
ကမ္ဘာ့ချန်ပီယံဆုရှင် မက်ဆီဟာ ပါရီကိုပြန်အရောက်မှာတော့





အသင်းဖော်တွေဆီကနေ ဂုဏ်ပြုဆုတံဆိပ်လက်ခံရရှိခဲ့ပါတယ်။
အသက် ၃၅ နှစ်အရွယ် မက်ဆီဟာ အာဂျင်တီးနားအသင်း





ချန်ပီယံဆုအတွက်သွားရာလမ်းကြောင်းတစ်လျှောက်လုံး
အကောင်းဆုံးပံ့ပိုးပေးခဲ့ပြီး ၇ ဂိုးအထိသွင်းနိုင်ခဲ့တာဖြစ်တယ်။
ဒါ့အပြင် သမိုင်းကြောင်းတစ်လျှောက် World Cup Player





of the Tournament ကို ၂ ကြိမ်ဆွတ်ခူးနိုင်တဲ့ ပထမဆုံး
ကစားသမားအဖြစ်ပါမှတ်တမ်းဝင်ခဲ့ပါတယ်။ အာဂျင်တီးနား





ဘဏ္ဍာရေးဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဟာ သူ့ရဲ့မျက်နှာကို
ပီဆို ၁၀၀၀ တန်ငွေစက္ကူပေါ်မှာ တင်ပြီး မသေနိုင်တဲ့ Messi လုပ်ဖို့
စဉ်းစားနေတယ်လို့ သတင်းတွေထွက်ပေါ်နေတာဖြစ်တယ်။





မက်ဆီအတွက်တော့ အခမ်းနားဆုံးစင်မြင့်ထက်မှာ
သူ့ရဲ့လွှမ်းမိုးမှုက ဂိတ်ဆုံးကိုရောက်ရှိနေခဲ့ပါပြီ။





ကာတာကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့တဲ့နောက မက်ဆီကို
ပီအက်စ်ဂျီအသင်းက အားလပ်ရက် ၁၀ ရက်ခွင့်ပြုခဲ့တာဖြစ်တယ်။
ဗုဒ္ဓဟူးနေ့နံနက်ပိုင်းမှာတော့ မက်ဆီဟာ ပီအက်စ်ဂျီအသင်းရဲ့





လေ့ကျင့်ရေးကွင်းကိုပြန်လည်ရောက်ရှိလာတာဖြစ်တယ်။
မက်ဆီပြန်ရောက်လာတဲ့နေ့မှာ အမ်ဘာပီမရှိခဲ့ပေမဲ့ ပီအက်စ်ဂျီ





အသင်းဖော်တွေနဲ့ ဝန်ထမ်းတွေက ဘလွန်းဒီအော်စံချိန်ရှင်ကို
ဂုဏ်ပြုပေးခဲ့ကြပါတယ်။ နည်းပြဂယ်လ်တီရာဟာ လန့်စ်ကို
၃-၁ နဲ့ရှုံးနိမ့်ပြီးတဲ့နောက် အမ်ဘာပီနဲ့ ဟာကီမီတို့လို





ကစားသမားတွေကို နားရက်ပေးခဲ့တာကြောင့် မက်ဆီပြန်လာချိန်နဲ့
လွဲချော်ခဲ့ရတာပါ။ မက်ဆီဟာ ကမ္ဘာ့ဖလားချန်ပီယံဆုကို





Parc des Princes အထိသယ်ဆောင်လာဖို့ ပီအက်စ်ဂျီရဲ့
လာမယ့် လီဂူး-၁ အိမ်ကွင်းပွဲစဉ်မှာ ချပြဖို့တောင်းဆို
ထားပြီးဖြစ်တယ်။ အသင်းတာဝန်ရှိသူတွေဘက်ကတော့





ပရိသတ်ရဲ့တုံ့ပြန်လာနိုင်ပုံကိုထိတ်လန့်နေတာကြောင့်
မက်ဆီရဲ့တောင်းဆိုမှုကို လိုက်လျောဖို့ ဝန်လေးနေပါတယ်။





နည်းပြဂယ်လ်တီရာကတော့ မက်ဆီပြန်လာချိန်မှာ
ပီအက်စ်ဂျီပရိသတ်တွေ နွေးထွေးမှုအပြည့်နဲ့ကြိုဆိုလိမ့်မယ်လို့
ယုံကြည်နေပါတယ်။ “သေချာတာကတော့ အိမ်ပြန်လာတာဖြစ်လို့





ကောင်းကောင်းလက်ခံလိမ့်မယ်။ Parc des Princes ကွင်းထဲက
ပရိသတ်တွေဟာ သူ့ကိုလက်ခံမယ်ဆိုတာနဲ့ပက်သတ်လို့





သံသယမရှိပါဘူး။ သူဟာ ဒီကမ္ဘာ့ဖလားမှာအလွန်ကောင်းမွန်ပြီး
ဆုဖလားကိုအလှပဆုံးရယူခဲ့တယ်။ မယုံကြည်နိုင်လောက်စရာ
အခြေအနေကို သူရောက်နေပြီဖြစ်သလို အသင်းနဲ့အတူ





ရာသီအစက သူလုပ်ခဲ့တာတွေကိုလည်း ကျွန်တော်တို့
အမှတ်ရနေမှာပါ” လို့ နည်းပြ ဂယ်လ်တီရာက ဆိုခဲ့ပါတယ်။





zawgyi
အမ္ဘာပီမရွိခ်ိန္ ေလ့က်င့္ေရးကြင္းျပန္လာတဲ့ မက္ဆီကို ပီအက္စ္ဂ်ီအသင္းသားေတြ ဆုတံဆိပ္နဲ႔ ဂုဏ္ျပဳခဲ့ၾကတယ္
ကမာၻ႔ခ်န္ပီယံဆုရွင္ မက္ဆီဟာ ပါရီကိုျပန္အေရာက္မွာေတာ့





အသင္းေဖာ္ေတြဆီကေန ဂုဏ္ျပဳဆုတံဆိပ္လက္ခံရရွိခဲ့ပါတယ္။
အသက္ ၃၅ ႏွစ္အ႐ြယ္ မက္ဆီဟာ အာဂ်င္တီးနားအသင္း





ခ်န္ပီယံဆုအတြက္သြားရာလမ္းေၾကာင္းတစ္ေလွ်ာက္လုံး
အေကာင္းဆုံးပံ့ပိုးေပးခဲ့ၿပီး ၇ ဂိုးအထိသြင္းႏိုင္ခဲ့တာျဖစ္တယ္။
ဒါ့အျပင္ သမိုင္းေၾကာင္းတစ္ေလွ်ာက္ World Cup Player





of the Tournament ကို ၂ ႀကိမ္ဆြတ္ခူးႏိုင္တဲ့ ပထမဆုံး
ကစားသမားအျဖစ္ပါမွတ္တမ္းဝင္ခဲ့ပါတယ္။ အာဂ်င္တီးနား





ဘ႑ာေရးဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕ဟာ သူ႔ရဲ႕မ်က္ႏွာကို
ပီဆို ၁၀၀၀ တန္ေငြစကၠဴေပၚမွာ တင္ၿပီး မေသႏိုင္တဲ့ Messi လုပ္ဖို႔
စဥ္းစားေနတယ္လို႔ သတင္းေတြထြက္ေပၚေနတာျဖစ္တယ္။





မက္ဆီအတြက္ေတာ့ အခမ္းနားဆုံးစင္ျမင့္ထက္မွာ
သူ႔ရဲ႕လႊမ္းမိုးမႈက ဂိတ္ဆုံးကိုေရာက္ရွိေနခဲ့ပါၿပီ။





ကာတာကမာၻ႔ဖလားမွာ ခ်န္ပီယံျဖစ္ခဲ့တဲ့ေနာက မက္ဆီကို
ပီအက္စ္ဂ်ီအသင္းက အားလပ္ရက္ ၁၀ ရက္ခြင့္ျပဳခဲ့တာျဖစ္တယ္။
ဗုဒၶဟူးေန႔နံနက္ပိုင္းမွာေတာ့ မက္ဆီဟာ ပီအက္စ္ဂ်ီအသင္းရဲ႕





ေလ့က်င့္ေရးကြင္းကိုျပန္လည္ေရာက္ရွိလာတာျဖစ္တယ္။
မက္ဆီျပန္ေရာက္လာတဲ့ေန႔မွာ အမ္ဘာပီမရွိခဲ့ေပမဲ့ ပီအက္စ္ဂ်ီ





အသင္းေဖာ္ေတြနဲ႔ ဝန္ထမ္းေတြက ဘလြန္းဒီေအာ္စံခ်ိန္ရွင္ကို
ဂုဏ္ျပဳေပးခဲ့ၾကပါတယ္။ နည္းျပဂယ္လ္တီရာဟာ လန႔္စ္ကို
၃-၁ နဲ႔ရႈံးနိမ့္ၿပီးတဲ့ေနာက္ အမ္ဘာပီနဲ႔ ဟာကီမီတို႔လို





ကစားသမားေတြကို နားရက္ေပးခဲ့တာေၾကာင့္ မက္ဆီျပန္လာခ်ိန္နဲ႔
လြဲေခ်ာ္ခဲ့ရတာပါ။ မက္ဆီဟာ ကမာၻ႔ဖလားခ်န္ပီယံဆုကို





Parc des Princes အထိသယ္ေဆာင္လာဖို႔ ပီအက္စ္ဂ်ီရဲ႕
လာမယ့္ လီဂူး-၁ အိမ္ကြင္းပြဲစဥ္မွာ ခ်ျပဖို႔ေတာင္းဆို
ထားၿပီးျဖစ္တယ္။ အသင္းတာဝန္ရွိသူေတြဘက္ကေတာ့





ပရိသတ္ရဲ႕တုံ႔ျပန္လာႏိုင္ပုံကိုထိတ္လန႔္ေနတာေၾကာင့္
မက္ဆီရဲ႕ေတာင္းဆိုမႈကို လိုက္ေလ်ာဖို႔ ဝန္ေလးေနပါတယ္။





နည္းျပဂယ္လ္တီရာကေတာ့ မက္ဆီျပန္လာခ်ိန္မွာ
ပီအက္စ္ဂ်ီပရိသတ္ေတြ ေႏြးေထြးမႈအျပည့္နဲ႔ႀကိဳဆိုလိမ့္မယ္လို႔
ယုံၾကည္ေနပါတယ္။ “ေသခ်ာတာကေတာ့ အိမ္ျပန္လာတာျဖစ္လို႔





ေကာင္းေကာင္းလက္ခံလိမ့္မယ္။ Parc des Princes ကြင္းထဲက
ပရိသတ္ေတြဟာ သူ႔ကိုလက္ခံမယ္ဆိုတာနဲ႔ပက္သတ္လို႔





သံသယမရွိပါဘူး။ သူဟာ ဒီကမာၻ႔ဖလားမွာအလြန္ေကာင္းမြန္ၿပီး
ဆုဖလားကိုအလွပဆုံးရယူခဲ့တယ္။ မယုံၾကည္ႏိုင္ေလာက္စရာ
အေျခအေနကို သူေရာက္ေနၿပီျဖစ္သလို အသင္းနဲ႔အတူ





ရာသီအစက သူလုပ္ခဲ့တာေတြကိုလည္း ကြၽန္ေတာ္တို႔
အမွတ္ရေနမွာပါ” လို႔ နည္းျပ ဂယ္လ္တီရာက ဆိုခဲ့ပါတယ္။