
ယူကရိန်းအလှမယ်ဟောင်းဟာ သူ့နိုင်ငံထဲ အိမ်နီးချင်း
ရုရှားစစ်တပ် အကြမ်းဖက်ကျူးကျော်လာမှုကို
တားဆီးနိုင်ရေးအတွက် သူကိုယ်တိုင် ယူကရိန်းစစ်တပ်ထဲ
ဝင်ကာ လက်နက်ကိုင် တွန်းလှန်နေပြီဖြစ်ပါတယ်။
အနက်စ်တာဆီယာဟာလန်နာဟာ ၂၀၁၅ ခုနှစ်က
အသက် ၂၄ နှစ်အရွယ်မှာ ယူကရိန်းအလှမယ်အဖြစ်
ရွေးချယ်ခြင်းခံခဲ့ရပေမယ့် အခုတော့ သရဖူကို
ချွတ်ကာ အမိနိုင်ငံအတွက် ရှေ့တန်းကနေ
တိုက်ပွဲဝင်နေတာဖြစ်ပါတယ်။
သူဟာ အရင်တုန်းက တူရကီမှာ
public relations manager အဖြစ် လုပ်ကိုင်ခဲ့တာဖြစ်ပေမယ့်
အခုတော့ ကျူးကျော်လာသူ ရုရှားတွေကို
တားဆီးနိုင်ရေးအတွက် ယူကရိန်းစစ်တပ်ထဲ
ဝင်လာတာဖြစ်ပြီး ယူကရိန်းစစ်တပ်မှာ
တာဝန်ထမ်းဆောင်နေသူ အမျိုးသမီးဦးရေ
၃၆၀၀၀ အထိ ရှိရာ ကမ္ဘာမှာ အမျိုးသမီးစစ်သည်
အများဆုံးစစ်တပ်တစ်တပ်ဖြစ် ရပ်တည်နေပါတယ်။
လန်နာဟာ သူ့ရဲ့အင်စတာဂရမ်အကောင့်ကနေလည်း
ရိုင်ဖယ်သေနတ်နဲ့အတူ ဝတ်စုံပြည့်ဝတ်ဆင်ထားတဲ့
ဓာတ်ပုံ တင်ခဲ့ပြီး စစ်ရေးလေ့ကျင့်မှုတွေ
ပြုလုပ်နေတဲ့ ဓာတ်ပုံတွေလည်း တင်ခဲ့ပါတယ်။
”ယူကရိန်းနယ်စပ်ထဲ တရားမဝင်
ကျူးကျော်လာတဲ့ ဘယ်သူမဆို
အသတ်ခံရမှာဖြစ်တယ်”လို့
လန်နာက ရုရှားစစ်တပ်ကို သတိပေးထားပါတယ်။
ယူကရိန်းသမ္မတ ဇီလန်စကီးက ရှေ့တန်းစစ်မြေပြင်မှာ
ရဲဘော်တွေနဲ့အတူ ရုရှားစစ်တပ်ကို တွန်းလှန်နေတဲ့
အကြောင်း လန်နာက သူ့ရဲ့အင်စတာဂရမ်မှာ
တင်ခဲ့ပြီး စစ်မှန်သန်မာတဲ့ခေါင်းဆောင်၊ ယူကရိန်းသမ္မတ လို့ ရေးသားခဲ့ပါတယ်။