်မယ္ထင္တယ္။ လ်င္ျမန္မႈမရွိပဲ သန္မာတဲ့ကစားသမား





တစ္ေယာက္ျဖစ္လို႔ သူတို႔ႏွစ္ေယာက္အတြက္ထီေပါက္သလိုပါပဲ” လို႔
သုံးသပ္ခဲ့ပါတယ္။ အီဗရာဟာ ျပင္သစ္လက္ေ႐ြးစင္အသင္းအတြက္
၈၁ ပြဲ ကစားေပးခဲ့သူျဖစ္ၿပီး ကြာတားဖိုင္နယ္ပြဲစဥ္မတိုင္ခင္မွာ





အမ္ဘာပီနဲ႔ပတ္သတ္ၿပီး အဂၤလန္ခံစစ္႐ုန္းကန္ရႏိုင္တာကို ေထာက္ျပခဲ့တာျဖစ္တယ္။