





အင်္ဂလန်ကြယ်ပွင့်တွေအနေနဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ အမ်ဘာပီကို
ရပ်တန့်နိုင်ဖို့အတွက် အိပ်ယာစောစောဝင်ထားကြလို့ ပြင်သစ်





နောက်ခံလူအုပါမီကာနိုက ပြောဆိုလိုက်ပါတယ်။ ထိပ်တိုက်တွေ့ဆုံမှု
မတိုင်ခင်ကာတာကမ္ဘာ့ဖလားမှာ ၅ဂိုသွင်းထားတဲ့ ပီအက်စ်ဂျီကြယ်ပွင့်ကို
အင်္ဂလန်နောက်ခံလူတွေတားဆီးနိုင်လိမ့်မယ်လို့ ခန့်မှန်းပြောဆို





နေကြတာဖြစ်တယ်။ ဘိုင်ယန်နောက်ခံလူကတော့ ဒီကိစ္စအထမြောက်အောင်
လုပ်ဖို့အတွက် အင်္ဂလန်ကစားသမားတွေ စောစောသာအိပ်ယာဝင်ကြလို့





ဆိုခဲ့ပါတယ်။ “ကီလီရန်က တခြားကစားသမားတွေနဲ့လုံးဝခြားနားတဲ့
တိုက်စစ်မှူးဖြစ်တယ်။ ကမ္ဘာ့အဆင့်မီကစားသမားဖြစ်တဲ့ သူ့ကို
တားဆီးဖို့ခက်ပါတယ်။ မင်းတို့စောစောအိပ်ယာဝင်ရမယ်” လို့





အူပါမီကာနိုက ပြောဆိုခဲ့ပါတယ်။ အမ်ဘာပီနဲ့ပတ်သတ်လို့ ပြိုင်ဘက်ကို
ခြိမ်းခြောက်နေတဲ့ အူပါမီကာနိုဟာ သူကိုယ်တိုင်အင်္ဂလန်အသင်း





ခေါင်းဆောင်ဟယ်ရီကိန်းကို ခက်ခက်ခဲခဲထိန်းချုပ်ရဖို့ရှိနေပါတယ်။
ဒါနဲ့ပတ်သတ်လို့ပြင်သစ်နောက်ခံလူက “ငါတို့ ဒီကိစ္စကိုပြောဖြစ်မှာ
သေချာတယ်။ လိုရစ်နဲ့ ကိန်းက စပါးအသင်းဖော်တွေပါ။





ကိန်းရဲ့ကစားပုံနည်းလမ်းကို သိနေပါတယ်။ သူက ဘောလုံးကို
အလျင်အမြန်ရှာဖွေပြီး အမြန်နှုန်းနဲ့ပြေးနိုင်တဲ့ တိုက်စစ်မှူး





တစ်ယောက်ဖြစ်လို့ ဒါကိုသတိထားပြီးအဆင်သင့်ဖြစ်နေအောင်
လုပ်ရမယ်” လို့ ဆိုထားပါတယ်။ အမ်ဘာပီကပဲ အင်္ဂလန်နောက်ခံလူတွေကို
ဒုက္ခပေးနိုင်မလား၊ ဟယ်ရီကိန်းကပဲ အူပါမီကာနိုဦးဆောင်တဲ့





ခံစစ်ကိုနှိပ်ကွက်မလားဆိုတာစောင့်ကြည့်ရမှာပါ။





zawgyi
အမ္ဘာပီကိုတားဆီးဖို႔အတြက္ အဂၤလန္ၾကယ္ပြင့္ေတြ ေစာေစာအိပ္ယာဝင္ၿပီးအားျဖည့္ထားၾကလို႔ အူပါမီကာႏို သတိေပး
အဂၤလန္ၾကယ္ပြင့္ေတြအေနနဲ႔ ကြာတားဖိုင္နယ္ပြဲစဥ္မွာ အမ္ဘာပီကို





ရပ္တန႔္ႏိုင္ဖို႔အတြက္ အိပ္ယာေစာေစာဝင္ထားၾကလို႔ ျပင္သစ္
ေနာက္ခံလူအုပါမီကာႏိုက ေျပာဆိုလိုက္ပါတယ္။ ထိပ္တိုက္ေတြ႕ဆုံမႈ





မတိုင္ခင္ကာတာကမာၻ႔ဖလားမွာ ၅ဂိုသြင္းထားတဲ့ ပီအက္စ္ဂ်ီၾကယ္ပြင့္ကို
အဂၤလန္ေနာက္ခံလူေတြတားဆီးႏိုင္လိမ့္မယ္လို႔ ခန႔္မွန္းေျပာဆို
ေနၾကတာျဖစ္တယ္။ ဘိုင္ယန္ေနာက္ခံလူကေတာ့ ဒီကိစၥအထေျမာက္ေအာင္





လုပ္ဖို႔အတြက္ အဂၤလန္ကစားသမားေတြ ေစာေစာသာအိပ္ယာဝင္ၾကလို႔
ဆိုခဲ့ပါတယ္။ “ကီလီရန္က တျခားကစားသမားေတြနဲ႔လုံးဝျခားနားတဲ့





တိုက္စစ္မႉးျဖစ္တယ္။ ကမာၻ႔အဆင့္မီကစားသမားျဖစ္တဲ့ သူ႔ကို
တားဆီးဖို႔ခက္ပါတယ္။ မင္းတို႔ေစာေစာအိပ္ယာဝင္ရမယ္” လို႔
အူပါမီကာႏိုက ေျပာဆိုခဲ့ပါတယ္။ အမ္ဘာပီနဲ႔ပတ္သတ္လို႔ ၿပိဳင္ဘက္ကို





ၿခိမ္းေျခာက္ေနတဲ့ အူပါမီကာႏိုဟာ သူကိုယ္တိုင္အဂၤလန္အသင္း
ေခါင္းေဆာင္ဟယ္ရီကိန္းကို ခက္ခက္ခဲခဲထိန္းခ်ဳပ္ရဖို႔ရွိေနပါတယ္။





ဒါနဲ႔ပတ္သတ္လို႔ျပင္သစ္ေနာက္ခံလူက “ငါတို႔ ဒီကိစၥကိုေျပာျဖစ္မွာ
ေသခ်ာတယ္။ လိုရစ္နဲ႔ ကိန္းက စပါးအသင္းေဖာ္ေတြပါ။
ကိန္းရဲ႕ကစားပုံနည္းလမ္းကို သိေနပါတယ္။ သူက ေဘာလုံးကို





အလ်င္အျမန္ရွာေဖြၿပီး အျမန္ႏႈန္းနဲ႔ေျပးႏိုင္တဲ့ တိုက္စစ္မႉး
တစ္ေယာက္ျဖစ္လို႔ ဒါကိုသတိထားၿပီးအဆင္သင့္ျဖစ္ေနေအာင္





လုပ္ရမယ္” လို႔ ဆိုထားပါတယ္။ အမ္ဘာပီကပဲ အဂၤလန္ေနာက္ခံလူေတြကို
ဒုကၡေပးႏိုင္မလား၊ ဟယ္ရီကိန္းကပဲ အူပါမီကာႏိုဦးေဆာင္တဲ့
ခံစစ္ကိုႏွိပ္ကြက္မလားဆိုတာေစာင့္ၾကည့္ရမွာပါ။




