
နော်ဝှစ်ကွင်းမှာ ကစားခဲ့တဲ့ နော်ဝှစ် ၁-၃ ဘရန့်ဖို့ဒ်ပွဲမှာတော့ မန်ယူကနေ
အငှားလာကစားနေတဲ့ နော်ဝှစ်ခံစစ်ကစားသမားလေး ဘရန်ဒန်ဝီလျံရဲ့
လုပ်ဆောင်မှုတစ်ခုက မြင်တွေ့ရသူတိုင်းကို သဘောကျ၊ ကြည်နူးစရာဖြစ်စေခဲ့ပါတယ်။
အဲ့ဒိပွဲရဲ့ ပွဲချိန် ၃၇ မိနစ် ၅၈ စက္ကန့်အချိန်၊ ဘရန်ဒန်ဝီလျံ ဘောလုံးဆွဲပြေးလာချိန်မှာ
နောက်ကနေ ခါးကိုဖက်၊ ဆွဲလှဲချခြင်း ခံလိုက်ရလို့ ဘရန်ဒန်ဝီလျံဟာ
သူ့ကို ဆွဲလှဲချခဲ့သူနဲ့ လုံးထွေးလဲကျသွားခဲ့ပါတယ်။
၂၁ နှစ်သာရှိသေးတဲ့ ဘရန်ဒန်ဝီလျံကလည်း လူငယ်ပီပီ၊ ဒေါသတွေ
ရုတ်ခြည်းထွက်သွားပုံပေါ်ပါတယ်။ လုံးထွေးလဲကျပြီးလို့ သူက အပေါ်ကိုပြန်ရောက်သွားချိန်မှာ
သူ့ကိုဆွဲလှဲချခဲ့သူရဲ့ပုခုံးကို ဆောင့်တွန်းချလိုက်ပါတယ်။ အဲ့ဒိနောက် လည်ပင်းကို
ညစ်မယ့်ပုံနဲ့ ဒေါသတစ်ကြီး တုံ့ပြန်မယ့်ဖို့ လုပ်ခဲ့စဥ္မှာပဲ သူ့ရဲ့ မျက်နှာက
ပြုံးယောင်သမ်းသွားပြီး သူ ရန်မူဖို့ပြင်ဆင်ခဲ့တဲ့သူကိုလည်း ကုန်းပြီးရင်ချင်းအပ်
ပွေ့ဖက်ခဲ့ပါတယ်။ ဘောလုံးနောက်ကို ဆက်မလိုက်ခင်မှာလည်း ရီရီမောမောနဲ့ပဲ
သူ့ကိုဆွဲလှဲချခဲ့သူကို မတ်တပ်ရပ်နိုင်အောင် ဆွဲမပြီးထူပေးခဲ့ပါသေးတယ်။
အခုလို စက္ကန့်ပိုင်းအတွင်းမှာပဲ အမုန်းကနေ အပြုံးကို ပြောင်းပြီး
ဘရန်ဒန်ဝီလျံပြုမူဆောင်ရွက်ခဲ့သူကတော့ ဘရန့်ဖို့ဒ်ကွင်းလယ်ကစားသမား
အဲရစ်ဆင်ဖြစ်ပါတယ်။ အဲရစ်ဆင်ဟာ ပြီးခဲ့တဲ့ ဇွန်လက ဒိန်းမတ်အတွက်
ယူရို၂၀၂၀ ပြိုင်ပွဲကစားခဲ့စဥ္မှာ နှလုံးရောဂါကြောင့် သေဆုံးလုနီးဖြစ်ခ့ဲ့သူပါ။
ခွဲစိတ်ကုသပြီးနောက် နှလုံးနိုးစက်တပ်ထားရသူလည်းဖြစ်ပါတယ်။
ဘရန်ဒန်ဝီလျံကတော့ နော်ဝှစ်ကို အခုရာသီ မစခင် အငှားပြောင်းလာခဲ့သူဖြစ်ပြီး
ပရီးမီးယားလိဂ် ၂၁ ပွဲကစားထားပါတယ်။
ဇန်နဝါရီလအတွက် နော်ဝှစ်အကောင်းဆုံး ကစားသမားဆုရခဲ့သူလည်းဖြစ်ပြီး
အနာဂတ်မန်ယူအတွက် အားထားရမယ့်သူလည်းဖြစ်နေပါတယ်။ အဲရစ်ဆင်အပေါ်
သူ့ရဲ့ လုပ်ဆောင်မှုကတော့ အသက်ငယ်ပေမယ့် ဒေါသကို ရုတ်ချည်
းပြန်လည်ထိန်းသိမ်းသွားနိုင်မှုကို ပြသခဲ့တာပါ။ ဒါ့အပြင် စီနီယာ ဘောလုံးကစားဖော်တစ်ဦးရဲ့
ဘောလုံးသမားဘဝရပ်တည်လိုမှုကို အဘက်ဘက်က နားလည်ပေးပြီး တုံ့ပြန်လိုက်တာလည်း
ဖြစ်ပါတယ်။ အမုန်းတရားတွေကို အပြုံးတွေနဲ့အစားထိုးပြီး ကိုယ်ချင်းစာနာစိတ်နဲ့
ထွေးပိုက်ခဲ့တာလည်းဖြစ်လို့ မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာတော့ ဘရန်ဒန်ဝီလျံကို
သဘောကျချီးကျူးနေကြပါတယ်။
Zawgyi
အမုန္းတရားကေန အၿပဳံးစကားေတြနဲ႔ ႏွလုံးသားခ်င္းေထြးပိုက္လို႔ …
ေနာ္ဝွစ္ကြင္းမွာ ကစားခဲ့တဲ့ ေနာ္ဝွစ္ ၁-၃ ဘရန္႔ဖို႔ဒ္ပြဲမွာေတာ့ မန္ယူကေန
အငွားလာကစားေနတဲ့ ေနာ္ဝွစ္ခံစစ္ကစားသမားေလး ဘရန္ဒန္ဝီလ်ံရဲ႕
လုပ္ေဆာင္မႈတစ္ခုက ျမင္ေတြ႕ရသူတိုင္းကို သေဘာက်၊ ၾကည္ႏူးစရာျဖစ္ေစခဲ့ပါတယ္။
အဲ့ဒိပြဲရဲ႕ ပြဲခ်ိန္ ၃၇ မိနစ္ ၅၈ စကၠန္႔အခ်ိန္၊ ဘရန္ဒန္ဝီလ်ံ ေဘာလုံးဆြဲေျပးလာခ်ိန္မွာ
ေနာက္ကေန ခါးကိုဖက္၊ ဆြဲလွဲခ်ျခင္း ခံလိုက္ရလို႔ ဘရန္ဒန္ဝီလ်ံဟာ
သူ႔ကို ဆြဲလွဲခ်ခဲ့သူနဲ႔ လုံးေထြးလဲက်သြားခဲ့ပါတယ္။
၂၁ ႏွစ္သာရွိေသးတဲ့ ဘရန္ဒန္ဝီလ်ံကလည္း လူငယ္ပီပီ၊ ေဒါသေတြ
႐ုတ္ျခည္းထြက္သြားပုံေပၚပါတယ္။ လုံးေထြးလဲက်ၿပီးလို႔ သူက အေပၚကိုျပန္ေရာက္သြားခ်ိန္မွာ
သူ႔ကိုဆြဲလွဲခ်ခဲ့သူရဲ႕ပုခုံးကို ေဆာင့္တြန္းခ်လိုက္ပါတယ္။ အဲ့ဒိေနာက္ လည္ပင္းကို
ညစ္မယ့္ပုံနဲ႔ ေဒါသတစ္ႀကီး တုံ႔ျပန္မယ့္ဖို႔ လုပ္ခဲ့စၪၼွာပဲ သူ႔ရဲ႕ မ်က္ႏွာက
ၿပဳံးေယာင္သမ္းသြားၿပီး သူ ရန္မူဖို႔ျပင္ဆင္ခဲ့တဲ့သူကိုလည္း ကုန္းၿပီးရင္ခ်င္းအပ္
ေပြ႕ဖက္ခဲ့ပါတယ္။ ေဘာလုံးေနာက္ကို ဆက္မလိုက္ခင္မွာလည္း ရီရီေမာေမာနဲ႔ပဲ
သူ႔ကိုဆြဲလွဲခ်ခဲ့သူကို မတ္တပ္ရပ္ႏိုင္ေအာင္ ဆြဲမၿပီးထူေပးခဲ့ပါေသးတယ္။
အခုလို စကၠန္႔ပိုင္းအတြင္းမွာပဲ အမုန္းကေန အၿပဳံးကို ေျပာင္းၿပီး
ဘရန္ဒန္ဝီလ်ံျပဳမူေဆာင္႐ြက္ခဲ့သူကေတာ့ ဘရန္႔ဖို႔ဒ္ကြင္းလယ္ကစားသမား
အဲရစ္ဆင္ျဖစ္ပါတယ္။ အဲရစ္ဆင္ဟာ ၿပီးခဲ့တဲ့ ဇြန္လက ဒိန္းမတ္အတြက္
ယူ႐ို၂၀၂၀ ၿပိဳင္ပြဲကစားခဲ့စၪၼွာ ႏွလုံးေရာဂါေၾကာင့္ ေသဆုံးလုနီးျဖစ္ခ့ဲ့သူပါ။
ခြဲစိတ္ကုသၿပီးေနာက္ ႏွလုံးႏိုးစက္တပ္ထားရသူလည္းျဖစ္ပါတယ္။
ဘရန္ဒန္ဝီလ်ံကေတာ့ ေနာ္ဝွစ္ကို အခုရာသီ မစခင္ အငွားေျပာင္းလာခဲ့သူျဖစ္ၿပီး
ပရီးမီးယားလိဂ္ ၂၁ ပြဲကစားထားပါတယ္။
ဇန္နဝါရီလအတြက္ ေနာ္ဝွစ္အေကာင္းဆုံး ကစားသမားဆုရခဲ့သူလည္းျဖစ္ၿပီး
အနာဂတ္မန္ယူအတြက္ အားထားရမယ့္သူလည္းျဖစ္ေနပါတယ္။ အဲရစ္ဆင္အေပၚ
သူ႔ရဲ႕ လုပ္ေဆာင္မႈကေတာ့ အသက္ငယ္ေပမယ့္ ေဒါသကို ႐ုတ္ခ်ည္
းျပန္လည္ထိန္းသိမ္းသြားႏိုင္မႈကို ျပသခဲ့တာပါ။ ဒါ့အျပင္ စီနီယာ ေဘာလုံးကစားေဖာ္တစ္ဦးရဲ႕
ေဘာလုံးသမားဘဝရပ္တည္လိုမႈကို အဘက္ဘက္က နားလည္ေပးၿပီး တုံ႔ျပန္လိုက္တာလည္း
ျဖစ္ပါတယ္။ အမုန္းတရားေတြကို အၿပဳံးေတြနဲ႔အစားထိုးၿပီး ကိုယ္ခ်င္းစာနာစိတ္နဲ႔
ေထြးပိုက္ခဲ့တာလည္းျဖစ္လို႔ မီဒီယာေတြနဲ႔ လူမႈကြန္ရက္ေတြမွာေတာ့ ဘရန္ဒန္ဝီလ်ံကို
သေဘာက်ခ်ီးက်ဴးေနၾကပါတယ္။