
ကမ္ဘာကျော် ယူကရိန်းလက်ဝှေ့သမားများဖြစ်တဲ့ ဗစ်တာလီကလစ်ရှ်ကိုနှင့်
ဝလာဒီမာကလစ်ရှ်ကိုတို့ ညီအစ်ကိုနှစ်ဦးဟာ
ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်နေတဲ့ ရုရှားစစ်တပ်များကို
လက်နက်စွဲကိုင် တိုက်ခိုက် ခုခံသွားမှာ ဖြစ်ပါတယ်။
ဗစ်တာလီကလစ်ရှ်ကိုက လက်ရှိမှာ ယူကရိန်းမြို့တော်ဖြစ်တဲ့ ကိဗ်ရဲ့ မြို့တော်ဝန်ပါ။
ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံအဖြစ်နဲ့ ထင်ရှားခဲ့သူဖြစ်ပြီး
သူ့ခေတ်၊သူ့အခါတုန်းက လက်ဝှေ့ကြိုးဝိုင်းထဲမှာ
ပြိုင်ဘက်ကင်းခဲ့သူလို့ ဆိုရပါမယ်။
အားကစားသမားဘဝက အနားယူပြီးနောက်မှာ
သူက နိုင်ငံရေးလောကထဲဝင်ရောက်ခဲ့ပြီး
ကိဗ်မြို့တော်ဝန်အဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ဗစ်တာလီကလစ်ရှ်ကို၏ညီဖြစ်သူ ဝလာဒီမာကလစ်ရှ်ကိုမှာလည်း
ယခုလအစောပိုင်းတွင် ယူကရိန်းအရန်စစ်တပ်သို့ ဝင်ရောက်ခဲ့ပြီး
လက်ရှိတွင် ကျူးကျော်တိုက်ခိုက်နေတဲ့
ရုရှားစစ်တပ်များကို တိုက်ခိုက်သွားမှာ ဖြစ်ပါတယ်။
“ဒီသွေးစွန်းမယ့်တိုက်ပွဲအတွက် ကျွန်တော်အသင့်ဖြစ်နေပြီ။
ကျွန်တော့်မှာ ရွေးချယ်စရာမရှိဘူး။ ဒါပဲကျွန်တော်လုပ်ရမှာပါ။
ကျွန်တော်တိုက်ခိုက်သွားပါမယ်” လို့ ကိဗ်မြို့တော်ဝန်က ပြောပါတယ်။
အမိမြေအတွက် အားကစားမှာရော တော်လှန်ရေးမှာပါ
တာဝန်ကျေတဲ့ ကလစ်ရှ်ကို ညီနောင်ကတော့ အထင်ကြီး ချီးကျူးစရာပါပဲ။
zawgyi