
ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး လီဝန်ဒေါစကီးက သူနဲ့မက်ဆီကြားက
ပုဂ္ဂိုလ်ရေးပြိုင်ဆိုင်မှုကို အရှိန်မြှင့်လိုက်ပြီး Ballon d’Or ဆုထက်စာရင်
ဖီဖာကပေးအပ်တဲ့ The Best ဆုကသာပိုပြီးအရေးပါကြောင်းပြောကြားကာ
အဲဒီအာဂျင်တီးနားသားအပေါ်ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။
ပိုလန်တိုက်စစ်မှူးဖြစ်တဲ့ လီဝန်ဒေါစကီးဟာပြီးခဲ့တဲ့ ဇန်နဝါရီလက ၂၀၂၁အတွက်
ဖီဖာရဲ့တစ်နှစ်တာအကောင်းဆုံး အမျိုးသားကစားသမားဆုဖြစ်တဲ့
Best Men’s Player ဆုကို မက်ဆီကိုကျော်ဖြတ်ပြီးရရှိခဲ့တာပါ။
၂၀၂၁ အတွက် Ballon d’Or ဆုရှင်ဖြစ်တဲ့ မက်ဆီကတော့
ဒုတိယနေရာမှာသာရပ်တည်ခဲ့တာပါ။
ဆုပေးပွဲမှာ လီဝန်ဒေါစကီး ဆုရကြောင်းကြေညာတော့
ဗီဒီယိုကနေတစ်ဆင့် မက်ဆီက မုဒိတာပွားပြီးပြုံးပြခဲ့ပေမယ့်
ဂျာမနီမီဒီယာတွေကတော့ မက်ဆီဟာ လီဝန်ဒေါစကီးကို
တကယ်ဆုရစေချင်တယ်ဆိုရင် မဲပေးရမှာဖြစ်ပေမယ့် မပေးခဲ့ဘဲ
သူ့ဆီအမှတ်များလာအောင် ဆုမရနိုင်တဲ့သူတွေကိုသာမဲပေးခဲ့တာကိုထောက်ပြပြီး
အပြုံးတုနဲ့မက်ဆီလို့ ဝေဖန်ခဲ့ပါတယ်။
ဖီဖာရဲ့ဆုပေးပွဲမတိုင်ခင် ၂ လအလိုကကျင်းပခဲ့တဲ့ Ballon d’Or ဆုပေးပွဲမှာ
၂၀၂၁ အတွင်း ၄၄ ပွဲကစားခဲ့ရာမှာ ၄၇ ဂိုးသွင်းခဲ့လို့
ဆုရမယ်လို့အများထင်ခဲ့ကြတဲ့ လီဝန်ဒေါစကီးဆုမရဘဲ မက်ဆီကဆုရခဲ့လို
အံ့အားသင့်မှုတွေရှိခဲ့သလို မက်ဆီကိုယ်တိုင်ကလည်း
အခုဆုဟာ ပိုလန်သားနဲ့သာထိုက်တန်တာလို့ပြောခဲ့သေးတာပါ။
ဒါပေမယ့် လီဝန်ဒေါစကီး ကိုသူမဲမပေးခဲ့တာကိုကြည့်ပြီးနောက်
မက်ဆီဟာစိတ်ရင်းအမှန်နဲ့ပြောခဲ့တာမဟုတ်လို့
သူတို့ကြားကပြိုင်ဆိုင်မှုဟာလည်း ပြင်းထန်လာခဲ့တာပါ။
လီဝန်ဒေါစကီးက”နောက်ပိုင်းမှကျွန်တော်စဥ်းစားမိတာက
ဖီဖာရဲ့ဆုကBallon d’Or ထက်ပိုပြီးအရေးပါတယ်ဆိုတာကောက်ချက်ချနိုင်ခဲ့တာပါဘဲ။
Ballon d’Or ဆုအတွက်ဂျာနယ်လစ်တွေကသာမဲပေးခွင့်ရှိတာဖြစ်ပြီး
ပြန်စစ်ဆေးခြင်းလည်းမရှိပါဘူး။
ဖီဖာဆုကတော့ ပရော်ဖက်ရှင်နယ်နည်းပြတွေနဲ့ ကစားသမားတွေကမဲပေးကြရတာပါ။
လက်ရွေးစင်အသင်းခေါင်းဆောင်တွေနဲ့ နည်းပြတွေဟာ
ဘယ်ပွဲကဘယ်လို၊ ဘယ်မှတ်တမ်းကဘယ်လိုဆိုတာနဲ့
ဒဏ်ရာဘယ်လိုရနေကြတာ အစရှိတာတွေကိုထည့်တွက်ပြီးမှမဲပေးကြတာပါ။
ဒါကြောင့် ဖီဖာဆုဟာပိုပြီးလက်တွေ့ကျသလို ဓမ္မဓိဌာန်လည်းပိုကျပါတယ်။
Ballon d’Or ကပိုပြီးဂုဏ်သိက္ခာကြီးတယ်ဆိုတာကို ကျွန်တော်သိပေမယ့်
ဖီဖာရဲ့ဆုရဟာကျွန်တော့်ဘက်က နှစ်အများကြီး ခက်ခဲစွာကြိုးပမ်းလာရတာကို
ဖော်ပြရာရောက်ပါတယ်” လို့ပြောသွားပါတယ်။
zawgyi
အၿပဳံးတုနဲ႔မက္ဆီကို Ballon d’Or ထက္ဖီဖာဆုက ပိုၿပီးအေရးပါတယ္လို႔ ေဝဖန္လိုက္တဲ့လီဝန္ေဒါစကီး
ဘိုင္ယန္ျမဴးနစ္အသင္းတိုက္စစ္မႉး လီဝန္ေဒါစကီးက သူနဲ႔မက္ဆီၾကားက
ပုဂၢိဳလ္ေရးၿပိဳင္ဆိုင္မႈကို အရွိန္ျမႇင့္လိုက္ၿပီး Ballon d’Or ဆုထက္စာရင္
ဖီဖာကေပးအပ္တဲ့ The Best ဆုကသာပိုၿပီးအေရးပါေၾကာင္းေျပာၾကားကာ
အဲဒီအာဂ်င္တီးနားသားအေပၚေဝဖန္တိုက္ခိုက္လိုက္ပါတယ္။
ပိုလန္တိုက္စစ္မႉးျဖစ္တဲ့ လီဝန္ေဒါစကီးဟာၿပီးခဲ့တဲ့ ဇန္နဝါရီလက ၂၀၂၁အတြက္
ဖီဖာရဲ႕တစ္ႏွစ္တာအေကာင္းဆုံး အမ်ိဳးသားကစားသမားဆုျဖစ္တဲ့
Best Men’s Player ဆုကို မက္ဆီကိုေက်ာ္ျဖတ္ၿပီးရရွိခဲ့တာပါ။
၂၀၂၁ အတြက္ Ballon d’Or ဆုရွင္ျဖစ္တဲ့ မက္ဆီကေတာ့
ဒုတိယေနရာမွာသာရပ္တည္ခဲ့တာပါ။
ဆုေပးပြဲမွာ လီဝန္ေဒါစကီး ဆုရေၾကာင္းေၾကညာေတာ့
ဗီဒီယိုကေနတစ္ဆင့္ မက္ဆီက မုဒိတာပြားၿပီးၿပဳံးျပခဲ့ေပမယ့္
ဂ်ာမနီမီဒီယာေတြကေတာ့ မက္ဆီဟာ လီဝန္ေဒါစကီးကို
တကယ္ဆုရေစခ်င္တယ္ဆိုရင္ မဲေပးရမွာျဖစ္ေပမယ့္ မေပးခဲ့ဘဲ
သူ႔ဆီအမွတ္မ်ားလာေအာင္ ဆုမရႏိုင္တဲ့သူေတြကိုသာမဲေပးခဲ့တာကိုေထာက္ျပၿပီး
အၿပဳံးတုနဲ႔မက္ဆီလို႔ ေဝဖန္ခဲ့ပါတယ္။
ဖီဖာရဲ႕ဆုေပးပြဲမတိုင္ခင္ ၂ လအလိုကက်င္းပခဲ့တဲ့ Ballon d’Or ဆုေပးပြဲမွာ
၂၀၂၁ အတြင္း ၄၄ ပြဲကစားခဲ့ရာမွာ ၄၇ ဂိုးသြင္းခဲ့လို႔
ဆုရမယ္လို႔အမ်ားထင္ခဲ့ၾကတဲ့ လီဝန္ေဒါစကီးဆုမရဘဲ မက္ဆီကဆုရခဲ့လို
အံ့အားသင့္မႈေတြရွိခဲ့သလို မက္ဆီကိုယ္တိုင္ကလည္း
အခုဆုဟာ ပိုလန္သားနဲ႔သာထိုက္တန္တာလို႔ေျပာခဲ့ေသးတာပါ။
ဒါေပမယ့္ လီဝန္ေဒါစကီး ကိုသူမဲမေပးခဲ့တာကိုၾကည့္ၿပီးေနာက္
မက္ဆီဟာစိတ္ရင္းအမွန္နဲ႔ေျပာခဲ့တာမဟုတ္လို႔
သူတို႔ၾကားကၿပိဳင္ဆိုင္မႈဟာလည္း ျပင္းထန္လာခဲ့တာပါ။
လီဝန္ေဒါစကီးက”ေနာက္ပိုင္းမွကြၽန္ေတာ္စဥ္းစားမိတာက
ဖီဖာရဲ႕ဆုကBallon d’Or ထက္ပိုၿပီးအေရးပါတယ္ဆိုတာေကာက္ခ်က္ခ်ႏိုင္ခဲ့တာပါဘဲ။
Ballon d’Or ဆုအတြက္ဂ်ာနယ္လစ္ေတြကသာမဲေပးခြင့္ရွိတာျဖစ္ၿပီး
ျပန္စစ္ေဆးျခင္းလည္းမရွိပါဘူး။
ဖီဖာဆုကေတာ့ ပေရာ္ဖက္ရွင္နယ္နည္းျပေတြနဲ႔ ကစားသမားေတြကမဲေပးၾကရတာပါ။
လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ေတြနဲ႔ နည္းျပေတြဟာ
ဘယ္ပြဲကဘယ္လို၊ ဘယ္မွတ္တမ္းကဘယ္လိုဆိုတာနဲ႔
ဒဏ္ရာဘယ္လိုရေနၾကတာ အစရွိတာေတြကိုထည့္တြက္ၿပီးမွမဲေပးၾကတာပါ။
ဒါေၾကာင့္ ဖီဖာဆုဟာပိုၿပီးလက္ေတြ႕က်သလို ဓမၼဓိဌာန္လည္းပိုက်ပါတယ္။
Ballon d’Or ကပိုၿပီးဂုဏ္သိကၡာႀကီးတယ္ဆိုတာကို ကြၽန္ေတာ္သိေပမယ့္
ဖီဖာရဲ႕ဆုရဟာကြၽန္ေတာ့္ဘက္က ႏွစ္အမ်ားႀကီး ခက္ခဲစြာႀကိဳးပမ္းလာရတာကို
ေဖာ္ျပရာေရာက္ပါတယ္” လို႔ေျပာသြားပါတယ္။