





မက်ဆီရဲ့ နောက်ဆုံးကမ္ဘာ့ဖလားပွဲစဉ်လို့ မီဒီယာတွေမှာရေးသား
ဖော်ပြနေတဲ့ပွဲစဉ် မတိုင်ခင် လွန်ခဲ့တဲ့ ၂၂နှစ်က ရိုဆာရီယိုအခြေစိုက်





သတင်းစာ Diario La Capital မှာပါဝင်ခဲ့တဲ့ မက်ဆီရဲ့ပထမဆုံး
အင်တာဗျူးလေးကို sportbible ကဖော်ပြလာခဲ့တာကြောင့်
ပရိသတ်တွေအတွက် ဘာသာပြန်ဖော်ပြဖို့အခွင့်အရေးရလာခဲ့ပါတယ်။





အဲ့သည့်အချိန်တုန်းက အသင်(၁၃)နှစ်သားလေးမက်ဆီဟာ နောင်တစ်ချိန်
GOAT တစ်ယောက်လို့ ဘောလုံးလောကမှာ သတ်မှတ်ခံနေရမှု မဖြစ်လာခင်





သူ့ရဲ့ပထမဆုံးစိတ်ကူးစိတ်သန်းတွေက ဘာတွေဖြစ်မလဲဆိုတာကလည်း
အလွန်ကို စိတ်ဝင်စားဖို့ကောင်းခဲ့တာပါ။ အခုအချိန်ကလည်း
အသက် ၃၅နှစ်ရှိပြီဖြစ်တဲ့ အာဂျင်တီးနားကြယ်ပွင့်အတွက် သူ့ရဲ့





ကစားသမားဘဝ ပထမဆုံးကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ဖို့
ကာတာနိုင်ငံမှာနောက်ဆုံးတိုက်ပွဲဆင်နွှဲရတော့မယ့်အချိန်လည်းဖြစ်နေပါတယ်။





ပြင်သစ်ကို အနိုင်ရခဲ့မယ်ဆိုရင်တော့ မက်ဆီဟာ ထာဝရအကောင်းဆုံးဆိုတာကို
အပီအပြင်ဟစ်ကြွေးလို့ရတော့မှာဖြစ်တယ်။ သေချာကြည့်ရင်တော့
သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘဝတစ်လျှောက်လုံး ဘာစီလိုနာမှာရှိနေခဲ့ပြီး





ထူးခြားတာသိပ်မရှိခဲ့ပါဘူး။ အသက် ၁၇နှစ်အရွယ်မှာ ဘာစီလိုနာနဲ့အတူ
ပွဲထွက်ခွင့်ရခဲ့ပြီး ဘလွန်းဒီအော် ၇ကြိမ်၊ ဥရောပရွှေဖိနပ်ဆု ၆ ကြိမ်နဲ့





တစ်ဦးချင်းဆုတံဆိပ်ပေါင်းများစွာရရှိခဲ့တဲ့ မက်ဆီရဲ့ကစားသမားဘဝ
အလှည့်အပြောင်းက ထူးထူးခြားခြားမရှိခဲ့ပါဘူး။ ဒါပေမဲ့ ကက်တာလန်
ကလပ်ကိုမပြောင်းရွှေ့ခင် ငယ်ဘဝမှာတော့ ရိုဆာရီယိုအခြေစိုက်





နယူးဝဲလ်အိုးလ်ဘွိုင်းစ်မှာ ဘောလုံးကင်းထောက်တွေ
မျက်စိကျစေလောက်တဲ့အထိ မက်ဆီဟာ ခြေစွမ်းတွေပြသခဲ့ပါတယ်။





သူ့ကို ဘာစီလိုနာက မခေါ်ယူခင် အသက် ၁၃နှစ်အရွယ်မှာ
ရိုဆာရီယိုအခြေစိုက်သတင်းစာ Diario La Capital ကတွေ့ဆုံ
မေးမြန်းမှုတွေလုပ်ခဲ့ဖူးပါတယ်။ အဲ့ဒီအချိန်မှာ မက်ဆီက





ဒဿမတန်းအဆင့်လောက်မှာကစားနေတဲ့ တိုက်စစ်ဖန်တီးရှင်
တစ်ယောက်အဖြစ်သာရှိနေတာပါ။ ပထမဆုံးအင်တာဗျူးမှာ





မက်ဆီ ဘယ်လိုတွေဖြေဆိုခဲ့လည်းဆိုတာကို ကြည့်ကြရအောင်ပါ။
အင်တာဗျူးမေးခွန်ူပုံစံကလည်း ကလေးတစ်ယောက်ကို စာမေးပွဲမှာ
မေးခွန်းထုတ်ထားတဲ့ပုံစံလိုမျိုးပါပဲ..





မင်းရဲ့သူရဲကောင်းတွေက… နှစ်ယောက်ရှိတယ်။ ငါ့အဖေ ဂျော်ဂျီနဲ့ ငါ့မွေးစားအဖေ ကလော်ဒီယို။
မင်းသဘောအကျဆုံးနည်းပြက… (ဂါဘရီရယ်၊ မိုရာလက်စ်၊ ဒိုမင်ဂွက်ဇ်၊ ဗက်ချီယို၊ ကိုရီရာ) သူတို့အားလုံးဆီကတစ်ခုခုကို သင်ယူခဲ့ဖူးတာကြောင့်ပါ။





မင်းရဲ့ ကြံ့ခိုင်ရေးနည်းပြက… ပါဘလိုဆန်းချက်ဇ်။
မင်းနဲ့ အဆင်ပြေဆုံး တွဲဖက်ကစားသမားတွေက… ကျွန်တော့်အစ်ကိုနဲ့ ညီအစ်ကိုဝမ်းကွဲပါ။
လက်ရှိအသင်းက… နယူးဝဲလ်။





ဘောလုံးကစားချိန်ပြင်ပ ဝါသနာက… တေးဂီတနားဆင်ခြင်း။
ဘယ်လိုသီချင်းတွေကိုကြိုက်နှစ်သက်လဲ… Cuarteto နဲ့ Cumbia။





ရုပ်သံအစီအစဉ်တွေဆိုရင်… Primicias။
ဘယ်မဂ္ဂဇင်းကိုဖတ်ဖြစ်လဲ… Pasión Rojinegra(နယူးဝဲလ်ပရိသတ် မဂ္ဂဇင်း)။
အဖတ်ဖြစ်ဆုံးစာအုပ်က… The Bible။





အကြည့်ဖြစ်ဆုံးဇာတ်ကားက… Baby’s Day Out။
ဘောလုံးသမားမဟုတ်ခဲ့ဘူးဆိုရင် ဘယ်လိုအားကစားကိုရွေးဖြစ်မလဲ… Handball။





သဘောကျတဲ့ မော်ဒယ်… Nicole Neumann။
အကြိုက်ဆုံးအစားအစာ… ကြက်သားနဲ့ အချဉ်ရည်။
ဘာသာစကားတစ်ခုလေ့လာဖြစ်မယ်ဆိုရင်… စပိန်





ဘဝမှာ အလုပ်ချင်ဆုံးအလုပ်- PE ဆရာ။
လက်ရှိရည်မှန်းချက်တစ်ခု… အလယ်တန်းကျောင်းပြီးချင်တယ်။





အောင်မြင်မှုတစ်ခု… ပထမတန်းမှာ ကစားချင်တယ်။
အပျော်ရွှင်ဆုံးအချိန်… ကျွန်တော်တို့ ချန်ပီယံဖြစ်တဲ့အချိန်။
ဝမ်းနည်းမှုတစ်ခု… ငါ့အဖွားဆုံးပါးတဲ့အချိန်။





ဖြစ်ချင်နေတဲ့မျှော်လင့်ချက်တစ်ခု… နယူးဝဲလ်နဲ့အတူ ပထမတန်းမှာကစားခွင့်ရဖို့။
အမှတ်တရအဖြစ်ဆုံးအကြောင်းအရာ… အဖွားက ကျွန်တော့်ကိုပထမဆုံးဘောလုံးကစားဖို့ခေါ်သွားတဲ့အချိန်။





အိပ်မက်တစ်ခု… အာဂျင်တီးနားအတွက် ကစားပေးဖို့။
ပြောစရာပုံပြင်တစ်ပုဒ်… ပီရူးကို ခရီးထွက်တုန်းက ချန်ပီယံဖြစ်ခဲ့ချိန်။
မင်းကိုယ်မင်းဘယ်လိုထင်လဲ… လွယ်လွယ် အလျှော့ပေးတတ်သူမျိုးမဖြစ်ရဘူး။





အာဂျင်တီးနားလူငယ်အသင်းတွေ… သူတို့အတွက်ကစားပေးရတာ ကျွန်တော်သဘောကျတယ်။
ဒီနှစ်အတွက်မျှော်မှန်းချက်… ချန်ပီယံနောက်တစ်ကြိမ်ဖြစ်ချင်တယ်။





မိသားစု… ငါ့အဖေ ဂျော်ဂီ၊ အမေ ဆယ်လီရာ၊ အစ်ကိုနှစ်ယောက်နဲ့ ညီမ ရိုဒရီဂို။
သူငယ်ချင်း… ကျွန်တော်ကံကောင်းတယ် သူငယ်ချင်းတွေအများကြီးပဲ၊ တကယ်လို့ ကျွန်တော်ပြောလိုက်ရင် တစ်ယောက်ယောက်တော့ ကျန်ခဲ့မှာ။
နယူးဝဲလ်က မင်းဘဝအတွက်ဘယ်လောက်အဓိပ္ပါယ်ရှိလဲ… အရာအားလုံး၊ လုံး၀ အရာအားလုံးပါပဲ။





ဒါတွေကတော့ မက်ဆီနဲ့အတူ သမိုင်းဝင်နေမယ့် ငယ်ဘဝနယူးဝဲလ်မှာရှိနေခဲ့တဲ့ အိပ်မက်တွေနဲ့ သူ့ရဲ့ ပထမဆုံးအင်တာဗျူးပါပဲ။





zawgyi
အျဖဴေရာင္ေတြ ေဆးမဆိုးခင္ မက္ဆီရဲ႕႐ိုးရွင္းတဲ့ ကေလးဘဝပထမဆုံးအင္တာဗ်ဴး
မက္ဆီရဲ႕ ေနာက္ဆုံးကမာၻ႔ဖလားပြဲစဥ္လို႔ မီဒီယာေတြမွာေရးသား





ေဖာ္ျပေနတဲ့ပြဲစဥ္ မတိုင္ခင္ လြန္ခဲ့တဲ့ ၂၂ႏွစ္က ႐ိုဆာရီယိုအေျခစိုက္
သတင္းစာ Diario La Capital မွာပါဝင္ခဲ့တဲ့ မက္ဆီရဲ႕ပထမဆုံး





အင္တာဗ်ဴးေလးကို sportbible ကေဖာ္ျပလာခဲ့တာေၾကာင့္
ပရိသတ္ေတြအတြက္ ဘာသာျပန္ေဖာ္ျပဖို႔အခြင့္အေရးရလာခဲ့ပါတယ္။
အဲ့သည့္အခ်ိန္တုန္းက အသင္(၁၃)ႏွစ္သားေလးမက္ဆီဟာ ေနာင္တစ္ခ်ိန္





GOAT တစ္ေယာက္လို႔ ေဘာလုံးေလာကမွာ သတ္မွတ္ခံေနရမႈ မျဖစ္လာခင္
သူ႔ရဲ႕ပထမဆုံးစိတ္ကူးစိတ္သန္းေတြက ဘာေတြျဖစ္မလဲဆိုတာကလည္း





အလြန္ကို စိတ္ဝင္စားဖို႔ေကာင္းခဲ့တာပါ။ အခုအခ်ိန္ကလည္း
အသက္ ၃၅ႏွစ္ရွိၿပီျဖစ္တဲ့ အာဂ်င္တီးနားၾကယ္ပြင့္အတြက္ သူ႔ရဲ႕
ကစားသမားဘဝ ပထမဆုံးကမာၻ႔ဖလားခ်န္ပီယံဆုရယူႏိုင္ဖို႔





ကာတာႏိုင္ငံမွာေနာက္ဆုံးတိုက္ပြဲဆင္ႏႊဲရေတာ့မယ့္အခ်ိန္လည္းျဖစ္ေနပါတယ္။
ျပင္သစ္ကို အႏိုင္ရခဲ့မယ္ဆိုရင္ေတာ့ မက္ဆီဟာ ထာဝရအေကာင္းဆုံးဆိုတာကို





အပီအျပင္ဟစ္ေႂကြးလို႔ရေတာ့မွာျဖစ္တယ္။ ေသခ်ာၾကည့္ရင္ေတာ့
သူ႔ရဲ႕ပေရာ္ဖက္ရွင္နယ္ဘဝတစ္ေလွ်ာက္လုံး ဘာစီလိုနာမွာရွိေနခဲ့ၿပီး
ထူးျခားတာသိပ္မရွိခဲ့ပါဘူး။ အသက္ ၁၇ႏွစ္အ႐ြယ္မွာ ဘာစီလိုနာနဲ႔အတူ





ပြဲထြက္ခြင့္ရခဲ့ၿပီး ဘလြန္းဒီေအာ္ ၇ႀကိမ္၊ ဥေရာပေ႐ႊဖိနပ္ဆု ၆ ႀကိမ္နဲ႔
တစ္ဦးခ်င္းဆုတံဆိပ္ေပါင္းမ်ားစြာရရွိခဲ့တဲ့ မက္ဆီရဲ႕ကစားသမားဘဝ





အလွည့္အေျပာင္းက ထူးထူးျခားျခားမရွိခဲ့ပါဘူး။ ဒါေပမဲ့ ကက္တာလန္
ကလပ္ကိုမေျပာင္းေ႐ႊ႕ခင္ ငယ္ဘဝမွာေတာ့ ႐ိုဆာရီယိုအေျခစိုက္
နယူးဝဲလ္အိုးလ္ဘြိဳင္းစ္မွာ ေဘာလုံးကင္းေထာက္ေတြ





မ်က္စိက်ေစေလာက္တဲ့အထိ မက္ဆီဟာ ေျခစြမ္းေတြျပသခဲ့ပါတယ္။
သူ႔ကို ဘာစီလိုနာက မေခၚယူခင္ အသက္ ၁၃ႏွစ္အ႐ြယ္မွာ





႐ိုဆာရီယိုအေျခစိုက္သတင္းစာ Diario La Capital ကေတြ႕ဆုံ
ေမးျမန္းမႈေတြလုပ္ခဲ့ဖူးပါတယ္။ အဲ့ဒီအခ်ိန္မွာ မက္ဆီက
ဒႆမတန္းအဆင့္ေလာက္မွာကစားေနတဲ့ တိုက္စစ္ဖန္တီးရွင္





တစ္ေယာက္အျဖစ္သာရွိေနတာပါ။ ပထမဆုံးအင္တာဗ်ဴးမွာ
မက္ဆီ ဘယ္လိုေတြေျဖဆိုခဲ့လည္းဆိုတာကို ၾကည့္ၾကရေအာင္ပါ။





အင္တာဗ်ဴးေမးခြႏ္ူပုံစံကလည္း ကေလးတစ္ေယာက္ကို စာေမးပြဲမွာ
ေမးခြန္းထုတ္ထားတဲ့ပုံစံလိုမ်ိဳးပါပဲ..
မင္းရဲ႕သူရဲေကာင္းေတြက… ႏွစ္ေယာက္ရွိတယ္။ ငါ့အေဖ ေဂ်ာ္ဂ်ီနဲ႔ ငါ့ေမြးစားအေဖ ကေလာ္ဒီယို။





မင္းသေဘာအက်ဆုံးနည္းျပက… (ဂါဘရီရယ္၊ မိုရာလက္စ္၊ ဒိုမင္ဂြက္ဇ္၊ ဗက္ခ်ီယို၊ ကိုရီရာ) သူတို႔အားလုံးဆီကတစ္ခုခုကို သင္ယူခဲ့ဖူးတာေၾကာင့္ပါ။
မင္းရဲ႕ ႀကံ့ခိုင္ေရးနည္းျပက… ပါဘလိုဆန္းခ်က္ဇ္။





မင္းနဲ႔ အဆင္ေျပဆုံး တြဲဖက္ကစားသမားေတြက… ကြၽန္ေတာ့္အစ္ကိုနဲ႔ ညီအစ္ကိုဝမ္းကြဲပါ။
လက္ရွိအသင္းက… နယူးဝဲလ္။
ေဘာလုံးကစားခ်ိန္ျပင္ပ ဝါသနာက… ေတးဂီတနားဆင္ျခင္း။





ဘယ္လိုသီခ်င္းေတြကိုႀကိဳက္ႏွစ္သက္လဲ… Cuarteto နဲ႔ Cumbia။
႐ုပ္သံအစီအစဥ္ေတြဆိုရင္… Primicias။





ဘယ္မဂၢဇင္းကိုဖတ္ျဖစ္လဲ… Pasión Rojinegra(နယူးဝဲလ္ပရိသတ္ မဂၢဇင္း)။
အဖတ္ျဖစ္ဆုံးစာအုပ္က… The Bible။
အၾကည့္ျဖစ္ဆုံးဇာတ္ကားက… Baby’s Day Out။





ေဘာလုံးသမားမဟုတ္ခဲ့ဘူးဆိုရင္ ဘယ္လိုအားကစားကိုေ႐ြးျဖစ္မလဲ… Handball။
သေဘာက်တဲ့ ေမာ္ဒယ္… Nicole Neumann။





အႀကိဳက္ဆုံးအစားအစာ… ၾကက္သားနဲ႔ အခ်ဥ္ရည္။
ဘာသာစကားတစ္ခုေလ့လာျဖစ္မယ္ဆိုရင္… စပိန္
ဘဝမွာ အလုပ္ခ်င္ဆုံးအလုပ္- PE ဆရာ။





လက္ရွိရည္မွန္းခ်က္တစ္ခု… အလယ္တန္းေက်ာင္းၿပီးခ်င္တယ္။
ေအာင္ျမင္မႈတစ္ခု… ပထမတန္းမွာ ကစားခ်င္တယ္။





အေပ်ာ္႐ႊင္ဆုံးအခ်ိန္… ကြၽန္ေတာ္တို႔ ခ်န္ပီယံျဖစ္တဲ့အခ်ိန္။
ဝမ္းနည္းမႈတစ္ခု… ငါ့အဖြားဆုံးပါးတဲ့အခ်ိန္။
ျဖစ္ခ်င္ေနတဲ့ေမွ်ာ္လင့္ခ်က္တစ္ခု… နယူးဝဲလ္နဲ႔အတူ ပထမတန္းမွာကစားခြင့္ရဖို႔။





အမွတ္တရအျဖစ္ဆုံးအေၾကာင္းအရာ… အဖြားက ကြၽန္ေတာ့္ကိုပထမဆုံးေဘာလုံးကစားဖို႔ေခၚသြားတဲ့အခ်ိန္။
အိပ္မက္တစ္ခု… အာဂ်င္တီးနားအတြက္ ကစားေပးဖို႔။





ေျပာစရာပုံျပင္တစ္ပုဒ္… ပီ႐ူးကို ခရီးထြက္တုန္းက ခ်န္ပီယံျဖစ္ခဲ့ခ်ိန္။
မင္းကိုယ္မင္းဘယ္လိုထင္လဲ… လြယ္လြယ္ အေလွ်ာ့ေပးတတ္သူမ်ိဳးမျဖစ္ရဘူး။
အာဂ်င္တီးနားလူငယ္အသင္းေတြ… သူတို႔အတြက္ကစားေပးရတာ ကြၽန္ေတာ္သေဘာက်တယ္။





ဒီႏွစ္အတြက္ေမွ်ာ္မွန္းခ်က္… ခ်န္ပီယံေနာက္တစ္ႀကိမ္ျဖစ္ခ်င္တယ္။
မိသားစု… ငါ့အေဖ ေဂ်ာ္ဂီ၊ အေမ ဆယ္လီရာ၊ အစ္ကိုႏွစ္ေယာက္နဲ႔ ညီမ ႐ိုဒရီဂို။





သူငယ္ခ်င္း… ကြၽန္ေတာ္ကံေကာင္းတယ္ သူငယ္ခ်င္းေတြအမ်ားႀကီးပဲ၊ တကယ္လို႔ ကြၽန္ေတာ္ေျပာလိုက္ရင္ တစ္ေယာက္ေယာက္ေတာ့ က်န္ခဲ့မွာ။
နယူးဝဲလ္က မင္းဘဝအတြက္ဘယ္ေလာက္အဓိပၸါယ္ရွိလဲ… အရာအားလုံး၊ လုံး၀ အရာအားလုံးပါပဲ။
ဒါေတြကေတာ့ မက္ဆီနဲ႔အတူ သမိုင္းဝင္ေနမယ့္ ငယ္ဘဝနယူးဝဲလ္မွာရွိေနခဲ့တဲ့ အိပ္မက္ေတြနဲ႔ သူ႔ရဲ႕ ပထမဆုံးအင္တာဗ်ဴးပါပဲ။




