အဖြေရှာကြည့်မိတဲ့ တနင်္လာည စီးရီးအေ အမေးပုစ္ဆာ (ကောင်းပိုင်)
အဝေးကွင်းတိုက်စစ်အညံ့ဆုံးတိုရီနိုကို အနိမ့်ဆုံးသရေရမယ့် ကက်ဂလီယာရီ
အမ်ပိုလီ 🆚 အူဒီးနီးစ်
အမ်ပိုလီ ခြေတက်လာတယ်။ နောက်ဆုံး ၅ပွဲမှာ ၁ပွဲသာ ရှုံးခဲ့ပြီး
ပွဲတိုင်းဂိုးသွင်းနိုင်ခဲ့တယ်။ နောက်ဆုံးအိမ်ကွင်းပွဲမှာလည်း
ဖီအိုရင်တီးနားကိုတောင်အနိုင်ရခဲ့တယ်။ ဒါပေမဲ့ ၁၀ပွဲဆက်ဂိုးပေးခဲ့ရတဲ့
ခံစစ်ကတော့ စိတ်မချရပါဘူး။ အူဒီးနီးစ်ကလည်း လာဇီယိုကို
အပြန်အလှန်ဂိုးသွင်းပြီး သရေကစားထားတာပါ။ အူဒီးနီးစ်ဟာ
ဒီရာသီနိုင်ပွဲ ၃ပွဲသာရှိပေမယ့် ရှုံးပွဲကလည်း ၅ပွဲသာရှိပါတယ်။
ပေါ်တူဂီတိုက်စစ်မှူး ဘီတို ဂိုးမြူးနေမှုနဲ့အတူ အူဒီးနီးစ်တိုက်စစ်
တိုးတက်လာတာအထင်အရှားပါပဲ။ ဘယ်အသင်းနိုင်နိုင်
နှစ်သင်းပေါင်းသွင်းဂိုး အနိမ့်ဆုံး ၃ဂိုးဖြစ်ဖွယ်ရှိတာမို့
ဂိုးအပေါ်ကြိုက်တယ်။
ရွေးချယ်မှု – ဂိုးအပေါ်
ကက်ဂလီယာရီ 🆚 တိုရီနို
ရှုံးပွဲရပ်သွားပေမယ့် ကက်ဂလီယာရီ နိုင်ပွဲလည်းမရသေးပါဘူး။
ဒါပေမဲ့ ဆက်ဆူအိုလိုနဲ့ ဗီရိုနာကိုသရေကစားနိုင်ခဲ့တာမို့
တိုးတက်လာတယ်လို့တော့ဆိုနိုင်တယ်။ ကက်ဂလီယာရီဟာ
ဒီရာသီအိမ်ကွင်း ၈ပွဲမှာလည်း ဂိုးမသွင်းနိုင်တာ ၁ပွဲသာရှိခဲ့တာပါ။
တိုရီနိုက အိမ်ကွင်း ၄ပွဲဆက်ရှုံးပွဲမရှိ ၃ပွဲနိုင်ခဲ့ပေမယ့်
အဝေးကွင်းမှာတော့ ၅ပွဲဆက်နိုင်ပွဲမရှိ ၄ပွဲရှုံးခဲ့တာပါ။ ရှုံးခဲ့တဲ့ ၄ပွဲလုံး
၁ဂိုးမှမသွင်းနိုင်ခဲ့သလိုဒီရာသီအဝေးကွင်းတိုက်စစ်အညံ့ဆုံးလည်းဖြစ်ပြီး ၇ပွဲမှာ
၃ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ ကက်ဂလီယာရီ မနိုင်တောင်
သရေလောက်တော့ကစားနိုင်မှာပါ။
ရွေးချယ်မှု – ကက်ဂလီယာရီ
zawgyi
အမ်ပိုလီ 🆚 အူဒီးနီးစ်
ဂိုးအပေါ်ကြိုက်တယ်။
ကက်ဂလီယာရီ 🆚 တိုရီနို