အမိမြေပြန်ပြီး ရုရှားတွေကို ခုခံဖို့ အလွယ်လေးဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း လုဇ်ညီ ဖွင့်ဟ

ယူကရိန်းနိုင်ငံမှာ အခြေအနေတွေက အရမ်းကိုဆိုးရွားနေပေမယ့်

ကျူးကျော်လာသူ ရုရှားစစ်သားတွေကို တိုက်ထုတ်နိုင်ရေးအတွက်
ကူညီနိုင်ရေး မွေးရပ်မြေကို ပြန်ဖို့ အလွယ်လေးဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း
အာဆင်နယ်အသင်းနောက်ခံလူဟောင်း အိုလက်လုဇ်ညီက အခိုင်အမာပြောပါတယ်။
အာဆင်နယ်မှာ ကစားခဲ့တဲ့ ၄နှစ်တာကာလအတွင်း
ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတွေ ရယူနိုင်ခဲ့တဲ့

လုဇ်ညီဟာ တခြားနာမည်ကြီးအားကစားကြယ်ပွင့်တွေလိုပဲ
ရုရှားကို ခုခံကာကွယ်ရေးအတွက် ယခုလအစောပိုင်းက
ယူကရိန်းနိုင်ငံကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။
ပူတင်ရဲ့ဆုံးဖြတ်ချက်နဲ့အတူ ဖေဖော်ဝါရီလကုန်မှာ
စတင်ခဲ့တဲ့ စစ်ပွဲကြောင့် အရှေ့ဥရောပနိုင်ငံဖြစ်တဲ့

ယူကရိန်းမှာ လူနေအိမ်နဲ့ အဆောက်အဦတွေ
ဆိုးဆိုးရွားရွားထိခိုက်ပျက်စီးနေပြီး အပြစ်မဲ့
ယူကရိန်းပြည်သူ ၁၀၀၀ နီးပါးလည်း သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။
မိသားစုကို စွန့်ခွာပြီး ကိဗ်မှာ ရုရှားတွေနဲ့
တိုက်ပွဲဝင်နေတဲ့ လုခ်ညီလိုပဲ ဂန္ထဝင်လက်ဝှေ့ညီအစ်ကိုတွေဖြစ်တဲ့

ဗလာဒီမာကလစ်ချ်ကိုနဲ့ ဗီတာလီကလစ်ချ်ကို၊ ဝိတ်တန်းအလိုက်
အကောင်းဆုံးလက်ဝှေ့သမားအဖြစ် တင်စားခံခဲ့ရတဲ့ လိုမာချန်ကိုနဲ့
လက်ရှိ အငြင်းပွားဖွယ်ရာမရှိ ဟဲဗီးဝိတ်ရွှေခါးပတ်ဆုရှင် အိုလက်ဆန်ဒါယူဆက်တို့လည်း
ယူကရိန်းနိုင်ငံရဲ့ရှေ့တန်းကနေ ရုရှားတွေနဲ့ ထိပ်တိုက်တွေ့ဆုံ တိုက်ပွဲဝင်နေပါတယ်။
အသက် ၅၃ နှစ်အရွယ်ရှိ လုဇ်ညီက ”ယူကရိန်းမှာ

အခြေအနေတွေက အရမ်းကိုဆိုးရွားပါတယ်။
ဒါကလည်း အိမ်နီးချင်း ရုရှားတွေကြောင့်ပါ။
ဒီအနေအထားနဲ့ပတ်သက်လို့ အားလုံး
အံ့အားသင့်ခဲ့ကြပြီး အခြေအနေက
အရမ်းကိုအန္တရာယ်များပါတယ်။

ရုရှားတွေက အိမ်တွေ၊ လမ်းမတွေ၊
စီးပွားရေးစင်တာတွေကို အများကြီး ဖျက်ဆီးခဲ့ကြပါတယ်။
တစ်ခါတလေ ဒုံးကျည်တွေ တစ်နေ့ကို
၂ခါ ၃ခါလောက် ပေါက်ကွဲပါတယ်။
ညဘက်လည်း အတူတူပါပဲ။

ယူကရိန်းကို ပြန်လာဖို့ အလွယ်လေးဆုံးဖြတ်ခဲ့တာပါ။
ကိုယ့်နိုင်ငံကို ချစ်မြတ်နိုးသလို
ကိုယ့်နိုင်ငံကို ကာကွယ်ဖို့ သူငယ်ချင်းတွေနဲ့အတူ
တိုက်ပွဲဝင်ချင်ပါတယ်။ ပြည်သူအားလုံး
ရုရှားတွေကို တိုက်ထုတ်ကြရမှာပါ။

ကျွန်တော်တို့မျာ ၅ယောက်၊ ၆ယောက်လောက်ပါတဲ့
အစုအဖွဲ့လေးတွေ ဖွဲ့ထားပါတယ်။
အဖွဲ့တွေထဲမှာ ရဲတို့ဘာတို့လည်း ပါပါတယ်။
ကျွန်တော့်အမျိုးသမီးက ဒီမှာ အတူလိုက်နေပြီး
ကလေးတွေကတော့ သပ်သပ်ခွဲနေနေပါတယ်။

မိသားစုနဲ့ ဘယ်အချိန်ပြန်တွေ့မလဲဆိုတာ
ကျွန်တော်လည်း သေချာမပြောတတ်ပါဘူး။
ကျွန်တေ်ာတို့အနိုင်ရပြီး စစ်ပွဲကြီးပြီးသွားရင်တော့
အကြီးကြီး အောင်ပွဲခံမှာပါ။ သိပ်မကြာခင်
ငြိမ်းချမ်းရေးရမလားဆိုတာလည်း မသိပါဘူး။

အခြေအနေတွေက ထိန်းမရသေးပါဘူး။ ပြီးတော့
ပူတင်ရဲ့ခေါင်းထဲမှာ ဘာတွေရှိနေလဲဆိုတာလည်း
မသိဘူးလေ ”လို့ လုဇ်ညီကပြောပါတယ်။

Zawgyi

အမိေျမျပန္ၿပီး ရုရွားေတြကို ခုခံဖို႔ အလြယ္ေလးဆုံးျဖတ္ခဲ့တာျဖစ္ေၾကာင္း လုဇ္ညီ ဖြင့္ဟ
ယူကရိန္းႏိုင္ငံမွာ အေျခအေနေတြက အရမ္းကိုဆုိးရြားေနေပမယ့္
က်ဴးေက်ာ္လာသူ ရုရွားစစ္သားေတြကို တုိက္ထုတ္ႏိုင္ေရးအတြက္
ကူညီႏိုင္ေရး ေမြးရပ္ေျမကို ျပန္ဖို႔ အလြယ္ေလးဆုံးျဖတ္ခဲ့တာျဖစ္ေၾကာင္း

အာဆင္နယ္အသင္းေနာက္ခံလူေဟာင္း အိုလက္လုဇ္ညီက အခိုင္အမာေျပာပါတယ္။
အာဆင္နယ္မွာ ကစားခဲ့တဲ့ ၄ႏွစ္တာကာလအတြင္း
ပရီးမီးယားလိဂ္နဲ႔ အက္ဖ္ေအဖလားေတြ ရယူႏုိင္ခဲ့တဲ့
လုဇ္ညီဟာ တျခားနာမည္ႀကီးအားကစားၾကယ္ပြင့္ေတြလုိပဲ
ရုရွားကို ခုခံကာကြယ္ေရးအတြက္ ယခုလအေစာပိုင္းက

ယူကရိန္းႏိုင္ငံကို ျပန္လည္ေရာက္ရွိခဲ့ပါတယ္။
ပူတင္ရဲ႕ဆုံးျဖတ္ခ်က္နဲ႔အတူ ေဖေဖာ္၀ါရီလကုန္မွာ
စတင္ခဲ့တဲ့ စစ္ပြဲေၾကာင့္ အေရွ႕ဥေရာပႏိုင္ငံျဖစ္တဲ့
ယူကရိန္းမွာ လူေနအိမ္နဲ႔ အေဆာက္အဦေတြ
ဆိုးဆိုးရြားရြားထိခုိက္ပ်က္စီးေနၿပီး အျပစ္မဲ့

ယူကရိန္းျပည္သူ ၁၀၀၀ နီးပါးလည္း ေသဆုံးခဲ့ရၿပီးျဖစ္ပါတယ္။
မိသားစုကို စြန္႔ခြာၿပီး ကိဗ္မွာ ရုရွားေတြနဲ႔
တိုက္ပြဲ၀င္ေနတဲ့ လုခ္ညီလုိပဲ ဂႏၴ၀င္လက္ေ၀ွ႔ညီအစ္ကိုေတြျဖစ္တဲ့
ဗလာဒီမာကလစ္ခ်္ကိုနဲ႔ ဗီတာလီကလစ္ခ်္ကို၊ ၀ိတ္တန္းအလုိက္
အေကာင္းဆုံးလက္ေ၀ွ႔သမားအျဖစ္ တင္စားခံခဲ့ရတဲ့ လိုမာခ်န္ကိုနဲ႔

လက္ရွိ အျငင္းပြားဖြယ္ရာမရွိ ဟဲဗီး၀ိတ္ေရႊခါးပတ္ဆုရွင္ အိုလက္ဆန္ဒါယူဆက္တို႔လည္း
ယူကရိန္းႏိုင္ငံရဲ႕ေရွ႕တန္းကေန ရုရွားေတြနဲ႔ ထိပ္တုိက္ေတြ႕ဆုံ တုိက္ပြဲ၀င္ေနပါတယ္။
အသက္ ၅၃ ႏွစ္အရြယ္ရွိ လုဇ္ညီက ”ယူကရိန္းမွာ
အေျခအေနေတြက အရမ္းကိုဆုိးရြားပါတယ္။
ဒါကလည္း အိမ္နီးခ်င္း ရုရွားေတြေၾကာင့္ပါ။

ဒီအေနအထားနဲ႔ပတ္သက္လုိ႔ အားလုံး
အံ့အားသင့္ခဲ့ၾကၿပီး အေျခအေနက
အရမ္းကိုအႏၱရာယ္မ်ားပါတယ္။
ရုရွားေတြက အိမ္ေတြ၊ လမ္းမေတြ၊
စီးပြားေရးစင္တာေတြကို အမ်ားႀကီး ဖ်က္ဆီးခဲ့ၾကပါတယ္။

တစ္ခါတေလ ဒုံးက်ည္ေတြ တစ္ေန႔ကို
၂ခါ ၃ခါေလာက္ ေပါက္ကြဲပါတယ္။
ညဘက္လည္း အတူတူပါပဲ။
ယူကရိန္းကို ျပန္လာဖို႔ အလြယ္ေလးဆုံးျဖတ္ခဲ့တာပါ။
ကုိယ့္ႏိုင္ငံကို ခ်စ္ျမတ္ႏိုးသလုိ

ကုိယ့္ႏုိင္ငံကို ကာကြယ္ဖုိ႔ သူငယ္ခ်င္းေတြနဲ႔အတူ
တိုက္ပြဲ၀င္ခ်င္ပါတယ္။ ျပည္သူအားလုံး
ရုရွားေတြကို တုိက္ထုတ္ၾကရမွာပါ။
ကၽြန္ေတာ္တုိ႔မ်ာ ၅ေယာက္၊ ၆ေယာက္ေလာက္ပါတဲ့
အစုအဖြဲ႕ေလးေတြ ဖြဲ႕ထားပါတယ္။

အဖြဲ႕ေတြထဲမွာ ရဲတုိ႔ဘာတုိ႔လည္း ပါပါတယ္။
ကၽြန္ေတာ့္အမ်ိဳးသမီးက ဒီမွာ အတူလုိက္ေနၿပီး
ကေလးေတြကေတာ့ သပ္သပ္ခြဲေနေနပါတယ္။
မိသားစုနဲ႔ ဘယ္အခ်ိန္ျပန္ေတြ႕မလဲဆုိတာ
ကၽြန္ေတာ္လည္း ေသခ်ာမေျပာတတ္ပါဘူး။

ကၽြန္ေတ္ာတို႔အႏုိင္ရၿပီး စစ္ပြဲႀကီးၿပီးသြားရင္ေတာ့
အႀကီးႀကီး ေအာင္ပြဲခံမွာပါ။ သိပ္မၾကာခင္
ၿငိမ္းခ်မ္းေရးရမလားဆုိတာလည္း မသိပါဘူး။
အေျခအေနေတြက ထိန္းမရေသးပါဘူး။ ၿပီးေတာ့
ပူတင္ရဲ႕ေခါင္းထဲမွာ ဘာေတြရွိေနလဲဆုိတာလည္း

မသိဘူးေလ ”လို႔ လုဇ္ညီကေျပာပါတယ္။