အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ဟာ ရွန်းနီရဲ့ဒါဘီကောင်တီကို ဝယ်ယူရန် ကမ်းလှမ်းလာ

အမေရိကန်စီးပွားရေးလုပ်ငန်းရှင်ခရစ်ကတ်ရှ်နာဟာဝိန်းရွန်းနီရဲ့

ဒါဘီကောင်တီကိုပေါင်သန်း၅၀ဖြင့်ဝယ်ယူရန်ကမ်းလှမ်းလာပါတယ်။

ခရစ်ကတ်ရှ်နာဟာဘဏ္ဍရေးပြဿနာကြောင့်အစိုးရရဲ့စီမံအုပ်ချုပ်မှုအောက်သို့

ဝင်ထားရတဲ့ဒါဘီကောင်တီအားဝယ်ယူရေးအတွက်ကိုယ်ပိုင်လေယာဉ်ဖြင့်

အင်္ဂလန်သို့ရောက်လာကာဒါဘီကောင်တီအားကြည့်ရှုလေ့လာမှုပြုလုပ်ထားပြီးဖြစ်ပါတယ်။

ကတ်ရှ်နာဟာဒါဘီကောင်တီအားဝယ်ယူပြီးပါကအသင်းအားအရေးယူထားတဲ့

ရမှတ်၁၂မှတ်ဖြတ်ထားမှုကိုလည်းဖယ်ရှားပေးစေလိုနေပါတယ်။ဒါဘီကောင်တီဟာ

အစိုးရစီမံအုပ်ချုပ်မှုအောက်သို့ဝင်မှုကြောင့်ရမှတ်၁၂မှတ်လျှော့ချခြင်းခံထားရပြီး

ယင်းကိုအယူခံဝင်ထားပါတယ်။

တစ်ဖက်တွင်ဒါဘီကောင်တီဟာ Financial Fair Play စည်းမျဉ်းကို

ချိုးဖောက်မှုကြောင့်ရမှတ်၉မှတ်လျှော့ချခံရမယ့်အရေးလည်းရင်ဆိုင်နေရပါတယ်။

အမေရိကန်ဘီလျှံနာဟာရမှတ်လျှော့ချမှုများကိုဖယ်ရှားမှုပြုလုပ်နိုင်မှသာ

ဒါဘီကောင်တီအားဝယ်ယူရေးအတွက်ရှေ့ဆက်တိုးလုပ်ဆောင်သွားဖို့လည်း

ရှိနေပါတယ်။လက်ရှိအချိန်မှာသူဟာအင်္ဂလိပ်ဘောလုံးလိဂ်အဖွဲ့ချုပ်နှင့်ဆွေးနွေးမှုပြုလုပ်နေပါတယ်။

zawgyi

အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ဟာ ႐ြန္းနီရဲ႕ဒါဘီေကာင္တီကို ဝယ္ယူရန္ ကမ္းလွမ္းလာ

အေမရိကန္စီးပြားေရးလုပ္ငန္းရွင္ခရစ္ကတ္ရွ္နာဟာဝိန္း႐ြန္းနီရဲ႕

ဒါဘီေကာင္တီကိုေပါင္သန္း၅၀ျဖင့္ဝယ္ယူရန္ကမ္းလွမ္းလာပါတယ္။

ခရစ္ကတ္ရွ္နာဟာဘ႑ေရးျပႆနာေၾကာင့္အစိုးရရဲ႕စီမံအုပ္ခ်ဳပ္မႈေအာက္သို႔

ဝင္ထားရတဲ့ဒါဘီေကာင္တီအားဝယ္ယူေရးအတြက္ကိုယ္ပိုင္ေလယာဥ္ျဖင့္

အဂၤလန္သို႔ေရာက္လာကာဒါဘီေကာင္တီအားၾကည့္ရႈေလ့လာမႈျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

ကတ္ရွ္နာဟာဒါဘီေကာင္တီအားဝယ္ယူၿပီးပါကအသင္းအားအေရးယူထားတဲ့

ရမွတ္၁၂မွတ္ျဖတ္ထားမႈကိုလည္းဖယ္ရွားေပးေစလိုေနပါတယ္။ဒါဘီေကာင္တီဟာ

အစိုးရစီမံအုပ္ခ်ဳပ္မႈေအာက္သို႔ဝင္မႈေၾကာင့္ရမွတ္၁၂မွတ္ေလွ်ာ့ခ်ျခင္းခံထားရၿပီး

ယင္းကိုအယူခံဝင္ထားပါတယ္။ တစ္ဖက္တြင္ဒါဘီေကာင္တီဟာ

Financial Fair Play စည္းမ်ဥ္းကိုခ်ိဳးေဖာက္မႈေၾကာင့္ရမွတ္၉မွတ္

ေလွ်ာ့ခ်ခံရမယ့္အေရးလည္းရင္ဆိုင္ေနရပါတယ္။

အေမရိကန္ဘီလွ်ံနာဟာရမွတ္ေလွ်ာ့ခ်မႈမ်ားကိုဖယ္ရွားမႈျပဳလုပ္ႏိုင္မွသာ

ဒါဘီေကာင္တီအားဝယ္ယူေရးအတြက္ေရွ႕ဆက္တိုးလုပ္ေဆာင္သြားဖို႔လည္း

ရွိေနပါတယ္။လက္ရွိအခ်ိန္မွာသူဟာအဂၤလိပ္ေဘာလုံးလိဂ္အဖြဲ႕ခ်ဳပ္ႏွင့္ေဆြးေႏြးမႈျပဳလုပ္ေနပါတယ္။