အမေရိကန်ပိုင်ရှင်တွေရဲ့ ငွေကြေးအကျိုးမြတ်ရှာဖွေရေး ဖြစ်ခဲ့ရတဲ့ လီဗာပူးအသင်းရဲ့ နောက်ကွယ်က အကြောင်းအရင်းများ

လီဗာပူးရဲ့အမေရိကန်အသင်းပိုင်ရှင် Fenway Sports Group ဟာ

ပရီးမီးယားလိဂ်ကလပ်ကို အရောင်းစာရင်းတင်ပြီး ဝယ်လက်စောင့်ဆိုင်းနေပြီဖြစ်တယ်။

FSG Group ဟာ ၂၀၁၀ အောက်တိုဘာမှာ လီဗာပူးအသင်းကိုလက်လွှဲယူခဲ့တာဖြစ်ပြီး

ဥရောပစူပါလိဂ် ပြိုင်ပွဲပျက်ပြယ်သွားခဲ့ခြင်းက မာဆေးဆိုက်ကလပ်ကို

ရောင်းချလိုခြင်းရဲ့အဓိကအ ကြောင်းအရင်းဖြစ်တယ်လို့သတင်းထွက်လာပါတယ်။

ဒါ့အပြင် တော့ဒ်ဘိုလီ က ချဲလ်ဆီးအသင်းကို ဒေါ်လာ ၅ ဘီလီယံအထိပေးပြီးဝယ်ယူခဲ့တာက

FSG Group ရဲ့ လီဗာပူးအသင်းရောင်းချလိုစိတ်ကိုအားပေးသလိုဖြစ်ခဲ့တာပါ။

ဘော်စတွန်အခြေစိုက် Red Sox ပိုင်ရှယ်တွေဟာ လီဗာပူးကို ၁၂ကြာအုပ်စိုးခဲ့ပြီး နောက်မှာတော့

ပေါင် ၄ ဘီလီယံနဲ့ရောင်းချဖို့အတွက် တနင်္လာနေ့မှာဈေးကွက်တင် ခဲ့တာဖြစ်တယ်။

“မကြာသေးခင်က ပိုင်ရှင်သစ်အပြောင်းအလဲတွေရှိခဲ့သလို ပရီးမီးယားလိဂ်ကလပ်တွေရဲ့

ပိုင်ဆိုင်မှုအပြောင်းအလဲတွေနဲ့ပတ်သတ်ပြီး ကောလဟလတွေထွက်ခဲ့ပါတယ်။

လီဗာပူးမှာရှိတဲ့ Fenway Sports Group ရဲ့ပိုင် ဆိုင်မှုနဲ့ပတ်သတ်လို့ ပုံမှန်အမေးခံရလေ့ရှိတယ်။

FSG ဟာ လီဗာပူးအသင်းအစုရှယ် ယာရှင်ဖြစ်ဖို့ကြိုးစားနေတဲ့ တတိယပါတီတွေထံက စိတ်ဝင်စားမှုကို မကြာခဏဆိုသလိုလက်ခံရရှိခဲ့ပါတယ်။

FSG ဘက်ကတော့ မှန်ကန်တဲ့စည်းမျဉ်း သတ်မှတ်ချက်တွေအောက်မှာ လီဗာပူးအတွက်ကောင်းကျိုးရှိမယ်ဆိုရင်

အစုရှယ်ယာဝင်သစ်တွေကိုလက်ခံစဉ်းစားမယ်လို့ဆိုခဲ့ပါတယ်။

FSG ဟာ လီဗာပူးအသင်း ကွင်းတွင်းနဲ့ပြင်ပအောင်မြင်မှုအတွက်

ကတိကဝတ်အပြည့် ပေးထားပါတယ်” လို့ Fenway Sports Group ကထုတ်ပြန်ကြေညာထားပါတယ်။

၂၀၁၀ မှာ တွမ်ဟစ်ခ်နဲ့ ဂျော့ဂေးလက်တို့ထံက လီဗာပူးကို FSG Group ကလက်လွှဲ ယူခဲ့ပြီးချိန်ကစလို့

မာဆေးဆိုက်ကလပ်ဟာဥရောပမှာအင်အားကြီးအသင်းအဖြစ် ရပ်တည်လာနိုင်တာဖြစ်တယ်။

FSG Group ကတော့ လွန်ခဲ့တဲ့ ၁၂နှစ်က ပေါင်သန်း ၃၀၀ လောက်နဲ့ဝယ်ယူထားတဲ့ လီဗာပူးအသင်းကိုတန်ဖိုးမြင့်တက်အောင်လုပ်နိုင်ခဲ့ ပြီးတဲ့နောက်

ရှယ်ယာတွေကိုပြန်ရောင်းရာကနေအမြတ်အစွန်းများစွာရရှိဖို့ရည်မှန်း လာတာဖြစ်တယ်။

လီဗာပူးအသင်းတန်ဖိုးကို သူတို့ဘက်က ပေါင် ၄ ဘီလီယံ နဲ့ အရောင်းစာရင်းတင်ထားပေမဲ့

လတ်တလောအချိန်အထိတော့ ကြိုးကြာနီတွေဟာ အမေရိကန်ပိုင်ရှင်တွေရဲ့လက်အောက်မှာသာရှိနေပါတယ်။

zawgyi

အေမရိကန္ပိုင္ရွင္ေတြရဲ႕ ေငြေၾကးအက်ိဳးျမတ္ရွာေဖြေရး ျဖစ္ခဲ့ရတဲ့ လီဗာပူးအသင္းရဲ႕ ေနာက္ကြယ္က အေၾကာင္းအရင္းမ်ား

လီဗာပူးရဲ႕အေမရိကန္အသင္းပိုင္ရွင္ Fenway Sports Group ဟာ

ပရီးမီးယားလိဂ္ကလပ္ကို အေရာင္းစာရင္းတင္ၿပီး ဝယ္လက္ေစာင့္ဆိုင္းေနၿပီျဖစ္တယ္။

FSG Group ဟာ ၂၀၁၀ ေအာက္တိုဘာမွာ လီဗာပူးအသင္းကိုလက္လႊဲယူခဲ့တာျဖစ္ၿပီး

ဥေရာပစူပါလိဂ္ ၿပိဳင္ပြဲပ်က္ျပယ္သြားခဲ့ျခင္းက မာေဆးဆိုက္ကလပ္ကို

ေရာင္းခ်လိုျခင္းရဲ႕အဓိကအ ေၾကာင္းအရင္းျဖစ္တယ္လို႔သတင္းထြက္လာပါတယ္။

ဒါ့အျပင္ ေတာ့ဒ္ဘိုလီ က ခ်ဲလ္ဆီးအသင္းကို ေဒၚလာ ၅ ဘီလီယံအထိေပးၿပီးဝယ္ယူခဲ့တာက

FSG Group ရဲ႕ လီဗာပူးအသင္းေရာင္းခ်လိုစိတ္ကိုအားေပးသလိုျဖစ္ခဲ့တာပါ။

ေဘာ္စတြန္အေျခစိုက္ Red Sox ပိုင္ရွယ္ေတြဟာ လီဗာပူးကို ၁၂ၾကာအုပ္စိုးခဲ့ၿပီး ေနာက္မွာေတာ့

ေပါင္ ၄ ဘီလီယံနဲ႔ေရာင္းခ်ဖို႔အတြက္ တနလၤာေန႔မွာေဈးကြက္တင္ ခဲ့တာျဖစ္တယ္။

“မၾကာေသးခင္က ပိုင္ရွင္သစ္အေျပာင္းအလဲေတြရွိခဲ့သလို ပရီးမီးယားလိဂ္ကလပ္ေတြရဲ႕

ပိုင္ဆိုင္မႈအေျပာင္းအလဲေတြနဲ႔ပတ္သတ္ၿပီး ေကာလဟလေတြထြက္ခဲ့ပါတယ္။

လီဗာပူးမွာရွိတဲ့ Fenway Sports Group ရဲ႕ပိုင္ ဆိုင္မႈနဲ႔ပတ္သတ္လို႔ ပုံမွန္အေမးခံရေလ့ရွိတယ္။

FSG ဟာ လီဗာပူးအသင္းအစုရွယ္ ယာရွင္ျဖစ္ဖို႔ႀကိဳးစားေနတဲ့ တတိယပါတီေတြထံက စိတ္ဝင္စားမႈကို မၾကာခဏဆိုသလိုလက္ခံရရွိခဲ့ပါတယ္။

FSG ဘက္ကေတာ့ မွန္ကန္တဲ့စည္းမ်ဥ္း သတ္မွတ္ခ်က္ေတြေအာက္မွာ လီဗာပူးအတြက္ေကာင္းက်ိဳးရွိမယ္ဆိုရင္

အစုရွယ္ယာဝင္သစ္ေတြကိုလက္ခံစဥ္းစားမယ္လို႔ဆိုခဲ့ပါတယ္။

FSG ဟာ လီဗာပူးအသင္း ကြင္းတြင္းနဲ႔ျပင္ပေအာင္ျမင္မႈအတြက္

ကတိကဝတ္အျပည့္ ေပးထားပါတယ္” လို႔ Fenway Sports Group ကထုတ္ျပန္ေၾကညာထားပါတယ္။

၂၀၁၀ မွာ တြမ္ဟစ္ခ္နဲ႔ ေဂ်ာ့ေဂးလက္တို႔ထံက လီဗာပူးကို FSG Group ကလက္လႊဲ ယူခဲ့ၿပီးခ်ိန္ကစလို႔

မာေဆးဆိုက္ကလပ္ဟာဥေရာပမွာအင္အားႀကီးအသင္းအျဖစ္ ရပ္တည္လာႏိုင္တာျဖစ္တယ္။

FSG Group ကေတာ့ လြန္ခဲ့တဲ့ ၁၂ႏွစ္က ေပါင္သန္း ၃၀၀ ေလာက္နဲ႔ဝယ္ယူထားတဲ့ လီဗာပူးအသင္းကိုတန္ဖိုးျမင့္တက္ေအာင္လုပ္ႏိုင္ခဲ့ ၿပီးတဲ့ေနာက္

ရွယ္ယာေတြကိုျပန္ေရာင္းရာကေနအျမတ္အစြန္းမ်ားစြာရရွိဖို႔ရည္မွန္း လာတာျဖစ္တယ္။

လီဗာပူးအသင္းတန္ဖိုးကို သူတို႔ဘက္က ေပါင္ ၄ ဘီလီယံ နဲ႔ အေရာင္းစာရင္းတင္ထားေပမဲ့

လတ္တေလာအခ်ိန္အထိေတာ့ ႀကိဳးၾကာနီေတြဟာ အေမရိကန္ပိုင္ရွင္ေတြရဲ႕လက္ေအာက္မွာသာရွိေနပါတယ္။