အပြန်အလှန်ဂိုးတွေနဲ့ ကပ်အနိုင်ရခဲ့တာကြောင့် အဆင့် ၄ နေရာတက်လှမ်းနိုင်ခဲ့တဲ့အာဆင်နယ်

အာဆင်နယ်ဟာ တန်းဆင်းဇုန်ထဲက ဝက်ဖို့ဒ်နဲ့ တနင်္ဂနွေညပွဲစဉ်မှာ

အပြန်အလှန်ဂိုးတွေနဲ့ ကပ်အနိုင်ရခဲ့တာကြောင့် အဆင့် ၄ နေရာတက်လှမ်းနိုင်ခဲ့ပါတယ်။

သူတို့နောက်မှကစားတဲ့ မန်ချက်စတာဒါဘီပွဲမှာ မန်ယူအသင်းရှုံးနိမ့်သွားလို့လည်း

နည်းပြအာတီတာရဲ့အသင်းဟာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အရေးသာသွားတာပါ။

လက်ရှိမှာလည်း အာဆင်နယ်ဟာ သူတို့အောက် အဆင့် ၅ နေရာက

မန်ယူထက် ၃ ပွဲပိုလျော့နေတာ ဖြစ်ပါတယ်။

ဒါကြောင့် လက်ကျန်ပွဲတွေသာ အနိုင်ရခဲ့ရင် မန်ယူနဲ့

၁ မှတ်သာကွာနေမှုကို ဒီထက်မကပိုတိုးနိုင်ပါတယ်။

ဂန်းနားတွေဟာ ဇန်နဝါရီလလယ်ကတည်းက ပရီးမီးယားလိဂ်မှာ

ရလဒ်တွေတောက်လျှောက်ကောင်းခဲ့တာပါ။

အဲဒီကတည်းက အခုချိန်ထိကစားခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၁၀ ပွဲမှာ

မန်စီးတီးနဲ့တစ်ပွဲသာ ရှုံးခဲ့ပြီး ၈ ပွဲအနိုင်ရခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ဝက်ဖို့ဒ်နဲ့ပွဲမှာလည်း အာဆင်နယ်ဟာ

ပထမပိုင်းမှာ ၂-၁ နဲ့ဦးဆောင်နိုင်ခဲ့ပြီး ဒုတိယပိုင်းအစမှာလည်း

၃-၁ ဖြစ်ခဲ့ကာ ပွဲပြီခါနီးရောက်မှာ ချေပဂိုးတစ်ဂိုးပေးရလိ့ု ၃-၂ နဲ့ ကပ်နိုင်ခဲ့တာပါ။

အဲဒီပွဲမှာ အာဆင်နယ်တိုက်စစ်ကစားသမားဆာကာဟာ

အထူးခြေစွမ်းပြကစားနိုင်ခဲ့ပြီး တစ်ဂိုးသွင်း၊ တစ်ဂိုးဖန်တီးခဲ့သလို

အာဆင်နယ်သွင်းခဲ့တဲ့ ၃ ဂိုးစလုံးမှာလည်း ပါဝင်ပတ်သက်ခဲ့ပါတယ်။

ဆာကာဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ဂိုးသွင်း ဒါမှမဟုတ်

ဂိုးဖန်တီးမှု စုစုပေါင်း ၁၃ ဂိုးရှိခဲ့တာပါ။

ဥရောပထိပ်တန်းလိဂ် ၅ ရပ်ထဲက ၂၁ နှစ်အောက်ကစားသမားတွေထဲမှာဆို

သူ့ထက် ဂိုးပါဝင်ပတ်သက်မှုများတာဆိုလို့ လေဗာကူဆင်က

ဖလော်ရီယန်ဝစ်ဇ်တစ်ယောက်သာ ရှိပါတယ်။

ပရီးမီးယားလိဂ်မှာ နောက်ဆုံး ၄ ပွဲဆက်နိုင်ထားတဲ့အာဆင်နယ်ဟာ

လာမယ့်ပွဲတွေမှာ လက်စတာ၊ လီဗာပူးတို့ကို ဆက်တိုက်ဧည့်ခံရမှာပါ။

zawgyi

အျပန္အလွန္ဂိုးေတြနဲ႔ ကပ္အႏိုင္ရခဲ့တာေၾကာင့္ အဆင့္ ၄ ေနရာတက္လွမ္းႏိုင္ခဲ့တဲ့အာဆင္နယ္

အာဆင္နယ္ဟာ တန္းဆင္းဇုန္ထဲက ဝက္ဖို႔ဒ္နဲ႔ တနဂၤေႏြညပြဲစဥ္မွာ

အျပန္အလွန္ဂိုးေတြနဲ႔ ကပ္အႏိုင္ရခဲ့တာေၾကာင့္ အဆင့္ ၄ ေနရာတက္လွမ္းႏိုင္ခဲ့ပါတယ္။

သူတို႔ေနာက္မွကစားတဲ့ မန္ခ်က္စတာဒါဘီပြဲမွာ မန္ယူအသင္းရႈံးနိမ့္သြားလို႔လည္း

နည္းျပအာတီတာရဲ႕အသင္းဟာ ခ်န္ပီယံလိဂ္ဝင္ခြင့္အတြက္ အေရးသာသြားတာပါ။

လက္ရွိမွာလည္း အာဆင္နယ္ဟာ သူတို႔ေအာက္ အဆင့္ ၅ ေနရာက

မန္ယူထက္ ၃ ပြဲပိုေလ်ာ့ေနတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ လက္က်န္ပြဲေတြသာ အႏိုင္ရခဲ့ရင္ မန္ယူနဲ႔

၁ မွတ္သာကြာေနမႈကို ဒီထက္မကပိုတိုးႏိုင္ပါတယ္။

ဂန္းနားေတြဟာ ဇန္နဝါရီလလယ္ကတည္းက ပရီးမီးယားလိဂ္မွာ

ရလဒ္ေတြေတာက္ေလွ်ာက္ေကာင္းခဲ့တာပါ။

အဲဒီကတည္းက အခုခ်ိန္ထိကစားခဲ့တဲ့ ေနာက္ဆုံးပရီးမီးယားလိဂ္ ၁၀ ပြဲမွာ

မန္စီးတီးနဲ႔တစ္ပြဲသာ ရႈံးခဲ့ၿပီး ၈ ပြဲအႏိုင္ရခဲ့တာ ျဖစ္ပါတယ္။

ေနာက္ဆုံးကစားခဲ့တဲ့ဝက္ဖို႔ဒ္နဲ႔ပြဲမွာလည္း အာဆင္နယ္ဟာ

ပထမပိုင္းမွာ ၂-၁ နဲ႔ဦးေဆာင္ႏိုင္ခဲ့ၿပီး ဒုတိယပိုင္းအစမွာလည္း

၃-၁ ျဖစ္ခဲ့ကာ ပြဲၿပီခါနီးေရာက္မွာ ေခ်ပဂိုးတစ္ဂိုးေပးရလိ့ု ၃-၂ နဲ႔ ကပ္ႏိုင္ခဲ့တာပါ။

အဲဒီပြဲမွာ အာဆင္နယ္တိုက္စစ္ကစားသမားဆာကာဟာ

အထူးေျခစြမ္းျပကစားႏိုင္ခဲ့ၿပီး တစ္ဂိုးသြင္း၊ တစ္ဂိုးဖန္တီးခဲ့သလို

အာဆင္နယ္သြင္းခဲ့တဲ့ ၃ ဂိုးစလုံးမွာလည္း ပါဝင္ပတ္သက္ခဲ့ပါတယ္။

ဆာကာဟာ ဒီရာသီပရီးမီးယားလိဂ္မွာ ဂိုးသြင္း ဒါမွမဟုတ္

ဂိုးဖန္တီးမႈ စုစုေပါင္း ၁၃ ဂိုးရွိခဲ့တာပါ။

ဥေရာပထိပ္တန္းလိဂ္ ၅ ရပ္ထဲက ၂၁ ႏွစ္ေအာက္ကစားသမားေတြထဲမွာဆို

သူ႔ထက္ ဂိုးပါဝင္ပတ္သက္မႈမ်ားတာဆိုလို႔ ေလဗာကူဆင္က

ဖေလာ္ရီယန္ဝစ္ဇ္တစ္ေယာက္သာ ရွိပါတယ္။

ပရီးမီးယားလိဂ္မွာ ေနာက္ဆုံး ၄ ပြဲဆက္ႏိုင္ထားတဲ့အာဆင္နယ္ဟာ

လာမယ့္ပြဲေတြမွာ လက္စတာ၊ လီဗာပူးတို႔ကို ဆက္တိုက္ဧည့္ခံရမွာပါ။