အမူးလွန်ပြီး ဘားထဲတောင်ဝင်ခွင့်မရတော့တဲ့ ဂရီလစ်ရှ်

မန်စီးတီးအသင်းကွင်းလယ်လူ ဂရီလစ်ရှ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့တုန်းက

သူ့ကစားဖော်အချို့နဲ့အတူ ညဘက်ထွက်လည်ခဲ့ ပြီး

အမူးလွန်နေတဲ့အတွက် ဘားတစ်ခုထဲဝင်ခွင့်တားမြစ်ခံခဲ့ရတယ်လို့ သိရပါတယ်။

သူတားမြစ်ခံရတဲ့ ဗီဒီယိုဖိုင်ဟာလည်း အွန်လိုင်းပေါ်မှာထွက်ပေါ်လာခဲ့ပြီး

အဖော်တစ်ယောက်ကသူ့ကိုလက်ဆွဲပြီး

ခေါ်ထုတ်သွားရတာကိုလည်း တွေ့ခဲ့ရပါတယ်။

TikTok ပေါ်မှာပျံ့နှံ့လာတဲ့ ဗီဒီယိုဖိုင်အရ အသက် ၂၆ နှစ်ရှိတဲ့

ဂရီလစ်ရှ်ဟာ ကစားဖော်နှစ်ဦးဖြစ်တဲ့ ကီလီဝေါ်လ်ကာ၊ မာ ရက်ဇ် တို့နဲ့အတူ

မန်ချက်စတာမြို့ထဲထွက်လည်ခဲ့ပြီး မန်ချက်စတာမြို့တော်စင်တာအနီးမှာရှိတဲ့

Albert’s Schloss ဘား ထဲကို ည ၇ နာရီလောက်မှာဝင်ဖို့ကြိုးစားခဲ့တာပါ။

ဒီအချိန်မှာ ဝေါ်လ်ကာနဲ့ မာရက်ဇ် ကရှေ့ကနေဝင်သွားပေမယ့်

ဂရီလစ် ရှ်ကတော့ တားမြစ်ခံခဲ့ရပါတယ်။

ဒီဘားဟာ ဂျာမန်စတိုင်ဘီယာဆိုင်ဖြစ်ပြီး ဂျာမန်ရိုးရာအစားအသောက်တွေရရှိကာ

ဂီတ ပွဲနဲ့ အခြားဖျော်ဖြေမှုတွေကိုပါ ရရှိနိုင်တဲ့ဆိုင်လည်းဖြစ်ပါတယ်။

ဒီလိုဝင်ခွင့်မရခဲ့ပေမယ့် ပြဿနာတော့မတက်ခဲ့ဘဲ သူတို့ နဲ့အတူပါလာတဲ့

မန်စီးတီးအသင်းရဲ့ကစားသမားဆက်သွယ်ရေးတာဝန်ခံလို့ယုံကြည်ရတဲ့သူက

ဂရီလစ်ရှ်ကိုခေါ်ထုတ်သွား ခဲ့ရပါတယ်။

ဒါကြောင့်လည်း သူတို့အဖွဲ့ဟာအဲဒီအနီးနားမှာရှိတဲ့

အခြားစားသောက်ဆိုင်တစ်ခုဆီသွားရောက်ခဲ့ရပြီး ဘာမှရမ်းကားမှုမှမရှိ ဘဲ

အေးဆေးစွာနဲ့ညကိုအဆုံးသတ်ခဲ့တယ်လို့လည်း သိရပါတယ်။

မန်စီးတီးအသင်းဘက်ကတော့ ဒီကစားသမားတွေကို

တ နင်္လာနေ့အတွက်အားလပ်ရက် တစ်ရက်ပေးထားပြီးဖြစ်လို့

ဘာစည်းကမ်းမှချိုးဖောက်ခြင်းမရှိဘူးလို့ ဆိုထားပေမယ့်

ဂရီ လစ်ရှ်ရဲ့အပြုအမူကတော့ နည်းပြဂွာဒီယိုလာနဲ့

ထိပ်တိုက်တွေ့ရဖို့ရှိနေပါတယ်။

ဂရီလစ်ရှ်ဟာ ဒီဇင်ဘာလတုန်းကလိဒ်ကို ၇-၀ နဲ့နိုင်ခဲ့ပြီးနောက်

ဖိုလ်ဒန်နဲ့အတူ ညဘက်ထွက်လည်ခဲ့ပြီး

လေ့ကျင့်ခန်းကိုပုံမှန်မဟုတ်တဲ့အခြေအနေနဲ့ရောက်လာလို့

ဂွာဒီယိုလာက သူ့ကိုအသင်းလူစာရင်းကနေဖယ်ထုတ်ဖူးပါတယ်။

ဒီအင်္ဂလန်လက်ရွေးစင်ဟာ ဗီလာမှာရှိတုန်းကလည်း မူး ပြီးတော့

ကားမတော်တဆမှုကြုံခဲ့ရပါသေးတယ်။

သူဟာပြီးခဲ့တဲ့နွေရာသီ ဗီလာကနေပေါင်သန်း ၁၀၀ နဲ့ပြောင်းလာပြီး နောက်

အင်္ဂလန်ကစားသမားတွေထဲမှာ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်အဖြစ်လည်း

မှတ်တမ်းဝင်ခဲ့ပါတယ်။

zawgyi

အမူးလြန္ၿပီး ဘားထဲေတာင္ဝင္ခြင့္မရေတာ့တဲ့ ဂရီလစ္ရွ္

မန္စီးတီးအသင္းကြင္းလယ္လူ ဂရီလစ္ရွ္ဟာ ၿပီးခဲ့တဲ့တနဂၤေႏြေန႔တုန္းက

သူ႔ကစားေဖာ္အခ်ိဳ႕နဲ႔အတူ ညဘက္ထြက္လည္ခဲ့ ၿပီး

အမူးလြန္ေနတဲ့အတြက္ ဘားတစ္ခုထဲဝင္ခြင့္တားျမစ္ခံခဲ့ရတယ္လို႔ သိရပါတယ္။

သူတားျမစ္ခံရတဲ့ ဗီဒီယိုဖိုင္ဟာလည္း အြန္လိုင္းေပၚမွာထြက္ေပၚလာခဲ့ၿပီး

အေဖာ္တစ္ေယာက္ကသူ႔ကိုလက္ဆြဲၿပီး

ေခၚထုတ္သြားရတာကိုလည္း ေတြ႕ခဲ့ရပါတယ္။

TikTok ေပၚမွာပ်ံ႕ႏွံ႔လာတဲ့ ဗီဒီယိုဖိုင္အရ အသက္ ၂၆ ႏွစ္ရွိတဲ့

ဂရီလစ္ရွ္ဟာ ကစားေဖာ္ႏွစ္ဦးျဖစ္တဲ့ ကီလီေဝၚလ္ကာ၊ မာ ရက္ဇ္ တို႔နဲ႔အတူ

မန္ခ်က္စတာၿမိဳ႕ထဲထြက္လည္ခဲ့ၿပီး မန္ခ်က္စတာၿမိဳ႕ေတာ္စင္တာအနီးမွာရွိတဲ့

Albert’s Schloss ဘား ထဲကို ည ၇ နာရီေလာက္မွာဝင္ဖို႔ႀကိဳးစားခဲ့တာပါ။

ဒီအခ်ိန္မွာ ေဝၚလ္ကာနဲ႔ မာရက္ဇ္ ကေရွ႕ကေနဝင္သြားေပမယ့္

ဂရီလစ္ ရွ္ကေတာ့ တားျမစ္ခံခဲ့ရပါတယ္။

ဒီဘားဟာ ဂ်ာမန္စတိုင္ဘီယာဆိုင္ျဖစ္ၿပီး ဂ်ာမန္႐ိုးရာအစားအေသာက္ေတြရရွိကာ

ဂီတ ပြဲနဲ႔ အျခားေဖ်ာ္ေျဖမႈေတြကိုပါ ရရွိႏိုင္တဲ့ဆိုင္လည္းျဖစ္ပါတယ္။

ဒီလိုဝင္ခြင့္မရခဲ့ေပမယ့္ ျပႆနာေတာ့မတက္ခဲ့ဘဲ သူတို႔ နဲ႔အတူပါလာတဲ့

မန္စီးတီးအသင္းရဲ႕ကစားသမားဆက္သြယ္ေရးတာဝန္ခံလို႔ယုံၾကည္ရတဲ့သူက

ဂရီလစ္ရွ္ကိုေခၚထုတ္သြား ခဲ့ရပါတယ္။

ဒါေၾကာင့္လည္း သူတို႔အဖြဲ႕ဟာအဲဒီအနီးနားမွာရွိတဲ့

အျခားစားေသာက္ဆိုင္တစ္ခုဆီသြားေရာက္ခဲ့ရၿပီး ဘာမွရမ္းကားမႈမွမရွိ ဘဲ

ေအးေဆးစြာနဲ႔ညကိုအဆုံးသတ္ခဲ့တယ္လို႔လည္း သိရပါတယ္။

မန္စီးတီးအသင္းဘက္ကေတာ့ ဒီကစားသမားေတြကို

တ နလၤာေန႔အတြက္အားလပ္ရက္ တစ္ရက္ေပးထားၿပီးျဖစ္လို႔

ဘာစည္းကမ္းမွခ်ိဳးေဖာက္ျခင္းမရွိဘူးလို႔ ဆိုထားေပမယ့္

ဂရီ လစ္ရွ္ရဲ႕အျပဳအမူကေတာ့ နည္းျပဂြာဒီယိုလာနဲ႔

ထိပ္တိုက္ေတြ႕ရဖို႔ရွိေနပါတယ္။

ဂရီလစ္ရွ္ဟာ ဒီဇင္ဘာလတုန္းကလိဒ္ကို ၇-၀ နဲ႔ႏိုင္ခဲ့ၿပီးေနာက္

ဖိုလ္ဒန္နဲ႔အတူ ညဘက္ထြက္လည္ခဲ့ၿပီး

ေလ့က်င့္ခန္းကိုပုံမွန္မဟုတ္တဲ့အေျခအေနနဲ႔ေရာက္လာလို႔

ဂြာဒီယိုလာက သူ႔ကိုအသင္းလူစာရင္းကေနဖယ္ထုတ္ဖူးပါတယ္။

ဒီအဂၤလန္လက္ေ႐ြးစင္ဟာ ဗီလာမွာရွိတုန္းကလည္း မူး ၿပီးေတာ့

ကားမေတာ္တဆမႈႀကဳံခဲ့ရပါေသးတယ္။

သူဟာၿပီးခဲ့တဲ့ေႏြရာသီ ဗီလာကေနေပါင္သန္း ၁၀၀ နဲ႔ေျပာင္းလာၿပီး ေနာက္

အဂၤလန္ကစားသမားေတြထဲမွာ စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးရွင္အျဖစ္လည္း

မွတ္တမ္းဝင္ခဲ့ပါတယ္။