အပြောနဲ့အလုပ် ညီပါ့မလား ဂျရတ်

အက်စတွန်ဗီလာအသင်းနည်းပြသစ်ဂျရတ်က ယာဂန်ကလော့ပ်ပဲဖြစ်ဖြစ်၊

ဂွါဒီယိုလာနဲ့ပဲဖြစ်ဖြစ် ဘယ်သူနဲ့ပဲရင်ဆိုင်တွေ့ရပါစေ ကြောက်ရွံ့နေမှာ

မဟုတ်ဘူးလို့ ကြုံးဝါးပြောဆိုလိုက်ပါတယ်။ အသက်(၄၁)နှစ်အရွယ်ရှိ

ပြီဖြစ်သူ ဂျရတ်ဟာ မကြာသေးခင်ကမှာ အက်စတွန်ဗီလာအသင်း

နည်းပြအဖြစ် (၃)နှစ်ခွဲစာချုပ်နဲ့ခန့်အပ်ခံခဲ့ရပြီး လာမယ့်ဒီဇင်ဘာလအတွင်း

မန်စီးတီး၊ လီဗာပူးလ်တို့နဲ့ရင်ဆိုင်ကစားရမှာဖြစ်ပါတယ်။

နည်းပြဘဝမှာ ရိန်းဂျားစ်အသင်းနဲ့အတူ စကော့တလန်အမှတ်ပေးဖလားကို ရှုံးပွဲမရှိ

စံချိန်မှတ်တမ်းနဲ့ရယူခဲ့တဲ့ဂျရတ်ဟာ ပရီးမီးယားလိဂ်မြေမှာ ကြီးမားတဲ့

စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်ရမှာဖြစ်ပြီး အခုလာမယ့်စနေနေ့ကျရင် ဘရိုက်တန်နဲ့

ကစားမယ့်အိမ်ကွင်းပွဲမှာ အက်စတွန်ဗီလာအသင်းနည်းပြအဖြစ်

စတင်ဆောင်ရွက်သွားမှာပါ။

အက်စတွန်ဗီလာအသင်းဟာ အခုလောလောဆယ် အဆင့်(၁၆)နေရာမှ

ာရပ်တည်နေပြီး လာမယ့်ပရီးမီးယားလိဂ်(၅)ပွဲမှာ မန်စီးတီး၊ လက်စတာ၊

လီဗာပူးလ်တို့နဲ့ရင်ဆိုင်ရမယ့်ပွဲတွေပါဝင်နေတာကြောင့် ဂျရတ်အတွက်

အက်စတွန်ဗီလာအသင်းနည်းပြဘဝအစမှာပဲ အခက်အခဲတွေနဲ့ရင်ဆိုင်ရဖို့ရှိနေပါပြီ။

ဒါပေမဲ့ ဂျရတ်က “ရင်ဆိုင်ရမယ့် စိန်ခေါ်မှုကြီးမားလေလေ ပိုပြီ

းစိတ်လှုပ်ရှားစရာကောင်းလေလေပါပဲ။ ဒါက ကမ္ဘာပေါ်မှာအကောင်းဆုံ

းလိဂ်ပြိုင်ပွဲဖြစ်ပြီး ထိပ်တန်းအသင်းတွေနဲ့ ထိပ်တန်းနည်းပြတွေရှိနေတဲ့

ပြိုင်ပွဲလည်းဖြစ်ပါတယ်။

အဲဒါကြောင့် ပရီးမီးယားလိဂ်မှာ နည်းပြအဖြစ်

ဆောင်ရွက်ရတာက ခက်ခဲမယ်၊ စိန်ခေါ်မှုများမယ်ဆိုတာသိပေမယ့်

ကျွန်တော့်အတွက် စိုးရိမ်ကြောက်ရွံ့မှုထက် ရင်ခုန်စိတ်လှုပ်ရှားမှုက

ပိုများပါတယ်။ ကျွန်တော်ဟာ အက်စတွန်ဗီလာအသင်းနည်းပြရာထူးနဲ့

ထိုက်တန်တဲ့သူဆိုတာ သက်သေပြဖို့အသင့်ရှိနေပါပြီ”လို့ပြောကြားခဲ့ပါတယ်။

Zawgyi

အေျပာနဲ႔အလုပ္ ညီပါ့မလား ဂ်ရတ္

အက္စတြန္ဗီလာအသင္းနည္းျပသစ္ဂ်ရတ္က ယာဂန္ကေလာ့ပ္ပဲျဖစ္ျဖစ္၊

ဂြါဒီယိုလာနဲ႔ပဲျဖစ္ျဖစ္ ဘယ္သူနဲ႔ပဲရင္ဆိုင္ေတြ႕ရပါေစ ေၾကာက္႐ြံ႕ေနမွာ

မဟုတ္ဘူးလို႔ ႀကဳံးဝါးေျပာဆိုလိုက္ပါတယ္။ အသက္(၄၁)ႏွစ္အ႐ြယ္ရွိ

ၿပီျဖစ္သူ ဂ်ရတ္ဟာ မၾကာေသးခင္ကမွာ အက္စတြန္ဗီလာအသင္း

နည္းျပအျဖစ္ (၃)ႏွစ္ခြဲစာခ်ဳပ္နဲ႔ခန႔္အပ္ခံခဲ့ရၿပီး လာမယ့္ဒီဇင္ဘာလအတြင္း

မန္စီးတီး၊ လီဗာပူးလ္တို႔နဲ႔ရင္ဆိုင္ကစားရမွာျဖစ္ပါတယ္။ နည္းျပဘဝမွာ

ရိန္းဂ်ားစ္အသင္းနဲ႔အတူ စေကာ့တလန္အမွတ္ေပးဖလားကို ရႈံးပြဲမရွိ

စံခ်ိန္မွတ္တမ္းနဲ႔ရယူခဲ့တဲ့ဂ်ရတ္ဟာ ပရီးမီးယားလိဂ္ေျမမွာ ႀကီးမားတဲ့

စိန္ေခၚမႈေတြနဲ႔ရင္ဆိုင္ရမွာျဖစ္ၿပီး အခုလာမယ့္စေနေန႔က်ရင္ ဘ႐ိုက္တန္နဲ႔

ကစားမယ့္အိမ္ကြင္းပြဲမွာ အက္စတြန္ဗီလာအသင္းနည္းျပအျဖစ္

စတင္ေဆာင္႐ြက္သြားမွာပါ။

အက္စတြန္ဗီလာအသင္းဟာ အခုေလာေလာဆယ္ အဆင့္(၁၆)ေနရာမွ

ာရပ္တည္ေနၿပီး လာမယ့္ပရီးမီးယားလိဂ္(၅)ပြဲမွာ မန္စီးတီး၊ လက္စတာ၊

လီဗာပူးလ္တို႔နဲ႔ရင္ဆိုင္ရမယ့္ပြဲေတြပါဝင္ေနတာေၾကာင့္ ဂ်ရတ္အတြက္

အက္စတြန္ဗီလာအသင္းနည္းျပဘဝအစမွာပဲ အခက္အခဲေတြနဲ႔ရင္ဆိုင္ရဖို႔ရွိေနပါၿပီ။

ဒါေပမဲ့ ဂ်ရတ္က “ရင္ဆိုင္ရမယ့္ စိန္ေခၚမႈႀကီးမားေလေလ ပိုၿပီ

းစိတ္လႈပ္ရွားစရာေကာင္းေလေလပါပဲ။ ဒါက ကမာၻေပၚမွာအေကာင္းဆုံ

းလိဂ္ၿပိဳင္ပြဲျဖစ္ၿပီး ထိပ္တန္းအသင္းေတြနဲ႔ ထိပ္တန္းနည္းျပေတြရွိေနတဲ့

ၿပိဳင္ပြဲလည္းျဖစ္ပါတယ္။ အဲဒါေၾကာင့္ ပရီးမီးယားလိဂ္မွာ နည္းျပအျဖစ္

ေဆာင္႐ြက္ရတာက ခက္ခဲမယ္၊ စိန္ေခၚမႈမ်ားမယ္ဆိုတာသိေပမယ့္

ကြၽန္ေတာ့္အတြက္ စိုးရိမ္ေၾကာက္႐ြံ႕မႈထက္ ရင္ခုန္စိတ္လႈပ္ရွားမႈက

ပိုမ်ားပါတယ္။ ကြၽန္ေတာ္ဟာ အက္စတြန္ဗီလာအသင္းနည္းျပရာထူးနဲ႔

ထိုက္တန္တဲ့သူဆိုတာ သက္ေသျပဖို႔အသင့္ရွိေနပါၿပီ”လို႔ေျပာၾကားခဲ့ပါတယ္။