
တိုရီနိုကို ဂိုးအပေါ်နဲ့တွဲရွေး၊ အိမ်ကွင်းနိုင်ပွဲနဲ့ ပြန်နိုးထမယ့် လာဇီယို
တိုရီနို အမ်ပိုလီ
အဝေးကွင်း ၄ပွဲဆက်ရှုံးခဲ့ပေမယ့် အိမ်ကွင်းမှာတော့ တိုရီနို ၃ပွဲဆက်နိုင်ထားပြီ
း ၃ပွဲလုံး တစ်ပွဲအနည်းဆုံး ၂ဂိုးသွင်းနိုင်ခဲ့တယ်။ တိုရီနိုဟာ
ဒီရာသီအိမ်ကွင်း ၇ပွဲ မှာလည်း ၁ပွဲသာဂိုးမသွင်းနိုင်ခဲ့တာပါ။
ဘယ်လော့တီ ဒဏ်ရာပြန်ရသွားပေမယ့် ဘရီကာလို၊ ပီဂျာကာ၊
ဆာ နာဘရီယာ၊ ဇာဇာတို့နဲ့ တိုရီနိုတိုက်စစ်မှာ ဂိုးသွင်းနိုင် သူတွေရှိနေဆဲပါ။
အမ်ပိုလီကလည်း နောက်ဆုံး ၄ပွဲ မှာ ၁ပွဲသာရှုံးခဲ့သလို ဒီရာသီ အဝေးကွင်းပိုစွာတာကို
အကြိမ်ကြိမ်သက်သေပြခဲ့ပြီးသားပါ။ အဝေးကွင်း ၆ပွဲ မှာ ဂိုးမသွင်းနိုင်တာ
၁ပွဲသာရှိသလို ဆက်ဆူအိုလိုနဲ့ ဂျူဗင်တပ်ကိုလည်း နိုင်ထားပါတယ်။
တိုရီနိုနိုင်ခဲ့ရင် တောင် ၁ဂိုးလောက်ပြန်ပေးရနိုင်တာမို့ အပေါ်စုံရွေး သင့်တယ်။
ရွေးချယ်မှု – တိုရီနို / ဂိုးအပေါ်
လာဇီယို အူဒီးနီးစ်
လာဇီယို ခြေစွမ်းယိမ်းယိုင်နေပါတယ်။ နာပိုလီနဲ့ ဂျူ ဗင်တပ်ကို ၂ပွဲဆက်ရှုံးခဲ့ရာမှာ
၁ဂိုးမှပြန်မသွင်းနိုင်ခဲ့ ဘူး။ ဒါပေမဲ့ လာဇီယိုရဲ့အိမ်ကွင်းစွမ်းဆောင်ရည်က တော့
ယုံကြည်လို့ရတဲ့အဆင့်မှာ ရှိနေပါသေးတယ်။ လာဇီယိုဟာ
ဒီရာသီအိမ်ကွင်း ၇ပွဲမှာ ၅ပွဲနိုင်၊ ၁ပွဲသ ရေ၊ ၁ပွဲသာရှုံးခဲ့တာပါ။
ဂျူဗင်တပ်ကိုရှုံးတယ်ဆိုတာ ကလည်း ပင်နယ်တီ ၂ကြိမ်ပေးခဲ့ရလို့ပါ။
အူဒီးနီးစ်က နောက်ဆုံး ၈ပွဲမှာ ၂ပွဲသာရှုံးခဲ့ပေမယ့် အဝေးကွင်းမှာ တော့
၂ပွဲဆက်ရှုံးခဲ့တာပါ။ လာဇီယိုကွင်း နောက်ဆုံး ၇ပွဲမှာလည်း
အူဒီးနီးစ် ၆ပွဲရှုံးခဲ့ပါတယ်။ အိမ်ကွင်းနိုင် ပွဲနဲ့ လာဇီယို ပြန်နိုးထနိုင်ပါလိမ့်မယ်။
ရွေးချယ်မှု – လာဇီယို