အမိမြေပေါ်တူဂီအတွက် ဦးဆွေးဆံမြေ့ ထမ်းရွက်တော့မယ့် စီရော်နယ်ဒို

စီရော်နယ်ဒိုဦးဆောင်တဲ့ ပေါ်တူဂီလက်ရွေးစင်အသင်းသားတွေဟာ နိုဝင်ဘာ ၁၈ ရက်နေ့မှာ ကာတာနိုင်ငံကို စတင်ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

သတင်းမီဒီယာတစ်ခုနဲ့ အင်တာဗျူးလုပ်ခဲ့ပြီး ဒီတစ်ပတ်အတွင်း သတင်းစာမျက်နှာတွေအားလုံးထက်မှာ နေရာယူထားခဲ့တဲ့ စီရော်နယ်ဒိုဟာ သူ့ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲကို

ကစားဖို့အတွက် ကာတာကို ရောက်လာခဲ့ပြီ ပဲ ဖြစ်ပါတယ်။ အသက် ၃၇ နှစ်အရွယ် ရှိနေပြီဖြစ်တဲ့ ရော်နယ်ဒိုနဲ့ ပေါ်တူဂီ အသင်းဖော်တွေအားလုံးဟာ သောကြာနေ့ နှောင်းပိုင်းမှာ

ကာတာနိုင်ငံ ဟာမက် လေဆိပ်ကို ဆိုက်ရောက်လာခဲ့ကြတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ သီတင်း ပတ်အတွင်းမှာ အဖျားဝေဒနာ ခံစားနေရပြီး အစာအိမ် အချဉ်ဖောက်တဲ့ ေ၀ ဒနာ

ခံစားခဲ့ရတာမျိုး ရှိခဲ့ပေမဲ့ ကာတာမြေကို နင်းခဲ့တဲ့ စီရော်နယ်ဒိုရဲ့ သွင်ပြင်လက္ခဏာဟာ ပင်ပန်း နွမ်းလျနေပုံမပေါ်ဘဲ ရဲရင့်မှု အပြည့်ရှိနေပြီး ယုံကြည်မှုလည်း ရှိနေတာကို တွေ့ရပါတယ်။

လက်ရှိမှာ ယူနိုက်တက်အသင်းက သူ့ကို အရေးယူဖို့ စဉ်းစားနေတယ်ဆိုတဲ့ သတင်းမျိုးတွေ ရှိနေပေမဲ့ လည်း အသည်းကောင်းလို့ ပွဲတောင်းထားတဲ့ ရော်နယ်ဒိုကတော့ အဲဒီ

အကြောင်းအရာတွေကို ဂရုမစိုက်ဘဲ နိုင်ငံလက်ရွေးစင်အသင်းအတွက် အ ပြည့်အ၀ အာရုံစိုက်နေပြီး သူ့ရဲ့ နောက်ဆုံး လက်ရွေးစင်ကစားသမားဘ၀ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးမှာ

အောင်မြင်မှုကို ရယူဖို့ စိတ်ပိုင်းဖြတ်ထားပုံ ရပါတယ်။ အင်္ဂလန် အခြေစိုက် The Sun သတင်းစာရဲ့ ဖော်ပြချက်အရ စီရော်နယ်ဒိုအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲကြီး ပြီးဆုံးသွားတဲ့အခါ

ကာရင်တန် လေ့ ကျင့်ရေးကွင်းကို ပြန်မလာဖို့ ညွှန်ကြားထားပြီးဖြစ်တယ်လို့ သတင်းထွက်နေ ပေမဲ့ သီးခြားအတည်ပြုလို့ရနိုင်တာမျိုးတော့ မရှိပါဘူး။ ကန့်လန့်ကာ နောက်ကွယ်မှာ

ဘယ်လိုတွေပဲ ရှိနေပါစေ။ လက်ရှိမှာ အရှေ့အလယ်ပိုင်းဒေသရဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဇာတ်ခုံပေါ်ကို ရောက်နေပြီဖြစ်တဲ့ စီရော်နယ်ဒိုရဲ့ လက်ရှိပုံစံ ကတော့ နိုင်ငံလက်ရွေးစင်အသင်းအတွက်

ကျရာတာဝန်ကို ဦးဆွေးဆံမြေ့ ထမ်းရွက်မယ့် စိတ်ဓာတ်မျိုး ရှိနေပြီး အဆုံးစွန်အထိ တိုက်ပွဲဝင်သွားတော့မယ့် ပုံစံပါပဲ။

(Zawgyi)

အမိေျမေပၚတူဂီအတြက္ ဦးေဆြးဆံေျမ့ ထမ္း႐ြက္ေတာ့မယ့္ စီေရာ္နယ္ဒို

စီေရာ္နယ္ဒိုဦးေဆာင္တဲ့ ေပၚတူဂီလက္ေ႐ြးစင္အသင္းသားေတြဟာ ႏိုဝင္ဘာ ၁၈ ရက္ေန႔မွာ ကာတာႏိုင္ငံကို စတင္ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။

သတင္းမီဒီယာတစ္ခုနဲ႔ အင္တာဗ်ဴးလုပ္ခဲ့ၿပီး ဒီတစ္ပတ္အတြင္း သတင္းစာ မ်က္ႏွာေတြအားလုံးထက္မွာ ေနရာယူထားခဲ့တဲ့ စီေရာ္နယ္ဒိုဟာ သူ႔ရဲ႕

ေနာက္ဆုံး ကမာၻ႔ဖလားၿပိဳင္ပြဲကို ကစားဖို႔အတြက္ ကာတာကို ေရာက္လာခဲ့ၿပီ ပဲ ျဖစ္ပါတယ္။ အသက္ ၃၇ ႏွစ္အ႐ြယ္ ရွိေနၿပီျဖစ္တဲ့ ေရာ္နယ္ဒိုနဲ႔ ေပၚတူဂီ အသင္းေဖာ္ေတြအားလုံးဟာ

ေသာၾကာေန႔ ေႏွာင္းပိုင္းမွာ ကာတာႏိုင္ငံ ဟာမက္ ေလဆိပ္ကို ဆိုက္ေရာက္လာခဲ့ၾကတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ သီတင္း ပတ္အတြင္းမွာ အဖ်ားေဝဒနာ ခံစားေနရၿပီး

အစာအိမ္ အခ်ဥ္ေဖာက္တဲ့ ေ၀ ဒနာ ခံစားခဲ့ရတာမ်ိဳး ရွိခဲ့ေပမဲ့ ကာတာေျမကို နင္းခဲ့တဲ့ စီေရာ္နယ္ဒိုရဲ႕ သြင္ ျပင္လကၡဏာဟာ ပင္ပန္း ႏြမ္းလ်ေနပုံမေပၚဘဲ ရဲရင့္မႈ

အျပည့္ရွိေနၿပီး ယုံၾကည္မႈလည္း ရွိေနတာကို ေတြ႕ရပါတယ္။ လက္ရွိမွာ ယူႏိုက္တက္အ သင္းက သူ႔ကို အေရးယူဖို႔ စဥ္းစားေနတယ္ဆိုတဲ့ သတင္းမ်ိဳးေတြ ရွိေနေပမဲ့

လည္း အသည္းေကာင္းလို႔ ပြဲေတာင္းထားတဲ့ ေရာ္နယ္ဒိုကေတာ့ အဲဒီ အေၾကာင္းအရာေတြကို ဂ႐ုမစိုက္ဘဲ ႏိုင္ငံလက္ေ႐ြးစင္အသင္းအတြက္ အ ျပည့္အ၀

အာ႐ုံစိုက္ေနၿပီး သူ႔ရဲ႕ ေနာက္ဆုံး လက္ေ႐ြးစင္ကစားသမားဘ၀ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီးမွာ ေအာင္ျမင္မႈကို ရယူဖို႔ စိတ္ပိုင္းျဖတ္ထားပုံ ရပါ တယ္။

အဂၤလန္ အေျခစိုက္ The Sun သတင္းစာရဲ႕ ေဖာ္ျပခ်က္အရ စီေရာ္ နယ္ဒိုအေနနဲ႔ ကမာၻ႔ဖလားၿပိဳင္ပြဲႀကီး ၿပီးဆုံးသြားတဲ့အခါ ကာရင္တန္ ေလ့ က်င့္ေရးကြင္းကို ျပန္မလာဖို႔

ၫႊန္ၾကားထားၿပီးျဖစ္တယ္လို႔ သတင္းထြက္ေန ေပမဲ့ သီးျခား အတည္ျပဳလို႔ရႏိုင္တာမ်ိဳးေတာ့ မရွိပါဘူး။ ကန႔္လန႔္ကာ ေနာက္ ကြယ္မွာ ဘယ္လိုေတြပဲ ရွိေနပါေစ။

လက္ရွိမွာ အေရွ႕အလယ္ပိုင္းေဒသရဲ႕ ကမာၻ႔ဖလားၿပိဳင္ပြဲ ဇာတ္ခုံေပၚကို ေရာက္ေနၿပီျဖစ္စီေရာ္နယ္ဒိုရဲ႕ လက္ရွိပုံစံ ကေတာ့

ႏိုင္ငံလက္ေ႐ြးစင္အသင္းအတြက္ က်ရာတာဝန္ကို ဦးေဆြးဆံေျမ့ ထမ္း႐ြက္မယ့္ စိတ္ဓာတ္မ်ိဳး ရွိေနၿပီး အဆုံးစြန္အထိ တိုက္ပြဲဝင္သြားေတာ့ မယ့္ ပုံစံပါပဲ။