အဖြူရောင်တော်ဝင်အသင်းမှာပဲ ခေါင်းချတော့မယ့် ဘန်ဇီးမား

သူ့ရဲ့ဘဝမှာ အလိုချင်းဆုံး တစ်ဦးချင်းထူးချွန်ဆုဖြစ်တဲ့ Ballon d’Or ဆုကို လက်ဝယ်ပိုင်ပိုင် ရရှိခဲ့ပြီဆိုတော့ ဘန်ဇီးမားတစ်ယောက် အိပ်မက်တွေ အမှန် တကယ်ဖြစ်လာခဲ့ပြီပေါ့လေ။

ဒါပေမဲ့ ဒီဆုကို ယူပြီးတဲ့နောက်မှာ ဘန်ဇီးမား ဟာ သူ့ရဲ့ အနာဂတ်အစီအစဉ်တစ်ခုနဲ့ပတ်သက်ပြီး ထုတ်ပြောလာတာ ရှိပါတယ်။

အသက် ၃၄ နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပြင်သစ်သားဟာ ဥရောပဘောလုံးသမိုင်းမှာ အကောင်းဆုံး တိုက်စစ်မှူးတွေထဲက တစ်ယောက်ဖြစ်ခဲ့သလို ရီးရဲလ်နဲ့ အတူ

ချန်ပီယံလိဂ်၊ လာလီဂါ၊ စပိန်ဘုရင့်ဖလား၊ ယူအီးအက်ဖ်အေ စူပါဖလား နဲ့ တခြားကြီးကျယ်ခမ်းနားတဲ့ ဆုဖလားတွေ အများကြီးကို သိမ်းပိုက်ခဲ့ပြီးပါပြီ။

အခုလည်း သူဟာ တစ်ဦးချင်းထူးချွန်ဆုတွေထဲမှာ အခမ်းနားဆုံးဖြစ်တဲ့ တစ်နှစ်တာအကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးနိုင်ခဲ့ပြီဆိုတော့ ဒီ ပြင်သစ်သားအတွက်

အရာအားလုံးဟာ ပြီးပြည့်စုံသွားခဲ့ပြီလို့ ဆိုရမှာပဲ ဖြစ်ပါ တယ်။ ပြောရရင် ရီးရဲလ်နဲ့ ဘန်ဇီးမား၊ ဘန်ဇီးမားနဲ့ ရီးရဲလ်ဟာ ခွဲခြားလို့ မရနိုင်သလို ခွဲထားလို့လည်း မအပ်စပ်ပါဘူး။

ဒီအတွက် သူ့ရဲ့ ကစားသမားဘဝကို ရီးရဲလ်မှာပဲ အဆုံးသတ်မှာဖြစ်တယ်လို့ ဘန်ဇီးမားက ထုတ်ပြောလိုက်ပြီပဲ ဖြစ်ပါတယ်။

၂၀၀၉ ခုနှစ်မှာ လိုင်ယွန်ကနေပြီး ရီးရဲလ် ကို ပြောင်းရွှေ့ရောက်ရှိလာပြီးတဲ့နောက် လက်ရှိအချိန်အထိ ပြိုင်ပွဲစုံမှာ ၆၁၅ ပွဲ အထိ ဘန်ဇီးမားက ပါဝင်ကစားပေးထားပါတယ်။

အဲဒီ ကာလအတောအ တွင်းမှာတော့ သူဟာ အဖြူရောင် တော်ဝင်အသင်းအတွက် ၃၂၈ ဂိုး သွင်း ယူပေးခဲ့ပါတယ်။

အတွေ့အကြုံရင့်နေပြီဖြစ်တဲ့ ဘန်ဇီးမားဟာ ရီးရဲလ်ကို ဆုဖလား ၂၃ လုံးအထိ ဆွတ်ခူးပေးထားနိုင်ခဲ့တဲ့ ကစားသမားဖြစ်သလို အဲဒီ အထဲမှာ ချန်ပီယံလိဂ်ဖလား ၅ ကြိမ်၊ လာလီဂါ ဖလား ၄ ကြိမ် ပါဝင်ခဲ့ပါတယ်။

နောက်ပြီး ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ရီးရဲလ်တို့ ချန်ပီယံလိဂ်ဖလား ရခဲ့တာဟာ ဘန်ဇီးမားရဲ့ အတွေ့အကြုံရင့်ကျက်မှုနဲ့ ပြိုင်ပွဲအပေါ် စာဖတ် အားကောင်းမွန်မှုတွေကြောင့်ပဲ ဖြစ်ခဲ့ပါတယ်။

စောစောက ပြောခဲ့သလို ရီးရဲလ်နဲ့ ဘန်ဇီးမား၊ ဘန်ဇီးမားနဲ့ ရီးရဲလ် ခွဲထားလို့မရဘူးဆိုတဲ့ အခြေအနေ ကို နားလည်သဘောပေါက်တဲ့အတွက် ပြင်သစ်သားက အဖြူရောင် တော် ဝင်အသင်းမှာပဲ ခေါင်းချဖို့ ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

(Zawgyi)

(84) အျဖဴေရာင္ေတာ္ဝင္အသင္းမွာပဲ ေခါင္းခ်ေတာ့မယ့္ ဘန္ဇီးမား

===============================
သူ႔ရဲ႕ဘဝမွာ အလိုခ်င္းဆုံး တစ္ဦးခ်င္းထူးခြၽန္ဆုျဖစ္တဲ့ Ballon d’Or ဆုကို လက္ဝယ္ပိုင္ပိုင္ ရရွိခဲ့ၿပီဆိုေတာ့ ဘန္ဇီးမားတစ္ေယာက္ အိပ္မက္ေတြ အမွန္ တကယ္ျဖစ္လာခဲ့ၿပီေပါ့ေလ။

ဒါေပမဲ့ ဒီဆုကို ယူၿပီးတဲ့ေနာက္မွာ ဘန္ဇီးမား ဟာ သူ႔ရဲ႕ အနာဂတ္အစီအစဥ္တစ္ခုနဲ႔ပတ္သက္ၿပီး ထုတ္ေျပာလာတာ ရွိပါတယ္။

အသက္ ၃၄ ႏွစ္အ႐ြယ္ရွိေနၿပီျဖစ္တဲ့ ျပင္သစ္သားဟာ ဥေရာပေဘာလုံးသမိုင္းမွာ အေကာင္းဆုံး တိုက္စစ္မႉးေတြထဲက တစ္ေယာက္ျဖစ္ခဲ့သလို ရီးရဲလ္နဲ႔ အတူ ခ်န္ပီယံလိဂ္၊ လာလီဂါ၊ စပိန္ဘုရင့္ဖလား၊ ယူအီးအက္ဖ္ေအ စူပါဖလား နဲ႔ တျခားႀကီးက်ယ္ခမ္းနားတဲ့ ဆုဖလားေတြ အမ်ားႀကီးကို သိမ္းပိုက္ခဲ့ၿပီးပါ ၿပီ။

အခုလည္း သူဟာ တစ္ဦးခ်င္းထူးခြၽန္ဆုေတြထဲမွာ အခမ္းနားဆုံးျဖစ္တဲ့ တစ္ႏွစ္တာအေကာင္းဆုံး ေဘာလုံးသမားဆုကို ဆြတ္ခူးႏိုင္ခဲ့ၿပီဆိုေတာ့ ဒီ ျပင္သစ္သားအတြက္ အရာအားလုံးဟာ ၿပီးျပည့္စုံသြားခဲ့ၿပီလို႔ ဆိုရမွာပဲ ျဖစ္ပါ တယ္။

ေျပာရရင္ ရီးရဲလ္နဲ႔ ဘန္ဇီးမား၊ ဘန္ဇီးမားနဲ႔ ရီးရဲလ္ဟာ ခြဲျခားလို႔ မရႏိုင္သလို ခြဲထားလို႔လည္း မအပ္စပ္ပါဘူး။

ဒီအတြက္ သူ႔ရဲ႕ ကစားသမားဘဝကို ရီးရဲလ္မွာပဲ အဆုံးသတ္မွာျဖစ္တယ္လို႔ ဘန္ဇီးမားက ထုတ္ေျပာလိုက္ၿပီပဲ ျဖစ္ပါတယ္။

၂၀၀၉ ခုႏွစ္မွာ လိုင္ယြန္ကေနၿပီး ရီးရဲလ္ ကို ေျပာင္းေ႐ႊ႕ေရာက္ရွိလာၿပီးတဲ့ေနာက္ လက္ရွိအခ်ိန္အထိ ၿပိဳင္ပြဲစုံမွာ ၆၁၅ ပြဲ အထိ ဘန္ဇီးမားက ပါဝင္ကစားေပးထားပါတယ္။

အဲဒီ ကာလအေတာအ တြင္းမွာေတာ့ သူဟာ အျဖဴေရာင္ ေတာ္ဝင္အသင္းအတြက္ ၃၂၈ ဂိုး သြင္း ယူေပးခဲ့ပါတယ္။ အေတြ႕အႀကဳံရင့္ေနၿပီျဖစ္တဲ့ ဘန္ဇီးမားဟာ ရီးရဲလ္ကို ဆုဖလား ၂၃ လုံးအထိ ဆြတ္ခူးေပးထားႏိုင္ခဲ့တဲ့ ကစားသမားျဖစ္သလို အဲဒီ အထဲမွာ ခ်န္ပီယံလိဂ္ဖလား ၅ ႀကိမ္၊ လာလီဂါ ဖလား ၄ ႀကိမ္ ပါဝင္ခဲ့ပါတယ္။

ေနာက္ၿပီး ၿပီးခဲ့တဲ့ေဘာလုံးရာသီမွာ ရီးရဲလ္တို႔ ခ်န္ပီယံလိဂ္ဖလား ရခဲ့တာဟာ ဘန္ဇီးမားရဲ႕ အေတြ႕အႀကဳံရင့္က်က္မႈနဲ႔ ၿပိဳင္ပြဲအေပၚ စာဖတ္ အားေကာင္းမြန္မႈေတြေၾကာင့္ပဲ ျဖစ္ခဲ့ပါတယ္။

ေစာေစာက ေျပာခဲ့သလို ရီးရဲလ္နဲ႔ ဘန္ဇီးမား၊ ဘန္ဇီးမားနဲ႔ ရီးရဲလ္ ခြဲထားလို႔မရဘူးဆိုတဲ့ အေျခအေန ကို နားလည္သေဘာေပါက္တဲ့အတြက္ ျပင္သစ္သားက အျဖဴေရာင္ ေတာ္ ဝင္အသင္းမွာပဲ ေခါင္းခ်ဖို႔ ဆုံးျဖတ္လိုက္တာ ျဖစ္ပါတယ္။