
အာဂျင်တီးနားနည်းပြစကာလိုနီဟာ ဖိုင်နယ်ပွဲစဉ်အတွက် ခံစစ် ၅ယောက်တန်းဗျူဟာကို စမ်းသပ်လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။
စကာလိုနီဟာ ပြင်သစ်ကြယ်ပွင့်အမ်ဘာပီကို တချိန်လုံးအမိဖမ်းထားနိုင်ဖို့အတွက် စီစဉ်နေတာဖြစ်ပြီး
အစောပိုင်းကစားခဲ့တဲ့ ခံစစ် ၄ ယောက်တန်းကိုအပြောင်းအလဲပြုလုပ်သွားဖို့ရှိနေတာဖြစ်တယ်။
ပွဲမတိုင်ခင် စကာလိုနီစမ်းသပ်ခဲ့တဲ့ ပွဲထွက် ၁၁ ယောက်စာရင်းမှာ ရိုမဲရိုး၊ အော့တာမန်ဒီ၊
လီဆန်ဒရိုမာတီနက်ဇ်၊ မိုလီနာနဲ့ အကုနာတို့ပါဝင်ခဲ့ပြီး ရိုမဲရိုး၊ အော့တာမန်ဒီနဲ့ မာတီနက်ဇ်တို့က ဗဟိုခံစစ်မှူးတွေအဖြစ်ကစားသွားမှာဖြစ်တယ်။
wing back တွေအဖြစ်တော့ မိုလီနာနဲ့ အကုနာ တို့ကကစားသွားဖို့ရှိနေပါတယ်။
ဒဏ်ရာကြောင့်ကြံ့ခိုင်မှုမပြည့်တဲ့ ဒီမာရီယာ ဟာအရန်ခုံဆက်ထိုင်ရဖို့ရှိနေပြီး ကွင်းလယ်နဲ့ တိုက်စစ်မှာတော့
ဒီပေါလ်၊ မက်အဲလစ္စတာ၊ အန်ဇိုဖာနန်ဒက်ဇ်၊ မက်ဆီနဲ့ ဂျူလီယန်အဲလ်ဗာရက်ဇ်တို့ပါဝင်သွားဖို့ရှိနေပါတယ်။
ဒီမာရီယာပါဝင်လာမယ်ဆိုရင်တော့ အာဂျင်တီးနားဟာ ၄-၃-၃ ကစားကွက်ကိုပုံဖော်ရဖို့ရှိနေပေမဲ့
နည်းပြစကာလိုနီကတော့ ပွဲထွက်စာရင်းမှာ လီဆန်ဒရိုမာတီနက်ဇ်ကိုထည့်သွင်းပြီး ခံစစ်အသားပေးဖို့ကိုသာစီစဉ်နေတာဖြစ်တယ်။
သေချာတာကတော့ စကာလိုနီဟာ ခံစစ် ၅ယောက်တန်းနဲ့စတင်ဖို့ရှိပြီး လိုအပ်မှသာ ဒီမာရီယာကိုထည့်သွင်းကာ ၄-၃-၃ ကိုပြောင်းလဲဖို့ရှိနေတာဖြစ်တယ်။
zawgyi
အမ္ဘာပီကို ဆန႔္က်င္ဖို႔အတြက္ ခံစစ္ ၅ေယာက္တန္းနဲ႔ကစားဖို႔ စကာလိုနီ ျပင္ဆင္ေန
အာဂ်င္တီးနားနည္းျပစကာလိုနီဟာ ဖိုင္နယ္ပြဲစဥ္အတြက္ ခံစစ္ ၅ေယာက္တန္းဗ်ဴဟာကို စမ္းသပ္ေလ့က်င့္မႈေတြျပဳလုပ္ခဲ့ပါတယ္။
စကာလိုနီဟာ ျပင္သစ္ၾကယ္ပြင့္အမ္ဘာပီကို တခ်ိန္လုံးအမိဖမ္းထားႏိုင္ဖို႔အတြက္ စီစဥ္ေနတာျဖစ္ၿပီး
အေစာပိုင္းကစားခဲ့တဲ့ ခံစစ္ ၄ ေယာက္တန္းကိုအေျပာင္းအလဲျပဳလုပ္သြားဖို႔ရွိေနတာျဖစ္တယ္။
ပြဲမတိုင္ခင္ စကာလိုနီစမ္းသပ္ခဲ့တဲ့ ပြဲထြက္ ၁၁ ေယာက္စာရင္းမွာ ႐ိုမဲ႐ိုး၊ ေအာ့တာမန္ဒီ၊
လီဆန္ဒ႐ိုမာတီနက္ဇ္၊ မိုလီနာနဲ႔ အကုနာတို႔ပါဝင္ခဲ့ၿပီး ႐ိုမဲ႐ိုး၊ ေအာ့တာမန္ဒီနဲ႔ မာတီနက္ဇ္တို႔က ဗဟိုခံစစ္မႉးေတြအျဖစ္ကစားသြားမွာျဖစ္တယ္။
wing back ေတြအျဖစ္ေတာ့ မိုလီနာနဲ႔ အကုနာ တို႔ကကစားသြားဖို႔ရွိေနပါတယ္။
ဒဏ္ရာေၾကာင့္ႀကံ့ခိုင္မႈမျပည့္တဲ့ ဒီမာရီယာ ဟာအရန္ခုံဆက္ထိုင္ရဖို႔ရွိေနၿပီး ကြင္းလယ္နဲ႔ တိုက္စစ္မွာေတာ့
ဒီေပါလ္၊ မက္အဲလစၥတာ၊ အန္ဇိုဖာနန္ဒက္ဇ္၊ မက္ဆီနဲ႔ ဂ်ဴလီယန္အဲလ္ဗာရက္ဇ္တို႔ပါဝင္သြားဖို႔ရွိေနပါတယ္။
ဒီမာရီယာပါဝင္လာမယ္ဆိုရင္ေတာ့ အာဂ်င္တီးနားဟာ ၄-၃-၃ ကစားကြက္ကိုပုံေဖာ္ရဖို႔ရွိေနေပမဲ့
နည္းျပစကာလိုနီကေတာ့ ပြဲထြက္စာရင္းမွာ လီဆန္ဒ႐ိုမာတီနက္ဇ္ကိုထည့္သြင္းၿပီး ခံစစ္အသားေပးဖို႔ကိုသာစီစဥ္ေနတာျဖစ္တယ္။
ေသခ်ာတာကေတာ့ စကာလိုနီဟာ ခံစစ္ ၅ေယာက္တန္းနဲ႔စတင္ဖို႔ရွိၿပီး လိုအပ္မွသာ ဒီမာရီယာကိုထည့္သြင္းကာ ၄-၃-၃ ကိုေျပာင္းလဲဖို႔ရွိေနတာျဖစ္တယ္။