အပိုင် ၃ မှတ် မရတော့မှာ တွေးပူနေလား ရာနီရေးရီ 

ယူနိုက်တက်ဟာဝက်စ်ဖို့ဒ်ကိုအရှက်တကွဲရှုံးနိမ့်ပြီးနောက်နည်းပြအိုလီဂန်းနား

ဆိုးလ်ရှားကိုရာထူးမှထုတ်ပယ်လိုက်ပြီဖြစ်ပါတယ်။ဆိုးလ်ရှားဟာဝက်စ်ဖို့ဒ်

အရှုံးနှင့်အတူယူနိုက်တက် နည်းပြအဖြစ်သုံးနှစ်နီးပါးတာဝန်ထမ်းဆောင်

လာမှုမှာလည်းအဆုံးသတ်လိုက်ရပြီဖြစ်ပါတယ်။

ယူနိုက်တက်ကတော့ ယခုရာသီအကုန်အထိယာယီနည်းပြအဖြစ်ခန့်အပ်ရန်

ရှာဖွေစဉ်အတွင်းယာယီနည်းပြအဖြစ်မိုက်ကယ်ကာရစ်ကိုခန့်အပ်သွားမှာဖြစ်ကြောင်း

ကြေညာခဲ့ပါတယ်။

ဝက်စ်ဖို့ဒ်နည်းပြ ရာနီရေးရီက ယူနိုက်တက်ကနေ အထုတ်ခံလိုက်ရပြီဖြစ်တဲ့

နည်းပြဆိုးလ်ရှားရဲ့ အနာဂတ်အတွက် အခုထက်အချိန်ပိုမိုပေးဖို့

လိုအပ်ကြောင်း၊ ဆိုးလ်ရှားကိုယ်တိုင်ရော၊ အသင်းဥက္ကဌကိုယ်တိုင်ရော

ဒီကိစ္စကို စိတ်အေးအေးထားဆုံးဖြတ်သင့်ကြောင်း ပြောကြားခဲ့ပါတယ်။

ရာနီရေးရီက “ကျွန်တော့်အထင် ဆိုးလ်ရှားအနေနဲ့ စိတ်ကိုအေးအေးထား

သင့်ပါတယ်။ အသင်းဥက္ကဌလည်း အတူတူပါပဲ”

“ဘာလို့လဲဆိုတော့ ဘောလုံးလောကမှာ နိမ့်မြင့်တက်ကျဆိုတာ အမြဲရှိတယ်လေ။

ယူနိုက်တက်လို အသင်းမျိုးက နိမ့်မြင့်တက်ကျတွေနဲ့ ရင်ဆိုင်လို့မရဘူးဆိုတာ

ကျွန်တော် နားလည်ပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားအတွက် သူလိုချင်တဲ့အတိုင်း

အသင်းကိုတည်ဆောက်ဖို့ အချိန်လိုအပ်ပါတယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Zawgyi

အပိုင္ ၃ မွတ္ မရေတာ့မွာ ေတြးပူေနလား ရာနီေရးရီ

ယူႏိုက္တက္ဟာဝက္စ္ဖို႔ဒ္ကိုအရွက္တကြဲရႈံးနိမ့္ၿပီးေနာက္နည္းျပအိုလီဂန္းနား

ဆိုးလ္ရွားကိုရာထူးမွထုတ္ပယ္လိုက္ၿပီျဖစ္ပါတယ္။ဆိုးလ္ရွားဟာဝက္စ္ဖို႔ဒ္

အရႈံးႏွင့္အတူယူႏိုက္တက္ နည္းျပအျဖစ္သုံးႏွစ္နီးပါးတာဝန္ထမ္းေဆာင္

လာမႈမွာလည္းအဆုံးသတ္လိုက္ရၿပီျဖစ္ပါတယ္။

ယူႏိုက္တက္ကေတာ့ ယခုရာသီအကုန္အထိယာယီနည္းျပအျဖစ္ခန႔္အပ္ရန္

ရွာေဖြစဥ္အတြင္းယာယီနည္းျပအျဖစ္မိုက္ကယ္ကာရစ္ကိုခန႔္အပ္သြားမွာျဖစ္ေၾကာင္း

ေၾကညာခဲ့ပါတယ္။

ဝက္စ္ဖို႔ဒ္နည္းျပ ရာနီေရးရီက ယူႏိုက္တက္ကေန အထုတ္ခံလိုက္ရၿပီျဖစ္တဲ့

နည္းျပဆိုးလ္ရွားရဲ႕ အနာဂတ္အတြက္ အခုထက္အခ်ိန္ပိုမိုေပးဖို႔

လိုအပ္ေၾကာင္း၊ ဆိုးလ္ရွားကိုယ္တိုင္ေရာ၊ အသင္းဥကၠဌကိုယ္တိုင္ေရာ

ဒီကိစၥကို စိတ္ေအးေအးထားဆုံးျဖတ္သင့္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။

ရာနီေရးရီက “ကြၽန္ေတာ့္အထင္ ဆိုးလ္ရွားအေနနဲ႔ စိတ္ကိုေအးေအးထား

သင့္ပါတယ္။ အသင္းဥကၠဌလည္း အတူတူပါပဲ”

“ဘာလို႔လဲဆိုေတာ့ ေဘာလုံးေလာကမွာ နိမ့္ျမင့္တက္က်ဆိုတာ အၿမဲရွိတယ္ေလ။

ယူႏိုက္တက္လို အသင္းမ်ိဳးက နိမ့္ျမင့္တက္က်ေတြနဲ႔ ရင္ဆိုင္လို႔မရဘူးဆိုတာ

ကြၽန္ေတာ္ နားလည္ပါတယ္။ ဒါေပမယ့္ ဆိုးလ္ရွားအတြက္ သူလိုခ်င္တဲ့အတိုင္း

အသင္းကိုတည္ေဆာက္ဖို႔ အခ်ိန္လိုအပ္ပါတယ္” လို႔ ေျပာၾကားသြားခဲ့ပါတယ္။