အမ်ဘာပီထက်ပိုပြီးရင်ဆိုင်ရခက်ခဲတဲ့ကစားသမားက မာနေးဖြစ်တယ်လို့ ဝေါ်လ်ကာ ထောက်ပြ

အင်္ဂလန်ညာနောက်ခံလူဝေါ်လ်ကာက ညာနောက်ခံနေရာကစားရတဲ့အခါ

သူ့အတွက်အခက်ခဲဆုံးပြိုင်ဘက်ကိုရွေးထုတ်ပြခဲ့ပါတယ်။ ပြင်သစ်နဲ့

ကွာတားဖိုင်နယ်ကစားဖို့ရှိနေချိန်မှာ အမ်ဘာပီကိုထိန်းချုပ်ရဖို့

ရှိနေတာနဲ့ပတ်သတ်ပြီး အမြင်အမျိုးမျိုးရှိနေကြပေမဲ့ ဝေါ်လ်ကာကတော့

ပီအက်စ်ဂျီကြယ်ပွင့်ထက် ဆီနီဂေါတိုက်စစ်မှူးကပိုပြီးထိန်းချုပ်ရ

ခက်တယ်လို့ပြောဆိုသွားပါတယ်။ ဝေါ်လ်ကာဟာ ပရီးမီးယားလိဂ်ရဲ့

အလျင်မြန်ဆုံးကစားနိုင်သူအဖြစ်အားလုံးကလက်ခံထားကြပြီး

အမ်ဘာပီနဲ့တွေ့ဆုံမှုအပေါ်စိတ်ဝင်စားမှုမြင့်တက်နေကြတာဖြစ်တယ်။

ဝေါ်လ်ကာဟာ ၂၀၂၁ အတွင်း ပီအက်စ်ဂျီနဲ့ ချန်ပီယံလိဂ်နှစ်ကျော့

တွေ့ဆုံမှုမှာ အမ်ဘာပီနဲ့ရင်ဆိုင်ခဲ့ဖူးသူဖြစ်ပါတယ်။ အမ်ဘာပီကို

တစ်ဦးချင်းရင်ဆိုင်ရမယ်ဆိုတဲ့ အယူအဆကမှားယွင်းတယ်လို့

ဝေါ်လ်ကာကဆိုခဲ့ပါတယ်။ “ကျွန်တော့်အတွက်တော့ နည်းစနစ်ပိုင်းအရ

အမ်ဘာပီကိုတစ်ဦးချင်းရင်ဆိုင်ခဲ့ရတာမရှိပါဘူး။ နေမာနဲ့ပိုပြီး

ရင်ဆိုင်ခဲ့ရတယ်။ နေမာက စိတ်လှုပ်ရှားစရာကစားသမားလို့ထင်ပါတယ်” လို့

အင်္ဂလန်နောက်ခံလူကဖွင့်ဟလိုက်ပါတယ်။ သူ့အတွက်အခက်ခဲဆုံးပြိုင်ဘက်က

ဘယ်သူလဲလို့မေးချိန်မှာလည်း ဝေါ်လ်ကာက အမ်ဘာပီထက် မာနေးကို

ရွေးချယ်ခဲ့ပါတယ်။ “ကျွန်တော့်အတွက်တော့ ဆာဒီယိုမာနေးပါပဲ။

ဘာကြောင့်လဲဆိုတော့ သူကမင်းကိုဘောလုံးနဲ့ခဏလေးတောင်

အနားမပေးပါဘူး။ တစ်ခြားကောင်တွေ(နေမာနဲ့ အမ်ဘာပီ) အကြောင်း

ပြောတာမဟုတ်ပါဘူး။ သူတို့ဟာ တိုက်စစ်ဆင်ချိန်မှာအင်အားသုံးပြီး

ခံစစ်ကာကွယ်ရမယ့်အချိန်မှာတော့ အားသိပ်မသုံးကြတော့ဘူး။

ကျွန်တော့်အတွက်တော့ မာနေးဖြစ်နိုင်ပါတယ်” လို့ ဝေါ်လ်ကာက ဆိုခဲ့ပါတယ်။

zawgyi

အမ္ဘာပီထက္ပိုၿပီးရင္ဆိုင္ရခက္ခဲတဲ့ကစားသမားက မာေနးျဖစ္တယ္လို႔ ေဝၚလ္ကာ ေထာက္ျပ

အဂၤလန္ညာေနာက္ခံလူေဝၚလ္ကာက ညာေနာက္ခံေနရာကစားရတဲ့အခါ

သူ႔အတြက္အခက္ခဲဆုံးၿပိဳင္ဘက္ကိုေ႐ြးထုတ္ျပခဲ့ပါတယ္။ ျပင္သစ္နဲ႔

ကြာတားဖိုင္နယ္ကစားဖို႔ရွိေနခ်ိန္မွာ အမ္ဘာပီကိုထိန္းခ်ဳပ္ရဖို႔

ရွိေနတာနဲ႔ပတ္သတ္ၿပီး အျမင္အမ်ိဳးမ်ိဳးရွိေနၾကေပမဲ့ ေဝၚလ္ကာကေတာ့

ပီအက္စ္ဂ်ီၾကယ္ပြင့္ထက္ ဆီနီေဂါတိုက္စစ္မႉးကပိုၿပီးထိန္းခ်ဳပ္ရ

ခက္တယ္လို႔ေျပာဆိုသြားပါတယ္။ ေဝၚလ္ကာဟာ ပရီးမီးယားလိဂ္ရဲ႕

အလ်င္ျမန္ဆုံးကစားႏိုင္သူအျဖစ္အားလုံးကလက္ခံထားၾကၿပီး

အမ္ဘာပီနဲ႔ေတြ႕ဆုံမႈအေပၚစိတ္ဝင္စားမႈျမင့္တက္ေနၾကတာျဖစ္တယ္။

ေဝၚလ္ကာဟာ ၂၀၂၁ အတြင္း ပီအက္စ္ဂ်ီနဲ႔ ခ်န္ပီယံလိဂ္ႏွစ္ေက်ာ့

ေတြ႕ဆုံမႈမွာ အမ္ဘာပီနဲ႔ရင္ဆိုင္ခဲ့ဖူးသူျဖစ္ပါတယ္။ အမ္ဘာပီကို

တစ္ဦးခ်င္းရင္ဆိုင္ရမယ္ဆိုတဲ့ အယူအဆကမွားယြင္းတယ္လို႔

ေဝၚလ္ကာကဆိုခဲ့ပါတယ္။ “ကြၽန္ေတာ့္အတြက္ေတာ့ နည္းစနစ္ပိုင္းအရ

အမ္ဘာပီကိုတစ္ဦးခ်င္းရင္ဆိုင္ခဲ့ရတာမရွိပါဘူး။ ေနမာနဲ႔ပိုၿပီး

ရင္ဆိုင္ခဲ့ရတယ္။ ေနမာက စိတ္လႈပ္ရွားစရာကစားသမားလို႔ထင္ပါတယ္” လို႔

အဂၤလန္ေနာက္ခံလူကဖြင့္ဟလိုက္ပါတယ္။ သူ႔အတြက္အခက္ခဲဆုံးၿပိဳင္ဘက္က

ဘယ္သူလဲလို႔ေမးခ်ိန္မွာလည္း ေဝၚလ္ကာက အမ္ဘာပီထက္ မာေနးကို

ေ႐ြးခ်ယ္ခဲ့ပါတယ္။ “ကြၽန္ေတာ့္အတြက္ေတာ့ ဆာဒီယိုမာေနးပါပဲ။

ဘာေၾကာင့္လဲဆိုေတာ့ သူကမင္းကိုေဘာလုံးနဲ႔ခဏေလးေတာင္

အနားမေပးပါဘူး။ တစ္ျခားေကာင္ေတြ(ေနမာနဲ႔ အမ္ဘာပီ) အေၾကာင္း

ေျပာတာမဟုတ္ပါဘူး။ သူတို႔ဟာ တိုက္စစ္ဆင္ခ်ိန္မွာအင္အားသုံးၿပီး

ခံစစ္ကာကြယ္ရမယ့္အခ်ိန္မွာေတာ့ အားသိပ္မသုံးၾကေတာ့ဘူး။

ကြၽန္ေတာ့္အတြက္ေတာ့ မာေနးျဖစ္ႏိုင္ပါတယ္” လို႔ ေဝၚလ္ကာက ဆိုခဲ့ပါတယ္။